သတင်းဆောင်းပါးများ

ဒေသခံတွေ ထိတ်လန့်နေတဲ့ ပိုက်လိုင်းလုံခြုံမှု

January 20, 2016

Photo: Lynn Myat                         ပိုက်လိုင်းအနီး အမှိုက်များ မီးရှို့ထားသည်ကို ကျောက်မဲမြို့နယ်၊ နောင်ပိန်လေးရွာအနီးတွင် ဤသို့မြင်တွေ့ခဲ့ရသည် ၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုက ဒေသခံတွေမှာ တူညီတဲ့စိုးရိမ်မှုကို ပြောပါဆိုရင် ပိုက်လိုင်း ပေါက်ကွဲမှာကို အဓိကစိုးရိမ်နေကြတာကို ပြရမှာဖြစ်ပါတယ်။ ပိုက်လိုင်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ရင် လူမှုအဖွဲ့အစည်း တွေကလည်း မေးခွန်းထုတ်ကြပါတယ်။ မြန်မာ-တရုတ် ဂက်စ်     ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ (Myanmar-China Pipeline Watch Committee- MCPWC) မှာ အတိုင်ပင်ခံ လုပ်နေတဲ့ ဦးရည်မွန် (ခ) ကဗျာဆရာမောင်တင်သစ်ကလည်း   ပိုက်လိုင်းကြံ့ခိုင်မှုကို တကယ်လွတ်လပ်တဲ့ အဖွဲ့တွေ၊ ပညာရှင် တွေက အကဲဖြတ်ဆန်းစစ်ဖို့ လိုလိမ့်မယ်လို့ အကြံပြုတယ်။ ”ပိုက်လိုင်းတည်ဆောက်တဲ့အခါမှာဘယ်လောက်စံချိန်စံ ညွှန်းနဲ့ညီအောင် […]

အပြည့်အစုံဖတ်ရန်

နောက်အစိုးရ ကိုင်တွယ်ရမည့် ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ

January 13, 2016

ကျွန်တော်တို့ မော်ကွန်းသတင်းထောက်တွေဟာ ရခိုင် ပြည်နယ်၊ ကျောက်ဖြူကနေ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် (တရုတ်နိုင်ငံ နယ်စပ်)အထိ ပိုက်လိုင်းဖြတ်သန်းရာဒေသတွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ တွေ့ရှိလာတဲ့သတင်းအချက် အလက်တွေကို လူ့အခွင့်အရေးဆိုင်ရာပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့သလို လူ့အခွင့်အရေးစာတမ်းတွေနဲ့လည်း ချိန်ထိုး ကြည့်ခဲ့ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတချို့နဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ပိုက်လိုင်းဖြတ်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ဒေသခံ တွေရဲ့လယ်ယာတွေ၊ ခြံတွေနဲ့ အခြားပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ဖယ် ရှားခံရတာ၊ စီမံကိန်းလုပ်ငန်းတွေကြောင့် ပျက်စီးသွားတာ၊ လျော်ကြေးငွေ ထိုက်သင့်သလောက်မရတဲ့ ပြဿ      နာတွေဟာ ထင်သာမြင်သာတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြစ်တယ် လို့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ၊ သုတေသနလုပ်ငန်း တွေ ဆောင်ရွက်နေတဲ့ Equality Myanmar က ညွှန်ကြားရေး မှူး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify […]

အပြည့်အစုံဖတ်ရန်

ရှမ်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

January 12, 2016

Photo: Lynn Myat                                  ပိုက်လိုင်းသည် နမ့်ခမ်းမြို့နုယ်၊ မန့်ဟောင်းကျေးရွာအနီးမှ ရွှေလီမြစ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲသို့ ဝင်ရောက်သွားသည် ၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ကျော်မျိုးထွန်း နှင့် မြန်မာ-တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဖြတ် သွားရာ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေ တွေကိုလေ့လာဖို့ နိုဝင်ဘာ တတိယပတ်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျွန်တော်တို့ သွား ရောက်ခဲ့ကြပါတယ်။ ပိုက်လိုင်းဟာ ရှမ်းပြည်နယ် မှာဆိုရင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနဲ့ နမ့်ခမ်းမြို့နယ်တွေကို ဖြတ်သွားပါတယ်။ ပိုက်လိုင်းတစ်လျှောက် လျော်ကြေးငွေမမျှတမှု၊ အုပ်ချုပ် ရေးပိုင်းမှာ ခြစားမှု၊ လယ်ယာမြေပျက်စီးဆုံးရှုံးမှု၊ အသက်မွေး ဝမ်းကျောင်းတွေ ထိခိုက်မှု၊ ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာ အချို့ ထိခိုက်မှုတွေကို တွေ့မြင်ကြားသိခဲ့ရုံမက သဘာဝပတ်ဝန်း ကျင်ပျက်စီးထိခိုက်မှုနဲ့ ပိုက်လိုင်းမတော်တဆ […]

အပြည့်အစုံဖတ်ရန်

အလယ်ပိုင်းဒေသလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

January 11, 2016

Photo: Minn Lwin                             ဝက်မစွတ်ကျေးရွာ စေတီပုထိုးများအနီးမှ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားသည့် အမှတ်အသားဆိုင်းဘုတ်တစ်ခု ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ မင်းလွင်နှင့် သက်ဦးမွန် ရေးသည်။ မြန်မာ-တရုတ် ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းဖော်ထုတ် ရေးသားနိုင်ဖို့  ကျွန်တော်တို့သတင်းထောက်နှစ်ယောက်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့နယ်ခုနစ်မြို့နယ်ကို သွားရောက်ဖို့ သတင်းခန်းအစည်းအဝေးကနေ တာဝန်ပေးလိုက်ပါတယ်။ ရန်ကုန်ကနေ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ကို နိုဝင်ဘာလ ၁၄ ရက်မှာ ကျွန်တော်တို့စထွက်ခဲ့ကြပြီး ခရီးစဉ်စဆုံး ၁၁ ရက်ကြာသွားခဲ့ကြတာပါ။ ခရီးစဉ်အတွင်းမှာ အမ်း၊ ငဖဲ၊ ရေနံ […]

အပြည့်အစုံဖတ်ရန်

မနောမြေမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့

January 7, 2016

ဓါတ်ပုံ : ဉာဏ်လင်း ၂၀၁၂- အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂)မှ  သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ ဉာဏ်လင်း၊ တီတိုး နှင့် ဆိုင်းမိုင် (မြစ်ကြီးနား) ရေးသားသည်။ သူငယ်ငယ်က မြင်တွေ့ခဲ့ရသည့် ကချင်ပြည်နယ်၏ တောတောင်ရေမြေ ပုံရိပ်များက အသက် ၇ဝ နား သီသီဝေ့နေသည့် ဦးခေါဘောမ်၏ စိတ်သန္တာန်မှာ ယနေ့အထိ မှတ်မှတ် ထင်ထင် ရှိနေကြတုန်း။ သူတို့မိသားစုနေထိုင်သည့် ဖားကန့်ဘက်မှာ ကျား၊ ဆင်၊ ပြောင်၊ ကျွဲရိုင်း၊ ဝက်ဝံ အစရှိသည့် တောရိုင်းတိရစ္ဆာန်များမှာ မတွေ့ချင်၊ မမြင်ချင်မှ အဆုံး။ သစ်နှင့် ဝါးဆိုသည် များမှာလည်း သုံးမကုန်၊ ဖြုန်းမကုန်၊ ပေါချင်တိုင်းပေါများခဲ့သည်များကို ဦးခေါဘောမ် လွမ်းနေမိသည်။ ”ကျွန်တော်တို့ရွာကိုက ကျွန်းတောထဲမှာလေ။ ကြိုက်သလောက်သုံးလို့ရတယ်။ […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

January 6, 2016

Photo: Khin Maung Myint                                 အမ်းမြို့နယ်၊ အောက်ကျွန်းကျေးရွာချောင်းကမ်းနားတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါ်နေသည်ကိုတွေ့ရစဉ်  ယခုဆောင်းပါးသည် ၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။  ခင်မောင်မြင့် နှင့် မောင်သင်တုန်း ရေးသည်။ မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း စတင် တဲ့ ရခိုင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အသက်မွေးဝမ်း ကျောင်းပုံစံ ပြောင်းလဲသွားတာတွေကို သိရဖို့ စီမံကိန်းအစဖြစ်တဲ့ ကျောက်ဖြူမြို့နယ်နဲ့ အမ်း မြို့နယ်က ပိုက် လိုင်းဖြတ်သွားတဲ့ကျေးရွာတွေကို နိုဝင်ဘာတတိယပတ်အတွင်းမှာ ကျွန်တော်တို့ သွားရောက်လေ့လာခဲ့ကြပါတယ်။ နှစ်ပတ်တာ သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ကျောက်ဖြူမြို့နဲ့ အမ်းမြို့ပေါ်က ရပ်ကွက်တွေ အပါအဝင် ကျေးရွာ၂ဝ ဝန်းကျင်မှ ဒေသခံ ၁၅ဝ လောက်နဲ့ တွေ့ဆုံဖြစ်ခဲ့ ပါတယ်။ ပိုက်လိုင်းစီမံကိန်းကြောင့် […]

အပြည့်အစုံဖတ်ရန်

ရွှေ့ပြောင်းလုပ်သားများ လုံခြုံ ရေး အစိုးရသစ် ဘာလုပ်ပေးနိုင်မလဲ

December 31, 2015

ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် ( ဓါတ်ပုံ : ဉာဏ်လင်း ) (၂၀၁၆၊ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁) တွင် ပါရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။) ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံရေးအတွက် မကြာမီ အစိုးရဖွဲ့ စည်းခွင့်ရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဘာလုပ်ပေးနိုင်မလဲဟူသော မေးခွန်းသည် အရေးတကြီးမေးမြန်းရ မည့် မေးခွန်းများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး အစွပ်စွဲခံနေရသော မြန်မာရွှေ့ပြောင်းလုပ် သားနှစ်ဦးအား ထိုင်းတရားရုံးက အငြင်းပွားဖွယ်တရားစီရင်မှုဖြင့် မကြာသေးခင်က သေဒဏ်ပေးလိုက်သည့်ဖြစ်ရပ်သည် အကာအကွယ်မဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မလုံခြုံသော ဘဝအခြေအနေကို အထင်ရှားဆုံးနှင့် အနီးကပ်ဆုံး မီးမောင်းထိုးပြလိုက်သည့်ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ လတ်တလောဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်ကြောင့်လည်း အတိုက်အခံလုပ်လာသည့်ကာလတစ်လျှောက်လုံး လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေးတို့အား အစဉ်တစိုက်အရေးဆိုလာခဲ့သော NLD ပါတီ၏ […]

အပြည့်အစုံဖတ်ရန်

ငလ ျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန် အပိုင်း(၂)

December 23, 2015

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ ကေ ျာ်ဇေယ ျ ရေးသည်။ သန်းထိုက် နှင့် မောင်သင်တုန်း ပံ့ပိုးသည်။ စောင့်ကြည့်မှုအားနည်း ငလျင်ဇုန်တွေထဲမှာကျနေတဲ့ ဆည်တွေနဲ့ပတ်သက်ရင် စောင့်ကြည့်လေ့လာမှုမရှိတာဟာ အားနည်းချက်တစ်ခုဖြစ်တယ် လို့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာဘူမိဗေဒဌာနက ဧည့်ပါမောက္ခဖြစ်တဲ့ ဦးကျော်ထွန်းကဆိုပါတယ်။ ပြတ်ရွေ့သေနဲ့ ပြတ်ရွေ့ရှင်ဆိုပြီးရှိတဲ့အထဲမှာ ”ပြတ်ရွေ့ရှင် နဲ့နီးတဲ့ ဆည်တွေကို အမြဲတမ်းလိုလို Monitor (စောင့်ကြည့် တာ)လုပ်ဖို့ လိုတယ်။ ငလျင်လှုပ်ပြီဆိုရင် ဆည်တွေကို ဘယ်လို မျိုးသက်ရောက်မှုရှိလဲ။ အက်ကွဲကြောင်းတွေပေါ်လား၊ မပေါ် ဘူးလား။  နောက်တစ်ခုက အဲဒီငလျင်ဇုန်အတွင်းမှာ ကျနေ တဲ့ဆည်တွေ စဆောက်စဉ်တုန်းက ငလျင်ဒဏ်ခံအောင်လုပ်ခဲ့တာ မှာ ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုတာကို ပြန်လည်စစ်ဆေးဖို့ လည်းလိုတယ်”လို့ သူက တိုက်တွန်းပါတယ်။ အရင်က […]

အပြည့်အစုံဖတ်ရန်

အချိန်မီ ထိန်းသိမ်းရမည့် ကယန်းကခေါင်းများ၏ ကြေးကွင်းဝတ် ယဉ်ကျေးမှု အပိုင်း(၂)

December 16, 2015

ဦးပေါလုချမ်းအယူအဆကတော့ ထိုင်းနိုင်ငံမှာကဲ့သို့ ဝင် ငွေကောင်းသော အလုပ်အကိုင်များကို ဖန်တီးမပေးနိုင်လျှင် တောင်မှ အတိုင်းအတာတစ်ခု အဆင်ပြေအောင် စီစဉ်ပေးနိုင် လျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်ကို ပြန်လာကြလိမ့်မည်ဟု ဆိုသည်။

အပြည့်အစုံဖတ်ရန်

အချိန်မီ ထိန်းသိမ်းရမည့် ကယန်းကခေါင်းများ၏ ကြေးကွင်းဝတ် ယဉ်ကျေးမှု အပိုင်း(၁)

December 16, 2015

ကယန်းကခေါင်းအမျိုးသမီးများသည် ကြေးကွင်းကို အသက် ၁ဝ နှစ်ခန့်မှ စ၍ ဝတ်ကြသည်။ စတင်ဝတ်ဆင်စဉ်က ကြေးကွင်းနှစ်ကွင်း၊ သုံးကွင်းလောက်ဝတ်ကြရင်း နောက်ပိုင်း ရှည်ထွက်လာသော လည်ပင်းပေါ် မူတည်ပြီး တစ်ကွင်းပေါ် တစ် ကွင်းထပ်ရင်းဖြင့် ၂၃ ကွင်း၊၂၄ ကွင်းအထိ ပတ်ကြသည်များ လည်း ရှိပါသည်။

အပြည့်အစုံဖတ်ရန်

အာဏာရှိသူ အချို့ ကိုးကွယ်တဲ့ ရသေ့ ဘယ်လို ရသေ့မျိုးလဲ

December 15, 2015

”အာဏာရ ထိပ်တန်း ပုဂ္ဂိုလ်တွေက အဲဒါတွေကို သူ့အဖေလောက် မကဘူး၊ အားကိုးအားထားပြုနေတော့ ခရီးမပေါက် အရာ မရောက် (ပိတ်ပင် တားဆီးလို့ မရ) တဲ့ အခြေအနေတွေ ရှိတယ်” လို့ ဆရာတော်က မိန့်ပါတယ်။

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံရဲ့ ပွင့်သစ်စ B&B လုပ်ငန်း

December 10, 2015

 Photo: Htin Aung Kyaw ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၀)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ စိုးယုဇော် ရေးသည်။ သံတောင်ကြီး (ဒီဇင်ဘာ၊ ၂ဝ၁၅) မနော်ထူးစောဆရီးဟာ အိပ်ခန်းတွေထဲ တစ်ခန်းဝင်၊ တစ်ခန်းထွက်သန့်ရှင်းရေးတွေလုပ်ပြီး အိပ်ခန်းထဲက ခြုံစောင်တွေကို ထုတ်ယူကာ နေလှန်းနေပါတယ်။ အိမ်မှာ သူတစ်ယောက်တည်း အလုပ်ရှုပ်နေပေမယ့် သူ့မျက်နှာမှာ အပြုံးတွေဝေလို့ပါ။သူတို့မိသားစုဟာ သူတို့အိမ်ကို  Bed & Breakfast(B&B)  တည်းခိုခန်းပုံစံပြောင်းပြီး ခရီးသွားတွေကို ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ B & B ဆိုတာကတော့ ဒေသခံတွေရဲ့ နေအိမ်တွေမှာ သူ တို့ဒေသကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေ တည်းခိုဖို့ အိပ်ခန်းတွေထားရှိပြီး ဒေသရဲ့ရိုးရာ မနက်စာတွေ စားသောက်နိုင်အောင် စီစဉ်ပေးတဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 16 17 18 19 20 21 22 … 30

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."