စာအုပ်အညွှန်းများ

နယူးယောက်မှာဦးသန့်နှင့်တွေ့ခြင်း

July 14, 2015

၂၀၁၃၊ဇူလိုင်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၆) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ ဝင်းဇော်လတ်ရေးသည်။ ”လူမျိုး၊ အသွေးအရောင်၊ ဘာသာ ရေး၊ အမျိုးသားရေး သို့မဟုတ် သဘော တရားရေးကို အကြောင်းပြုပြီး လူအချင်း ချင်း မုန်းတီးကြတာ၊ သတ်ဖြတ်ကြတာတွေ ရပ်တန့်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါ တယ်” ဦးသန့်- ကုလသမဂ္ဂ အထွေထွအတွင်းရေးမှူးချုပ်ဟောင်း (၁) လက်ရှိ မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် တင်းကြမ်းပြည့်နေသည့်အခိုက်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆယ်နှစ်ဆယ်မိုး ထမ်းဆောင်သွားသည့် မြန်မာနိုင်ငံသားတစ်ဦးကို သတိရမိသည်။သူက ဦးသန့်ဖြစ်သည်။ကျယ်ပြန့်သည့် အတွေးအမြင်၊ အယူအဆနှင့်ဘာသာတရားက သင်ကြားပေးလိုက်သည့် လူအချင်းချင်း ချစ်ကြည်ခြင်း၊ ရင်းနှီးခြင်း၊ သင့်တင့်မျှတသော ဆက်ဆံရေးရြှိခြင်း နှင့် စာနာထောကထားစိတ်များက ိုကမ္ဘာသို့ ပြသနိုင်ခဲ့သည့် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်သည်။ ပစ္စုပ္ပန်သည် သိမ်ငယ်နေသည့်အခါကျွန်တော်တို့သည် အတိတ်တစ်ချိန်ကခမ်းနားတောက်ပခဲ့သောသမိုင်းကို သတိရတတ်စမြဲဖြစ်ပါသည်။ အာဏာရှင် အုပ်ချုပ်ရေးက နှစ်ပေါင်းများစွာ ပြည်သူတို့၏နှလုံးသားကို […]

အပြည့်အစုံဖတ်ရန်

မော်ကွန်း ဇူလိုင်လထုတ် ထွက်လာပါပြီ (Mawkun July Edition Out Now!)

July 10, 2015

အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း JULY လထုတ် ထွက်လာပါပြီ…။  Editorial – “…၂၅ ရာခိုင်နှုန်းသဘောမတူလျှင် ဘာမှပြောင်းလဲမရသည့်အခြေနေကို တိုက်ဖျက်ပစ်နိုင်မည့် နည်းလမ်းကို မဖြစ်မနေရှာဖွေရတော့မည်ဖြစ်ပြီး ထိုနည်းလမ်းရှာမရသေးသမျှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမည်တပ် လုပ်ဆောင်သမျှတို့သည် အဟောသိကံဖြစ်ရတော့မည့်အခြေအနေဖြစ်နေရာ  ထိုကဲ့သို့ လူများစုကံကြမ္မာကို လူနည်းစုဆုံးဖြတ်နေသည့် အခြေနေအား အမြန်ဆုံး  အဆုံးသတ်ရန်လိုအပ်နေ…” Cover Story [INVESTIGATIVE REPORTING] – “ဆေးရုံ၊ ဆေးခန်းထွက် အမှိုက်တွေနဲ့ ရောဂါကွန်ရက်” –      (သုံးလကြာ ထောက်လှမ်းစုံစမ်းပြီး ရေးသားထားသည့် ဆောင်းပါး) –        ဆေးခန်းက ထွက်တဲ့ ရောဂါပိုးကူးစက်နိုင်တဲ့အမှိုက်တွေကို စည်ပင်က ပုံမှန်မသိမ်းတဲ့အခါမှာ ဆေးခန်းတွေဟာ သူတို့ရဲ့အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြသလဲ။ နောက်ဆက်တွဲဘာတွေဖြစ်လာမလဲ။ –      “အိမ်မှာဆေးခန်းဖွင့်တော့ ဒီအမှိုက်တွေကိုလည်း အိမ်ထဲမှာပဲ […]

အပြည့်အစုံဖတ်ရန်

အပြန်အလှန်မှီခိုနေရခြင်း၏ မထွေးနိူင်မမျိုနိူင်သော တရုတ်-မြန်မာဆက်ဆံရေး

July 8, 2015

၂၀၁၄၊ဇွန်လိုင်-သြဂတ်ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းြဖစ်ပါသည်။ ဝေလင်းရေးသည်။ တစ်ရက်က သတင်းစာဆရာ အစ်ကိုတစ်ယောက်နှင့်တွေ့ကာ ထွေရာလေးပါ ပြောဖြစ်ကြသည်။ စကားပြောနေရင်း သူက”အခု စာအုပ်တစ်အုပ်ထွက်တာ တော်တော်ကောင်းတယ်။ ဖတ်သင့်တယ်”ဟု ဆိုလိုက်၏။ ”ဘာစာအုပ်လဲ”လို့ မေးလိုက်တော့သူက ”ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးဆိုတဲ့စာအုပ်။ ဘာသာပြန်စာအုပ်ပဲ။ အချက်အလက် အကိုးအကားပြည့်ပြည့်စုံစုံနဲ့ရေးထားတာ”ဟုဆိုသည်။နောက်ဆုံးသူမှတ်ချက်ပြုသည့်စကားကြိုကားတော့ကျွန်တော့စိတ်ထဲစာအုပ်ကို အခုချက်ချင်း ဝယ်လိုသည့်စိတ်ပင် ပေါက်သွားသည်။ သူက ”တော်တော်တန်ဖိုးရှိတဲ့စာအုပ်၊ အိပ်ရာဘေးမှာတောင် ထားပြီးဖတ်သင့်တယ်”ဟု မှတ်ချက်ပြုသည်။ ထို့ကြောင့် ကျွန်တော်သည် ညနေအိမ်အပြန်လမ်းတွင် စာအုပ်ဆိုင်တစ်ဆိုင်သို့ ဝင်၍ မေးကြည့်လိုက်သေးသည်။ သို့သော်ဆိုင်တွင် ထိုစာအုပ်မရှိ။ နောက်ရက် အလုပ်သို့ရောက်သောအခါရုံးမှ ဝန်ထမ်းတစ်ဦးက သွားဝယ်ပေးသည်။စာအုပ်မှာ ဆိုဒ်ကြီးဖြစ်ပြီး အနည်းငယ်ထူသည်။ ဝါစိမ်းနီပြာရောင်စုံနောက်ခံ မျက်နှာဖုံးပေါ်တွင် အဖြူရောင်စာလုံးဖြင့်’ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး’ဟု ရေးသားထားသည်။David I. Steinberg  နှင့် Hongwei Fan တို့နှစ်ဦးရေးသားထားသော […]

အပြည့်အစုံဖတ်ရန်

ဆိုရှယ်လစ်စနစ်နဲ့ အလုပ်သမားအရေးအခင်း သမိုင်းကိုပြန်လှန်ခြင်း

June 24, 2015

၂၀၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ ဝေလင်း ရေးသည်။           မြန်မာနိုင်ငံဟာ ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့အတွက် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်းခဲ့ကြတာကြောင့် ၁၉၄၈၊ ဇန်နဝါ ရီ ၄ ရက်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒါပေမဲ့ သူစိမ်း လက်ထဲကနေ လိုချင်တာလည်း ရလာရော ရလာတဲ့ လွတ်လပ်ရေးဟာ အတုဖြစ်တယ်၊ အစစ်ဖြစ်တယ်ဆို ပြီး ကိုယ့်အချင်းချင်း ဝိဝါဒကွဲရာကနေ ပြည်တွင်းစစ် မီး တောက်လောင်တဲ့အထိ ဖြစ်ကုန်ကြတယ်။           တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လွတ်လပ်ရေးရပြီး ၁ဝ နှစ်လောက်ပဲ ကြာ လိုက်တယ်၊ ကယ်တင်ရှင် ဗိုလ်ချုပ်နေဝင်းက နိုင်ငံတော်အာဏာကို သိမ်းလိုက်ပါတယ်။ ပထမတော့ အာဏာပြန်လွှဲလိုက်ပါသေး တယ်။ ဒါပေမဲ့ […]

အပြည့်အစုံဖတ်ရန်

အမှောင်ထဲက အနက်ရောင် စဉ်းစားခြင်း

June 19, 2015

၂၀၁၅၊ဧပြီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၂) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းြဖစ်ပါသည်။ ဇေယျာလှိုင်ရေးသည်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျွန်တော့်ရုံးကို သတင်းစာ သင်တန်းဆရာ ကိုအောင်ထွန်းဦးရောက်လာတယ်။ ရောက် တတ်ရာရာပြောဆိုရင်းနဲ့ စာအုပ်အကြောင်းရောက်သွားတယ်။ အဲဒီမှာ သူက ဝေမှူးသွင်ရေးတဲ့ စာအုပ်တစ်အုပ်ကိုဖတ်ဖို့ တိုက်တွန်းတယ်။ စာအုပ်နာမည်က ‘မျိုးစောင့်ဥပဒေကို ငြင်းဆိုလိုက် ခြင်းနှင့် အမှောင်ကိုဖြတ်ကျော်လာသော အနက်ရောင်စဉ်းစား ခြင်းများ’တဲ့။ ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ရုံးအဖွဲ့မှူး မမူမူသန်းကို ဝယ်ခိုင်းလိုက်တယ်။ စာအုပ်က အနက်ရောင်အဖုံးနဲ့၊ ဆိုဒ်အသေး၊ ခပ်ပါးပါး၊ စာမျက်နှာ ၁၁ဝ ကျော်ပဲပါတယ်။ စာအုပ်ရဲ့နိဒါန်းမှာ စာရေးဆရာ ဝေမှူးသွင်က သူ့ကိုယ်သူအနည်းငယ်မိတ်ဆက်ထားပြီး ဒီစာအုပ်ရေးရခြင်း အကြောင်းရင်းကို ရှင်းပြထားပါတယ်။ အဲဒီအထဲက သတိထားမိလိုက်တဲ့ အချက်တွေကတော့”အကြောက်တရားနဲ့ မသိနားမလည်မှု’ ဟာ ဒီစာအုပ်က ပေးချင်တဲ့ အဓိက Message ပဲဖြစ်ပါတယ်”လို့ဆိုထားတယ်။ […]

အပြည့်အစုံဖတ်ရန်

မော်ကွန်း ဇွန်လထုတ် ထွက်လာပါပြီ (Mawkun June Edition Out Now!)

June 6, 2015

အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း ဇွန်လထုတ် ထွက်လာပါပြီ…။  Editorial – “…အစိုးရသည် ရခိုင်အရေးအား ပြီးပြတ်သွားအောင် ရှင်းလင်းလိုသည့် ဆန္ဒမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်စရာ နေရာဒေသတစ်ခုအဖြစ် ဆက်လက်သဘောထားဆဲဖြစ်ကြောင်း ထောက်ပြဝေဖန်ကြသည်။ ရွေးကောက်ပွဲကာလများတွင် ဘင်္ဂါလီများအား မက်လုံးပေးကာ ၎င်းတို့ထံမှ ဆန္ဒမဲရယူခဲ့ဖူးသည့် အတိတ်က ဖြစ်ရပ်များကလည်း အထက်ပါသံသယကို အားကောင်းစေပါသည်…” Cover Story – “ရခိုင်ပဋိပက္ခဖြစ်ပြီး သုံးနှစ်အကြာ…” –      “အစိုးရရဲ့ ဆောင်ရွက်နေမှုတွေက အားရစရာမရှိဘူး” ဒေါက်တာအေးမောင် (ANP) –      “အခုအချိန်မှာ အတူတကွဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အစိုးရက သဘောတူရင်တောင်မှ လူထုက လက်မခံဘူး” ဦးမောင်မောင်အုန်း (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်) –      “မသင့်မြတ်တဲ့အတွက် နေရာမချထားဘူးဆိုရင် ကျွန်တော်တို့ ရထားသံလမ်းလိုပဲ။ […]

အပြည့်အစုံဖတ်ရန်

ဆင်ပစ်ခြင်းနဲ့ ကြိုးပေးခြင်း

June 1, 2015

၂၀၁၅၊မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)  စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်း ဖြစ်ပါသည်။ ဇေယျလှိုင်ရေးသားပါးသည်။ ဒီလ မော်ကွန်းစာအုပ်စင်ကဏ္ဍမှာတော့ အင်္ဂလိပ်စာရေး ဆရာ George Orwell ရဲ့ အက်ဆေးငါးပုဒ်ကို သူရိန်ဝင်းဘာသာပြန် ထားတဲ့ ‘ဂျော့ချ်အောဝဲလ် အက်ဆေးများ’စာအုပ်ကို မိတ်ဆက် ပေးချင်ပါတယ်။ ဂျော့ချ်အာဝဲလ်ရဲ့ ငယ်နာမည်မှာ Eric Arthur Blair ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၂၂ ကနေ ၁၉၂၇ အထိ ငါးနှစ်နီး ပါး ရဲအရာရှိအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နေစဉ်အတွင်း မန္တလေး၊ မေမြို့၊ မြောင်းမြ၊ သန်လျင်နဲ့ မော်လမြိုင် တို့ကို လှည့်လည်သွားလာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီအစိုးရရဲ့ တာဝန်ကို ထမ်းဆောင်နေရပေမယ့် ကိုလိုနီစနစ်ကို မနှစ်သက်ကြောင်း ၎င်းရေးခဲ့တဲ့စာတွေမှာ တွေ့ မြင်ရပါတယ်။ ၁၉၂၇ […]

အပြည့်အစုံဖတ်ရန်

မော်ကွန်းမဂ္ဂဇင်း ဇန်နဝါရီလထုတ် ထွက်ပြီ

January 3, 2015

မျက်မှောက်ရေးရာတွေကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း ဇန်နဝါရီလထုတ်ထွက်လာပါပြီ…။    Cover Story – “ကျန်းမာရေးစောင့်ရှောက်မှုစနစ် အသစ်ဖြစ်ပြီလား”    Feature 1) – “ကျေးလက်နဲ့ အပ်ပုန်း”၊   Feature 2) – “ARV ရေရှည်ရရှိရေး ရတက်မအေးစရာ”   Essay – “ဝယ်မကျွေးဖြစ်ခဲ့တဲ့ ပေါင်မုန့်”   Interview – “မြန်မာ့တိုင်းရင်းဆေး ဘယ်လောက်စွမ်းသလဲ”   Travelogue – “အင်အားကြီးနိုင်ငံသို့ တစ်ခေါက်”   Satire – “ပြည်သူ့ပါတီ စစ်စစ်ပါတဲ့ဗျာ”   Analysis – “ပြိုကွဲသွားသော ယုံကြည်မှုမိုးတိမ်”   Profile – “မျက်မမြင်တွေရဲ့ ဓူဝံကြယ်”   […]

အပြည့်အစုံဖတ်ရန်
1 2 3 4

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."