မော်ကွန်း ဇူလိုင်လထုတ် ထွက်လာပါပြီ (Mawkun July Edition Out Now!)

မော်ကွန်း ဇူလိုင်လထုတ် ထွက်လာပါပြီ (Mawkun July Edition Out Now!)

အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း JULY လထုတ် ထွက်လာပါပြီ…။ 

Editorial – “…၂၅ ရာခိုင်နှုန်းသဘောမတူလျှင် ဘာမှပြောင်းလဲမရသည့်အခြေနေကို တိုက်ဖျက်ပစ်နိုင်မည့် နည်းလမ်းကို မဖြစ်မနေရှာဖွေရတော့မည်ဖြစ်ပြီး ထိုနည်းလမ်းရှာမရသေးသမျှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမည်တပ် လုပ်ဆောင်သမျှတို့သည် အဟောသိကံဖြစ်ရတော့မည့်အခြေအနေဖြစ်နေရာ  ထိုကဲ့သို့ လူများစုကံကြမ္မာကို လူနည်းစုဆုံးဖြတ်နေသည့် အခြေနေအား အမြန်ဆုံး  အဆုံးသတ်ရန်လိုအပ်နေ…”

Cover Story [INVESTIGATIVE REPORTING] –

“ဆေးရုံ၊ ဆေးခန်းထွက် အမှိုက်တွေနဲ့ ရောဂါကွန်ရက်”

–      (သုံးလကြာ ထောက်လှမ်းစုံစမ်းပြီး ရေးသားထားသည့် ဆောင်းပါး)

–        ဆေးခန်းက ထွက်တဲ့ ရောဂါပိုးကူးစက်နိုင်တဲ့အမှိုက်တွေကို စည်ပင်က ပုံမှန်မသိမ်းတဲ့အခါမှာ ဆေးခန်းတွေဟာ သူတို့ရဲ့အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြသလဲ။ နောက်ဆက်တွဲဘာတွေဖြစ်လာမလဲ။

–      “အိမ်မှာဆေးခန်းဖွင့်တော့ ဒီအမှိုက်တွေကိုလည်း အိမ်ထဲမှာပဲ သိမ်းထားရတာ၊ ကြွက်တွေက ကိုက်ဖောက်တယ်။ ဘယ်လိုထားရမလဲ။ သူတို့တတွေက ပုံမှန်မလာရင် ရောဂါထုပ်ကြီး ပိုက်ထားရသလိုပဲ”

–      “အခွန်ပဲ လစဉ်လာကောက်တာရှိတယ်။ No Service” သူဆေးခန်းဖွင့်လာတဲ့ နှစ်ပေါင်း ၃၀ နီးပါးမှာ အမှိုက်လာသိမ်းတာ မကြုံဖူးဘူးလို့ဆိုပါတယ်။ ဒါဆိုရင် အဲဒီအမှိုက်တွေကို သူဘယ်လိုစွန့်ပစ်ပါသလဲ။…

–      ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်းမှာကော ဘယ်လို စွန့်ပစ်နေကြလဲ…

–       ဆေးထိုးအပ်၊ ကော်နဲ့လုပ်ထားတဲ့ ဆေးပုလင်းအခွံတွေဆိုရင်တော့ ဝယ်တဲ့သူတွေဆီကို ရောင်းစားတယ်လို့ဆိုပါတယ်။

Feature 1) – “အစာမှ အဆိပ်ဖြစ်သွားသောအခါ”

–      မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၏ ၇၀ ရာခိုင်နှုန်းမှာ အစားအသောက် မသန့်ရှင်းမှုကြောင့်ဖြစ်ရ။

–      “အစာအဆိပ်သင့်ရင် သေတာရှားတယ်၊ အန်မယ်။ ဖျားမယ်။ ဒါကို မသေနိုင်ဘူးဆိုပြီး လူတွေရဲ့ခေါင်းထဲမှာ သိပ်ပြီး စိုးရိမ်ကြောာင့်ကြမှုမရှိကြဘူး” ဒေါက်တာစောအောင်မိုးအေး (ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ အဆိပ်သင့်ကုသမှုဌာန)

–        အစာအဆိပ်မသင့်ရအောင် ဘယ်လိုစားသောက်သင့်ပါသလဲ…။

Feature 2) – “မြို့ပြငှက်၊ မြို့ပြဝန်းကျင်”

–      ကျေးငှက်တွေက လူတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပေမယ့်လည်း ငှက်တွေနဲ့ နီးနီးကပ်ကပ်အတူအရောတဝင်နေထိုင်ခြင်းကတော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သတိထားရမယ့် အနေအထားဖြစ်တယ်လို့ ဆေးပညာရှင်တွေနဲ့ ငှက်လေ့လာစောင့်ကြည့်သူတွေကဆိုပါတယ်။

–        “ကျီးကန်းက လူကို ရောဂါဖြစ်တာမပေါ်သေးလို့၊ ပေါ်ရင် သွေးလွန်တုပ်ကွေးလိုဖြစ်မှာ။ ဒါတွေ (ကျီးကန်း)က လူတွေကြားထဲက ရန်သူတွေပဲ”

–        “တကယ့်တကယ် တိရစ္ဆာန်ကနေ လူကိုကူးမယ့် အဆင့်ဆိုရင် ထိန်းချုပ်လို့တောင် ရမှာမဟုတ်ဘူး”

Essay – “ရိုးရှင်းသောာ မြန်မာ့လူနေမှုစနစ်”

–      နံနက်စောစော အိပ်ရာထ၊ ရွာထဲမှ အော်သံတစ်ခုကြားရပြန်ပါသည်။ “ဟင်းဖရေဟင်း” ဟုဖြစ်ပါသည်။

 Interview – “ရခိုင်ရေးရာကျွမ်းကျင်သူနှင့် အင်တာဗျူး”

–      မော်ကွန်းအမှတ် (၁) မှ အင်တာဗျူးအား ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Travelogue – “တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရာယ်ကြားက ရိုးရာဆေးသောက်ပွဲ”

–      မီးတောက်တွေက အားကောင်းလာပြီး မီးဖိုအပူရှိန်ကလည်း မြင့်တက်လာပါသည်။ ထိုအချိန် ‘ဘန်း’ ခနဲဆိုသည့် ပေါက်ကွဲသံတစ်ခုထွက်လာပြီး မီးဖိုနားတွင် ဆေးချိုးနေသော ဦးစောကဲဒိုထံမှ ‘အား’ ခနဲဟူသော အော်သံပါ တစ်ဆက်တည်းထွက်လာပါသည်။ ဘာဖြစ်တာလဲဝိုင်းကြည့်သောအခါ ဦးစောကဲဒို တင်ပါးတွင် သွေးများ စီးကျနေသည်ကို တွေ့ရသည်။

 Profile – “တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (အပိုင်း – ၄)”

–      သူ့ကို ဘယ်သူမှ မသိတော့။ သူ့ပုံစံကလည်း ထောင်အဝတ်အစားနှင့် စုတ်စုတ်ပြတ်ပြတ်ဖြစ်နေသည်။ “သူတို့ ငါ့ကို မေ့ကုန်ကြပြီ” ဟူသော အတွေးသည် ဦးပဉ္စင်း၏ ရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရသည်။

Satire – “အငြင်းပွားဖွယ် စီမံကိန်းအတွက် ဆင်ခြေဆင်လက်”

ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."