၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ သင့်နော် ရေးသည်။ (၁) ‘ရော်ရွက်ကြွေနွေအကူး လေရူးက သုန် သိုက်မြုံကို သူခွာပြေး ဟိုအဝေးမှာ ပျံဝဲရ ယှဉ်တွဲကြ ငှက်ငယ် လေဝဲကတော့ ခပ်ဆော့ဆော့ပြေးတယ် ရိုးတံကျဲတို့ မြိုင်ထဲမှာ ငို ဟိုစက်ဝိုင်းမှာဖြင့် တိမ်လှိုင်းတို့ သီကဘွယ် ရီတပြဝယ်…’ (ဂီတစာဆို ကိုအောင်ကိုး) (၂) ‘တမာသင်းသင်း၊ အင်ကြင်းနီနီ၊ သရဖီမွှေးမွှေး၊ ရွက်ဝါ ကြွေ မြူခြေဆိုင်း၍၊ ကြည့်လေမြင်လေရာ မြူတွေဝိုင်းလျက်၊ ပန်းတိုင်းပွင့်သော၊ အညာ မြေ၏ နွေဦးပေါက်ရာသီကို၊ အညာသားတို့ အလွမ်းဆုံးဖြစ်သည်ဟု ဆိုပါသည်။ ညနေညို၊ လေချိုသွေး၍ စုံမြိုင်ကျေးတို့ တေးသီတတ်သော အညာနွေဦးတွင် ဥသြငှက်ကလေး၏ လှသော တေးတစ်ပုဒ်လည်း ပါဝင်စေချင်ပါသည်။ မြိုင်ဦးက […]
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ သင့်နော် ရေးသည်။ နှင်းဆီအောင်ကို ဝတ္ထုတိုရေးသူအဖြစ် သိသူအချို့ ရှိကောင်းရှိပါမယ်။ ကြည်ဇော်ဝင်းကိုတော့ ဝတ္ထုရေးသူအဖြစ်သိသူ နှင်းဆီအောင်ထက် ပိုများ နိုင်ပါတယ်။ သေချာတာက လူအချို့ပဲသိမှာပါ။ တအားကြီး နာမည်ကြီးသူ တွေမှ မဟုတ်ဘဲ။ ကနဦးမှာ သူတို့နှစ်ယောက်စလုံးဟာ ဝတ္ထုတိုတွေအရေး များခဲ့ကြတယ်။ Best Seller မဟုတ်သည့်တိုင် နှစ်ယောက်ကိုယ်စီမှာ ဝတ္ထုတိုပေါင်းချုပ်တွေ ကိုယ်စီထုတ်ပြီးသားတွေနဲ့ပေါ့။ ကြည်ဇော်ဝင်းက စီနီယာ။ သူက အခု တောင်ဒဂုံမှာ စာအုပ်အရောင်းဆိုင်နဲ့ ထုတ်ဝေရေးနှစ်ခု တွဲပြီးငြိမ့်နေရဲ့။ နှင်းဆီအောင်က ၂ဝ၁၂ တုန်းက ‘လက်ယက်တွင်း’ ဝတ္ထုတို တွေနဲ့ ကျပ်ပြင်သဟာယစာဖတ်သင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို အရယူခဲ့ပြီး အခုအမရပူရမှာ အခြေချနေဆဲပေါ့။ ၂ဝ၁၃ မှာ […]
ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်း ဖြစ်ပါသည်။ သင့်နော် ရေးသည်။ စံပယ်ဦးကို ၁၉၆၁ ခုနှစ်မှာ ငွေတာရီစာစဉ်က ထုတ်ခဲ့ရာမှာ ‘ဒဂုန် တာရာဟာ တာရာမဂ္ဂဇင်းနဲ့ စစ်ပြီးခေတ် မြန်မာစာပေလောကမှာ မှတ်တိုင်တစ်တိုင် စိုက်ခဲ့သူဖြစ်တယ်။ တာရာက ကလောင်သစ် တွေကို မွေးထုတ်ပေးခဲ့တယ်။ ဒါကြောင့် ဒဂုန်တာရာဟာ မြန်မာ စာပေလောကမှာ ရှေ့ဆောင်စာရေးဆရာဖြစ်တယ်။ မဂ္ဂဇင်းတွေမှာ ဝတ္ထုတိုတွေ အခါအားလျော်စွာ ပါနေပေမယ့် သူ့ပရိသတ်က တစ်စု တစ်စည်းတည်း ပေါင်းဖတ်ချင်ကြတယ်။ ဒါမှ သူ့လက်ရာတွေကို လည်း စေ့စေ့စပ်စပ်ဝေဖန်နိုင်မယ်။ ဒါကြောင့် အခု စံပယ်ဦးကို ထုတ်တာ။ သည့်အရင်က ဒဂုန်တာရာဝတ္ထုတွေကို စုပြီး စာတစ်အုပ် အဖြစ် မထုတ်ခဲ့ဖူးကြသေးဘူး။ စံပယ်ဦးဟာ ပထမဆုံး သူ့ဝတ္ထုတို […]
ဇွန်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၄)မှ စာအုပ်စင်ကဏ္ဍ မှ စာအုပ်အညွှန်း ဖြစ်ပါသည်။ သင့်နော် ရေးသည်။ ကျွန်တော်တို့ငယ်ငယ်က လူကြီးသူမတွေ ပုံပြင်ပြောပြတော့မယ် ဆိုရင် ညီအစ်ကိုမောင်နှမတွေ တိုးဝှေ့နားထောင်ခဲ့ကြရတယ်။ ဟိုးရှေးရှေးတုန်းကလို့ အစချီလိုက်တာနဲ့ တောတောင်တွေနဲ့ ရွှေ ရောင်တဝင်းဝင်းနန်းတော်ကြီးတွေဆီကို စိတ်ကူးရွှက်လွှင့်ခွင့်ရကြ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိဘနေရာရောက်လာတဲ့ ဒီနေ့ခေတ် အခါမှာတော့ ကျွန်တော်တို့ရဲ့ သားသမီးလေးတွေကို ရင်ခွင်မှာ ထည့်ပြီး ပုံပြင်ပြောပြဖို့ အချိန်မရဖြစ်နေကြရတယ်။ ဒါကလည်း ခေတ်ရဲ့ တောင်းဆိုမှုကိုက အိမ်ရှိလူအကုန် မိုးလင်းမိုးချုပ် အလုပ် လုပ်ရတဲ့ ခေတ် ဖြစ်နေတာကိုး။ ကလေးတွေကလည်း ရုပ်မြင်သံကြားနဲ့ မိုဘိုင်းလ်ဖုန်းထဲက ဂိမ်းတွေနဲ့ အသားကျနေကြပြီ။ ပုံပြင်တွေဟာ မိဘနဲ့ သားသမီး ကြား၊ ညီအစ်ကိုမောင်နှမတွေကြားမှာ အပြန်အလှန်မေးမြန်း ဆွေးနွေးပြီး ရင်းနှီးမှု၊ […]
မော်ကွန်း October လထုတ်ထွက်ပြီ အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း October လထုတ် ထွက်လာပါပြီ…။ Cover Story – “ရွေးကောက်ပွဲ မဲပေးခွင့်ရရေး အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ” Feature 1) – “အစိုးရသစ်ကို စောင့်နေမယ့် စိန်ခေါ်မှုများ” Feature 2) – “လယ်သမားများ အိပ်မက်မမက်ဝံ့သော သမ္မတလယ်တော” Essay – “ဘုန်းကြီးကျောင်းသားဘဝ” Interview – “EITI ၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဇော်ဦးနှင့် အင်တာဗျူး” Travelogue – “စစ်ကိုင်းတောင်ခြေက ဇေယျာရွှေမြေ” Forgotten – “စုနိုင်မှ ချမ်းသာမည်” Satire – “နိုင်ငံရေး ဘတ်စ်ကား” ရောင်းဈေး တစ်အုပ် […]
စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၈) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ ဝင်းဇော်လတ် ရေးသည်။ (၁) ‘နိုင်ငံရေးယဉ်ကျေးမှု’ဆိုသော စကားလုံးသည် ယခု အချိန်တွင် အင်မတန်တွင်ကျယ်နေသော အသုံးအနှုန်းတစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက် အုပ်စုများအကြား မတူညီမှုများကို ခေတ္တဘေးဖယ်၍ တူတာတွေ လက်တွဲလုပ်ရန် အနက်အဓိပ္ပာယ် ဖြင့် ရည်ညွှန်းသုံးနှုန်းခြင်းဟု သဘောပေါက်ရသည်။ လက်ရှိသမ္မတသည်ပင်လျှင် အဆိုပါစကားလုံးကို သူ၏ ရေဒီယိုမှတစ်ဆင့် တိုင်းပြည်သို့ ပြောသည့် လစဉ်မိန့်ခွန်းများ တွင် အလျဉ်းသင့်တိုင်း ထည့်၍ သုံးစွဲသည်ကို တွေ့နေရသည်။ စာနယ်ဇင်းများတွင်လည်း ဆောင်းပါးရှင်များက လှပသော အဆိုပါ စကားလုံးကို ကြုံတိုင်း ထည့်သုံးကြသည်။ နိုင်ငံရေးယဉ်ကျေးမှု။ ထိုစကားလုံးသည် စိတ်ဝင်စားဖို့ ကောင်းသည်။ ကျွန်တော့်အဖို့တော့ နိုင်ငံရေးစကားလုံးကို ဆရာဒဂုန်တာရာ၏ ဆောင်းပါးများမှတစ်ဆင့် ပထမဆုံးတွေ့ခဲ့ ရခြင်း ဖြစ်သည်။ […]
အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း September လထုတ် ထွက်လာပါပြီ…။ Cover Story – “မိုးရေကလျှံ၊ မြစ်ရေကတိုး၊ သဘာဝဘေးဆိုးနဲ့ မြန်မာပြည်” Feature 1) – “အရေးတကြီးလုပ်ဖို့ လိုနေတဲ့ပြန်လည်ထူထောင်ရေး” Feature 2) – “စစ်အုပ်ချုပ်ရေးအောက်က နန်းကျနယ်မြေ” Essay – “ဘဝတွေ ဖြတ်သန်းလာတဲ့ ပြတင်းပေါက်” Interview – “လောက်ကိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အင်တာဗျူး” Travelogue – “အမှန်တရားကျဆုံးသွားတဲ့ မြို့” Forgotten – “ဝါဆိုဦးမှာ ဖူးသည့်ပန်း” Analysis – “မင်မခြောက်ခင်” Profile – “တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (အပိုင်း – ၆)” Satire – […]
အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း August လထုတ်…။ Cover Story – “မဲစာရင်းတွေ ဘာကြောင့် အမှားများရတာလဲ” Feature 1) – “ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင်ရနိုင်မလား” Feature 2) – “အသားစားနွား ဘာကြောင့် မွေးမြူသင့်သလဲ” Essay – “လှေကားမီး” Interview – “မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌနှင့် အင်တာဗျူး” Travelogue – “စိတ်ဓာတ်တွေ ညီညွတ်ရဦးမည့် တောင်ငူ” Profile – “တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (အပိုင်း – ၅)” Satire – “ဒုက္ခသီရိ၏ ကြမ္မာဆိုး” ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်။
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ ဝင်းဇော်လတ် ရေးသည်။ ခေါင်းဆောင်တွေက တိုင်းပြည်ကံကြမ္မာထက် ကိုယ်မဲရဖို့လောက်သာ ကြည့်နေကြသည်။ ခေါင်းဆောင် အချင်းချင်း ပါလီမန်ထဲတွင် တိုက်ကြခိုက်ကြ၊ အပြင်ဘက်တွင် ခြေပုန်း ခုတ်ကြ၊ ခြေထိုးကြနှင့် အချိန်ကုန်နေစဉ်တွင် ဟစ်တလာသည် ပါရီမြို့တွင်းသို့လမ်းလျှောက် ၍ ဝင်လာခဲ့သည်။ ပါရီသည် ဘာလုပ်ရမှန်း မသိဘဲ ဟစ်တလာ၏တပ်များကို ငေးကြည့် ရင်းက ဝါးမျိုခံလိုက်ရသည် . . . ၁။ ၂ဝဝ၂ ခုနှစ် ဆောင်းဦးရက်များ။ ရိုးပြတ်တောကိုဖြတ်သန်းပြီးမှ ရောက်ရ သော ဒဂုံတက္ကသိုလ်၏ နှင်းနှင့်မြူတို့ ရောထွေးနေသော နေ့ရက်များမှာ ဖြစ် သည်။ ကံကော်မြိုင်တန်းမရှိ၊ သစ်ပုတ်ပင် မရှိ၊ အဓိပတိလမ်းမကြီးမရှိ၊ အင်းလျား ရေပြင်ကျယ်မရှိ။ […]
၂၀၁၂၊အောက်တိုဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ ဝင်းဇော်လတ် ရေးသည် အက်ဆေး အမေ့ခံ စာအုပ်စင် ”ဥတ္တရအလင်းသည် ပြည်သူ့အကျိုးဆောင် သတင်းစာ ကောင်းနှင့် ပုဂ္ဂလိကကိုယ်ကျိုးရှာ သတင်းစာဆိုးတို့၏ ပဋိပက္ခ၊ ဒေါင်ဒေါင်မြည်သတင်းစာသမားနှင့် မူးတင်းပဲတင်း သတင်းစာ သမားတို့၏ တိုက်ပွဲ၊ သဘောရိုးနှင့် မနောဆိုးတို့၏ ဝိရောဓိ—” နာမည်သာကြားခဲ့ရဖူးပြီး ဖတ်ခွင့်မသာခဲ့သည့် စာအုပ် များအနက် ဥတ္တရအလင်းသည် ရှေ့ဆုံးတန်းမှပါလေသည်။ ဘာသာပြန်ဆိုသူမှာ သတင်းစာဆရာ ဦးဝင်းတင်ဖြစ်သဖြင့် ဆရာအကျဉ်းထောင်ထဲတွင် ၁၉၈၈ ခုနှစ်မှစ၍ ရောက်ရှိနေပြီး နောက် ဆရာ့စာများလည်း စာနယ်ဇင်းများတွင် ပြန်လည်ဖော်ပြ ခွင့်မသာခဲ့သလို ဝင်းတင်ဆိုသည့် နာမည်ကို ပုံနှိပ်စာမျက်နှာများ တွင် တစ်ကြောင်းခြစ်ရန်မျှပင် အခွင့်အရေးမရတော့ချေ။ ဒီလိုနှင့် သတင်းစာဆရာသမားတစ်ဦး၏ ပါးရှားလှသော အချိန်များတွင် ဆရာရေးသားခဲ့သော ”ကမ္ဘာနီတွင်တဒင်္ဂ” […]
၂၀၁၄၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက ယနေ့အချိန်အထိ အစဉ်အဆက်ဖြစ်ပွားလာခဲ့တဲ့ပြဿ နာတစ်ရပ်ရှိပါတယ်။ အဲဒီပြဿ နာကတော့ ကျွန်တော်တို့နိုင်ငံရဲ့အဓိက စားနပ်ရိက္ခာဆန်စပါးကို နေပူမရှောင်၊ မိုးရွာမရှောင် လယ်ယာမြေထဲ နွားနှင့်အတူ ဖက်ရုန်းကာ စိုက်ပျိုးထုတ်လုပ်နေတဲ့ လယ်သမားကြီးတွေရဲ့ ပြဿ နာပဲ ဖြစ်ပါတယ်။ သမိုင်းကိုပြန်ကြည့်ရင်လည်းဆရာစံဦးဆောင်တဲ့တောင်သူလယ်သမားအရေးတော်ပုံမှာယနေ့တိုင်ထင်ရှားနေဆဲဖြစ်ပြီးထိုခေတ်တုန်းကတော့ ချစ်တီးဆိုတဲ့ ငွေရှင်များရဲ့ကုပ်သွေးစုပ်အမြတ်ထုတ်မှုကိုတောင်သူလယ်သမားတွေ သည်းမခံနိုင်တဲ့အဆုံးတော့ တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ရခြင်းဖြစ်တယ။်ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်အထိ ခေတ်အဆက်ဆက်မှာလည်း လယ်သမားကြီးတွေအတွက် အခက်အခဲ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ပါတယ်။ ထိုပြဿ နာများက ယနေ့အချိန်အထိ ပြေလည်မှုမရသေးသလို ဆက်လက်ဖြစ်ပွားစေဖို့လည်း အခြေအနေအကြောင်းတရားတွေက ရှိနေဆဲပါ။ ယနေ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လယ်ယာမြေသိမ်းဆည်းခံရမှုတွေကလည်း ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာခဲ့ကြပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."