၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။ ဇော်ထိုက် ရေးသည်။ ဆုတ်ယုတ်မှုတွေလည်း ရှိနေ စီးပွား/ကူးသန်းအနေနဲ့ WTO နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်တွေထဲက တစ်ခုအဖြစ် ၂ဝ၁၂ မှာ စပြီးတော့ ပို့ကုန် မဟာဗျူဟာစီမံချက်(Export Strategy Plan)ကို ဆောင်ရွက် နေပါတယ်။ အဲဒီအစီအစဉ်ရဲ့ လေ့လာဆန်းစစ်မှုတွေအရ မြန်မာ နိုင်ငံအနေနဲ့ ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် ကုန်စည်အမည် ခြောက်မျိုးနဲ့ ဝန်ဆောင်မှုတစ်မျိုးကို ဦးစားပေးအမည်တွေ အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ကုန်စည်ခြောက်မျိုးကတော့ ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရာဘာ၊ အထည်ချုပ်ထွက်ကုန်(ချုပ်ပြီး အထည်)ဖြစ်ပြီးတော့ ဝန်ဆောင်မှုတစ်မျိုးဆိုတာကတော့ ခရီးသွားလုပ်ငန်းပဲ ဖြစ်ပါတယ်။ ၂ဝ၁၂ ကတည်းကစပြီးတော့ အဲဒီကုန်စည်အမည် ခြောက်မျိုးနဲ့ ဝန်ဆောင်မှုတစ်မျိုးတို့ကို မြှင့်တင်ဖို့ဆိုပြီးတော့ လေ့လာဆန်းစစ်မှုတွေ၊ စည်းမျဉ်းစည်းကမ်းဖြေလျှော့မှုတွေ […]
၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။ ဇော်ထိုက် ရေးသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်ဟာ လက်ရှိရာထူးကို တာဝန်ယူပြီး မကြာခင်မှာပဲ ”ကျွန်တော့်လက်ထက်မှာ စီးပွားရေးတိုးကို တိုး တက်ရမယ်”ဆိုပြီး ကြွေးကြော်ခဲ့ဖူးပါတယ်။ ၂ဝ၁၂ နှစ်ဦးပိုင်း နေပြည်တော်မှာရှိတဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနရုံး (ရုံးအမှတ်-၃)မှာလုပ်တဲ့ ကုန်သည်တွေနဲ့ တွေ့ ဆုံပွဲတစ်ခုမှာ အဲဒီလိုကြွေးကြော်ခဲ့တာပါ။ မြင်သာတဲ့ ပြောင်းလဲမှုများ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ဖြေလျှော့မှုတွေကို လုပ်လာခဲ့ပါတယ်။ ပထမဆုံး သိသာတဲ့ဖြေလျှော့မှုလို့ဆိုရမှာကတော့ ပြည်ပကနေ စားအုန်းဆီ တင်သွင်းခွင့်ကို တစ်ဦးတည်းကို ဝကွက်အပ်ထားရာကနေ အခြားသူတွေပါ တင်သွင်းနိုင်အောင် ဖြေလျှော့ပေးခဲ့ပါတယ်။ စားအုန်းဆီတင်သွင်းခွင့်ကို တစ်ဦးတည်းဝကွက်အပ်ထားတုန်း က ရန်ကုန်ဆိပ်ကမ်းအရောက်ဈေး (CIF)နဲ့ အဲဒီတုန်းကရှိခဲ့တဲ့ ကိုယ်စားလှယ်တွေကိုပြန်ရောင်းတဲ့ဈေးက […]
၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ဗန်ဒါပင်ကျေးရွာ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသဟာ မြစ်ချောင်းအင်းအိုင် အများစု စီးဆင်း တည်ရှိနေပေမယ့် ဒေသခံလူထုအတွက် လုံလောက်တဲ့ သောက်သုံးရေ ရရှိနေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသလို မိုးခေါင်ရေရှားရပ်ဝန်း လည်း မဟုတ်ပေမယ့် သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ဒေသပဲ ဖြစ်ပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းရဲ့ကိန်းဂဏန်းတွေအရဆိုရင် ရခိုင်ပြည်နယ်ပြီး ရင် နိုင်ငံအတွင်းမှာ ဒုတိယမြောက် သောက် သုံးရေ အခက်အခဲဖြစ်နေတဲ့ဒေသပါပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ လူဦးရေ ခြောက်သန်းကျော်ရှိပြီး အိမ်ထောင်စု တစ်သန်းခွဲနီးပါးရှိတဲ့အနက် တစ်ဝက်လောက်က ရေကောင်းရေသန့်သုံးစွဲခွင့် မရဘူးလို့ဆိုပါတယ်။ မိုးရာသီမှာ မိုးရေကို သောက်သုံး ရေအဖြစ်အသုံးပြုလို့ရနိုင်ပေမယ့် မိုးကုန်သွားပြီဆိုတာနဲ့ ရေရှားပါးပြတ်လပ် တော့တာပဲလို့ ဒေသခံတွေက ပြောကြ ပါတယ်။ […]
မြေအောက်ရေကို အတင်းအဓမ္မ ထုတ်ယူသုံးစွဲနေရင် မြေအောက်ရေပြင် (Water Table) ဟာ ပင်လယ်ရေငန် ရေပြင်အောက် နှိမ့်ကျသွားပြီး ရေချို တွေနေရာမှာ ရေငန်ဝင်ရောက်သွားနိုင် တယ်လို့ ရေအရင်းအမြစ်ပညာရှင်တွေက ပြောကြပါ တယ်။
ကောက်ညှင်းထုပ်ထုပ်ရာမှာ အသုံးပြုတဲ့ စလူ ဖက်ခူးဖို့ တောထဲသွားတုန်းက သုံး၊ လေးရက် နေရင် ပြန်လာခဲ့မယ်ဆိုပြီး ကိုလှိုင်ဌေးအိမ်က ထွက်သွားခဲ့တာ။ ကျောင်းကန် ဘုရား သွားပြီး တရားအားထုတ်ရန်ပင် မိခင် ဒေါ်ပုထွေးကို ကန်တော့ရင်း မှာသွားခဲ့သေးတယ်။ ဒါပေမဲ့ ကိုလှိုင်ဌေး ပြန်မလာနိုင် တော့ပါဘူး။ အကြောင်းကတော့ ကုန်းနေ သတ္တဝါတွေထဲမှာ အကြီးဆုံးလို့ သတ် မှတ်ထားကြပြီး အရေခွံထူတဲ့ မီးခိုးရောင် တိရစ္ဆာန်ကြီးတစ်ကောင်က တောထဲမှာ သူ့ကို နင်းသတ်ပစ်လိုက်လို့ပဲဖြစ်ပါတယ်။ လိမ္မာရေးခြားရှိတဲ့သားဖြစ်သူ ဆင်နင်းခံရပြီးသေခဲ့ရတဲ့အဖြစ်ကို သိလိုက်ရတဲ့အချိန်မှာ ဒေါ်ပုထွေးဟာ အရူး တစ်ပိုင်းဖြစ်ရတဲ့အထိ ပူဆွေးဝမ်းနည်းခဲ့ ရပါတယ်။ ”ရင်ထဲမှာ ကမ္ဘာမီးလောင်နေ သလိုပဲ။ ဘာမှမမြင်ရတော့ဘူး”လို့ အသက် ၆၆ နှစ်အရွယ် ဒေါ်ပုထွေးက ကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ခါပစ်ရင်း […]
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။ မင်းလွင်ရေးသည်။ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ် ရေး ဗဟိုကော်မတီ(Mobile Team)ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမိန့် ညွှန်ကြားချက်ဖြင့် ၂ဝ၁၂၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်ကတော့ စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးအတွက် ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ ဖွဲ့စည်းခဲ့ရာတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် မီဒီ ယာဆိုပြီး အဖွဲ့ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့အား သက်တမ်းသုံးနှစ်ပြည့်ပြီးသည့်နောက် ၂ဝ၁၅၊ ဒီဇင်ဘာ ၃ဝ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ညွှန်ကြားချက်ဖြင့် ပြန်လည်ဖျက်သိမ်းခဲ့သည်။ အကြောင်းမှာ ‘ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို လျှော့ချနိုင်ရန် […]
မေတ္တာဖောင်ဒေးရှင်း၊ ကယား ပြည်နယ်ရုံး ညှိနှိုင်းရေးမှူး ဦးခွန်မြင့်နိုင် ကတော့ အမှန်တကယ်အာဏာရှိသူတွေ ရဲ့ မသိကျိုးကျွံလုပ်ပြီး လာဘ်ပေးလာဘ် ယူလုပ်တဲ့ကိစ္စတွေ အပါအဝင် ဘိန်းစိုက် တောင်သူတွေရဲ့ ဘဝအခြေအနေမှန်ကို ကုစားလိုတဲ့ ”စေတနာအမှန်ရှိဖို့လို တယ်” လို့ ဆိုပါတယ်။
ဘိန်းစိုက်ပျိုးမှု ကျဆင်းမသွားရတဲ့ အကြောင်းကို ရဲမှူးကြီးရွှေညာမောင်က လည်း အခုလို မှတ်ချက်ပေးပါတယ်။
”ဒီဘိန်းစိုက်တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ်၊ လမ်းပန်းဆက် သွယ်ရေး၊ ဒါတွေကို ကိုယ်တို့က အပြည့် အဝ မဖန်တီးပေးနိုင်ဘူး”
”အခြားဘာ(သီးနှံ) မှလည်း မစိုက်ထားဘူး။ ဘိန်းကိုပဲ အားကိုးထား တာ။ အဲဒါ(ဘိန်းခင်း)ကို လာဖျက်ရင် တော့ ကျွန်မ တို့ဘဝတွေ အကုန်လုံး အဲဒီ မှာ ပါသွားပြီ” ။
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ သန်းထိုက်နှင့် ကျော်မျိုးထွန်း ရေးသည်။ ဖြူလွလွတိမ်တွေချိတ်ဆွဲထားတဲ့ ကောင်းကင် ပြာပြာကြီးရဲ့ အောက်မှာ တောင်တန်း တွေက စိမ်းညို့ ညို့နဲ့။ ကျွန်တော်တို့ရှေ့မှာ မားမားကြီးရပ်နေတဲ့ ဒီတောင်တန်းတွေပေါ်မှာတော့ သစ် ကြီးဝါးကြီးတွေ သိပ်မရှိဘဲ ခင်တန်းအုပ်လေးတွေနဲ့ အကွက်စိမ်းစိမ်းအခင်းလေး တွေပဲ တွေ့နေရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ငါးထောင်ကျော် မှာ စိုက်ပျိုးထားတဲ့ ဒီအခင်းလေးတွေကတော့ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဘိန်းခင်းတွေပါပဲ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်အတွင်းမှာပါတဲ့ မဲနယ်တောင် တန်းတွေရဲ့တစ်ခြမ်းမှာ ဘိန်းတွေ အပြည့် အသိပ်စိုက်ထားပြီး နောက်တစ်ခြမ်းမှာ တော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထ နေတယ်။ အရင်နှစ်တွေက တစ်တောင် လုံး ဘိန်းစိုက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ […]
Timeless Feature ဆုကိုသတင်းထောက် ခင်မောင်မြင့်နှင့် သက်ဦးမွန်လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS) The Best Investigative Feature ဆုကိုသတင်းထောက်သန်းထိုက် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS) The Best Reporting Feature ဆုကိုသတင်းထောက်သက်ဦးမွန် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS) ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက် ဆုရရှိသောသတင်းထောက်သက်ဦးမွန် အမှတ်တရစကားပြောနေစဉ် (ဓာတ်ပုံ – YJS) ရန်ကုန်သတင်းစာပညာကျောင်း (Yangon Journalism School – YJS) နှင့် ပျိုးပင်တို့ကကျင်းပသည့် ၂၀၁၆ သတင်းဆောင်းပါးဆုပေးပွဲတွင် မော်ကွန်းမဂ္ဂဇင်းကဆုသုံးဆုလက်ခံရရှိခဲ့သည်။ The Best Reporting Feature ဆုကိုသတင်းထောက်သက်ဦးမွန်က “အညာဒေသဒုတိယအီသီယိုးပီးယားဖြစ်လာမလား” ဟူသောသတင်းဆောင်းပါးဖြင့်ဆုရရှိခဲ့ပြီး The Best […]
ဓာတ်ပုံ- ကကပြည် ရန်ကုန် – ဇန်နဝါရီ ၂၅၊ ၂၀၁၆ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့မွန်းလွဲပိုင်းက နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်သည်။ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေး၊ လွှတ်တော်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးကိစ္စများနှင့် နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများဆွေးနွေးခဲ့သည်ဖော်ပြထားသော်လည်း ဆွေးနွေးမှုအသေးစိတ်ကို ဖော်ပြထားခြင်းမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြသည်ဟု ဖော်ပြသည်။ ယမန်နေ့က ၎င်းဘုရင့်နောင်ရိပ်သာတွင်ပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၏နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် သုံးနာရီကြာတွေ့ဆုံခဲ့သည်။ ။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."