သတင်းများ

ရခိုင်ရှိစစ်ရှောင်စခန်းသုံးပုံတစ်ပုံတွင် နေထိုင်စားသောက်ရေးအခက်အခဲဖြစ်နေ

August 21, 2020

ဂေထော ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်ရှိစစ်ရှောင်စခန်း (၁၅၈) ခု၏ သုံးပုံတစ်ပုံသည် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသော Rakhine Ethnics Congress (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက မော်ကွန်းသို့ပြောသည်။ တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိနေပြီး ရသေ့တောင်၊မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် စစ်ရှောင်ဦးရေအများဆုံးဖြစ်သည်။ “သူတို့ဆီမှာဆန်တစ်မျိုးပဲရှိတယ်။ ကျန်တဲ့ဟာ ဆီ၊ဆား၊ငရုတ်ပေါ့နော်၊ ဘာမှမရှိဘူး။ ဟင်းသီးဟင်းရွက် သားငါးကျတော့ အနီးအနားမှာ သူတို့နည်းနည်းပါးပါး ရှာလို့ရတဲ့နေ့ရှိတယ်၊ မရတဲ့နေ့ရှိတယ်။ ဟင်းသီးဟင်းရွက်လည်း အဲဒီအတိုင်းပဲ။ အနီးအနားက လာကူပေးတဲ့သူတစ်ချို့ရှိတဲ့အခါရှိတယ်၊ မရှိတဲ့အခါ မရှိဘူး” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။ လက်ရှိအချိန်သည် မိုးရာသီဖြစ်နေသည့်အတွက် နယ်ဘက်ရှိ‌ကျေးရွားများ၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများမှာ ရေကြီးသည့်ဒဏ်များကိုလည်း […]

အပြည့်အစုံဖတ်ရန်

ပြည်တွင်းကူးစက်မှုများပြန်တွေ့ပြီးနောက် အထူးဧရိယာတစ်ချို့တွင် ရောဂါထိန်းချုပ်ကာကွယ်ရေးသတ်မှတ်ချက်များ ပြန်လည်တင်းကြပ်လာနိုင်သည်ဟုပြော

August 21, 2020

ဂေထော ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၀ (မော်ကွန်း) ပြည်တွင်းကူးစက်မှုပြန်လည်မြင့်တတ်လာပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် လက်ရှိ ဖြေလျှော့ထားသည်ထက် ပိုတင်းကြပ်သည့် သတ်မှတ်ချက်များကို အထူးဧရိယာများသတ်မှတ်ကာ ပြန်လည်ချမှတ်သွားဖို့ ရှိလာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သတင်းပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ “ တစ်ပြည်လုံးအတွက်ကတော့ ဒီအတိုင်းပဲ (လက်ရှိသတ်မှတ်ချက်များအတိုင်း) သွားဦးမှာပေါ့နော်။ ဒါပေမယ့် စပါယ်ရှယ် ဧရိယာမှာတော့ အထူးပေါ့၊ သူ့ဧရိယာအလိုက် ကန့်သတ်ပြီးတော့ ဆောင်ရွက်တဲ့ဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကြေညာချက်တွေကလည်း အမျိုးသားအဆင့် ဗဟိုကော်မတီကပဲ ထုတ်ပြန်မှာဖြစ်ပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုး ကပြောသည်။ လူနာအများစုတွေ့ရှိသည့်နေရာများကို အထူးဧရိယာအဖြစ်သတ်မှတ် ကန့်သတ်သွားမည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ ပြည်တွင်းကူးစက်မှုမရှိသည့်ကာလ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် […]

အပြည့်အစုံဖတ်ရန်

အင်တာနက် အမြန်နှုန်းလျှော့ချခံထားရသည့် ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး သတင်းရရှိမှုနှောင်းနှေးနေ

August 21, 2020

အောင်ပိုင်၊ ဂေထော ရန်ကုန် – သြဂုတ် ၂၁၊ ၂၀၂၀ (မော်ကွန်း) အင်တာနက် အမြန်နှုန်းလျှော့ချခံထားရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများတွင် COVID – 19 ရောဂါပိုး သတင်းရရှိမှု နှောင့်နှေးနေသောကြောင့် ဒေသခံများစိုးရိမ်နေကြသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID – 19 ရောဂါပိုးတွေ့ရှိသူ ယနေ့မနက်ပိုင်းအထိ ၁၆ ဦး တွေ့ရှိထားပြီဖြစ်သော်လည်း အင်တာနက်အမြန်နှုန်းလျှော့ချခံထားရသည့် မြို့နယ်များတွင် ရောဂါဆိုင်ရာ သတင်းအချက်အလက်ရရှိမှု နှောင့်နှေးနေသည်ဟု ရသေ့တောင်မြို့နယ် ဒေသခံ ကိုကျော်မင်းခိုင်ကဆိုသည်။ “ဒီနေ့အထိ အင်တာနက်က 2G ပဲရတယ်။ ကောလာဟလတွေများနေတော့ သတင်းအမှန်ဘယ်ဟာလည်း တိုက်စစ်လို့က မရဘူး ။ ပုံတစ်ပုံမြင်ရဖို့၊ သတင်းအကုန်ဖတ်ရဖို့က တစ်နေကုန်စောင့်နေရတယ်။ မီး(လျှပ်စစ်မီး) လည်းမရ၊ တီဗီလည်းမရှိတဲ့ ရွာဘက်တွေမှာက ပိုစိုးရိမ်ရတယ်” ဟု၎င်းက […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်ရှိဖွင့်ထားသည့်ကျောင်းများကိုယာယီပိတ်ပြီး မဖွင့်ရသေးသည့်ကျောင်းများကိုဆိုင်းငံ့သွားမည်

August 21, 2020

သဇင်လတ် ရန်ကုန် သြဂုတ်-၂၁ (မော်ကွန်း) COVID – 19 ရောဂါ ပြည်တွင်းကူးစက်မှုရပ်တန့်ပြီး တစ်လအကြာ၊ စစ်တွေမြို့တွင် အတည်ပြုလူနာများပြန်လည်တွေ့ရှိလာခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ဖွင့်ထားသည့် အထက်တန်းကျောင်းများကိုယာယီပိတ်သွားမည်ဖြစ်ပြီး မဖွင့်ရသေးသည့်ကျောင်းများကို ဆိုင်းငံ့သွားမည် ဟု အခြေခံပညာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် မဦးတင်မောင်၀င်းကမော်ကွန်း သို့ပြောသည်။ “ကိုဗစ်ဗဟိုကော်မတီကနေပြီးတော့မှပညာရေး၀န်ကြီးဌာနကိုစာထွက်လာတယ်။ ရခိုင်ပြည်နယ်ကကျောင်းတွေကိုဖွင့်လက်စရှိတဲ့ကျောင်းတွေကိုယာယီပိတ်ဖို့။ ဖွင့်ဖို့ကျန်နေတဲ့ကျောင်းတွေကိုဆိုင်းငံ့ထားဖို့ဆိုပြီးတော့ ပညာရေး၀န်ကြီးဌာနကို စာထုတ်တယ်။ ပညာရေး၀န်ကြီးဌာနကနေပြီးတော့ ဆရာတို့ဆီကို မနေ့ညကစာထွက်တယ်”ဟု ဦးတင်မောင်၀င်းကဆိုသည်။ ရခိုင်ပြည်နယ်မှကျောင်းများကိုသာပိတ်သွားမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းများမှာ ပုံမှန်အတိုင်းဆက်ဖွင့်သွားမည်ဟု ဦးတင်မောင်၀င်းကပြောသည်။ မြန်မာတစ်နိုင်ငံလုံးရှိအထက်တန်းကျောင်းများကို ဇူလိုင်၂၁ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး အလယ်တန်းနှင့် မူလတန်းများဖွင့်လှစ်ရန်အချိန်နှစ်လခန့်နောက်ဆုတ်ထားသည်။ ပညာရေး၀န်ကြီးဌာနက ဖွင့်ခွင့်ပြုထားသည့်အထက်တန်းကျောင်း ၄,၆၇၅ ကျောင်းရှိပြီး တစ်နိုင်ငံလုံးတွင်စုစုပေါင်း ၇,၁၇၃ ကျောင်းရှိသည်။ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါအတည်ပြုလူနာ ၁၆ ယောက်ရှိနေပြီး […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းတစ်ချို့ ခရီးစဉ်တွေဖျက်သိမ်းပေမယ့် တရား၀င်မညွှန်ကြားထားသေးဘူးလို့ဆို

August 20, 2020

စည်သူ ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပျံသန်းတဲ့ ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဥ်တွေကို လေကြောင်းလိုင်းတွေဘက်က ဒီနေ့မှာ ယာယီဖျက်သိမ်းနေပေမယ့် ကိုဗစ်-၁၉ ဗဟိုကော်မတီက လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းဖို့ ညွှန်ကြားလာတာမရှိသေးဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န်က ပြောပါတယ်။ “စစ်တွေရဲ့ လက်ရှိအခြေအနေအရတော့ ပိတ်ဖို့ ကျွန်တော်တို့တော့မျှော်လင့်တာပေါ့ ။ ဒါပေမဲ့ ကျွန်တော်တို့က ပိတ်လို့မရပါဘူး။ ပိတ်တာက ကိုဗစ်ကော်မတီက သုံးသပ်ပြီးတော့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ လိုအပ်ချက်အရလေ၊ နိုင်ငံတော်ရဲ့ ကျန်းမာရေး လုံခြုံမှု အရ သူတို့ ညွှန့်ကြားလာပါလိမ့်မယ်။ ဒီနေ့တော့ ပျံနေပါတယ်”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မော်ကွန်းကိုပြောပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) […]

အပြည့်အစုံဖတ်ရန်

စစ်တွေမှဝင်ရောက်လာသူများ Quarantine ဝင်ရမည်ဟုလူမှုရေးဝန်ကြီးပြော

August 20, 2020

သဇင်လတ် ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၀ (မော်ကွန်း) လတ်တလော ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်တတ်လာသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ရန်ကုန်မြို့သို့ ဝင်ရောက်လာသူများသည် ယနေ့မှစ၍ Quarantine ဝင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကာကွယ် တားဆီးရေး ကော်မတီ ဥက္ကဋ္ဌ ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မော်ကွန်းသို့ ပြောသည်။ “ညွှန်ကြားချက်အတိုင်းပေါ့။ ပြည်ထောင်စုကနေ ညွှန်ကြားတဲ့ဟာကို Quarantine ယူဖို့အတွက် ဆောင်ရွက်ပေးမယ်။ အဲ့ဒါက ဘာမှမထူးပါဘူး။ နိုင်ငံခြားကလာတဲ့လူတွေလိုပါပဲ။ လေကြောင်းနဲ့ပြန်လာတဲ့လူတွေလိုပါပဲ။ ကျွန်တော်တို့ Quarantine ထားဖို့ ပြင်ရမှာပေါ့” ဟု ဦးနိုင်ငံလင်းက ပြောသည်။ ယနေ့စတင်မည်ဖြစ်သော်လည်း အသေးစိတ်မသိရှိရသေးကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအစည်းအဝေးအပြီး ထုတ်ပြန်မှသာ သိရမည်ဟု ဦးနိုင်ငံလင်းကပြောသည်။ မော်ကွန်းက မေးမြန်းအပြီး ဦးနိုင်ငံလင်းက […]

အပြည့်အစုံဖတ်ရန်

သက်သာခွင့်မှလျှော့ရန်ကျန်ခဲ့သည့် ၇၅ ယူနစ်အတွက် အစားထိုးပြန်ပေးမည်

August 19, 2020

သဇင်လတ် ရန်ကုန်- ၂၀၂၀ သြဂုတ် ၁၉ (မော်ကွန်း) မီတာယူနစ် ၁၅၀ ယူနစ်လျှော့ပေးရမည့် ဇူလိုင်လမီတာခတောင်းခံလွှာတွင် ၇၅ ယူနစ်သာ လျှော့ချပေးခဲ့သည်အတွက် နောက်လမှစကာ အစားထိုး ခုနှိမ်ပေးမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဇူလိုင်လ မီတာတောင်းခံလွှာတွင် လျှော့ချပေးရန်ကျန်ရစ်သည့် ၇၅ ယူနစ်အတွက် သြဂုတ်လမှ စတင်ကာ လစဉ်စာရင်းညှိခုနှိမ်လျှော့ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုံးစွဲသူများသည် ၁၅၀ ယူနစ်အတွက် ၁၁,၅၅၀ ကျပ် သက်သာခွင့်ရမည့်အစား ၇၅ ယူနစ် အတွက် ၃,၈၀၀ ကျပ်သာ ဇူလိုင်လအတွက် သက်သာခွင့်ရခဲ့သည်။ ကိုဗစ်ကာလ အများပြည်သူသက်သာချောင်ချိရေးအတွက် လျှပ်စစ်ဓါတ်အားခသုံးစွဲခများအနက်မှ လစဉ် ၁၅၀ ယူနစ်ကို ယခုနှစ်ကုန်အထိ လျော့ချပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်တွင် […]

အပြည့်အစုံဖတ်ရန်

ဩဂုတ်လအတွင်း တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၅၈ ဦး ဖမ်းမိ

August 18, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဩဂုတ် ၁၈ (မော်ကွန်း) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့်စာရင်းများအရ ယခုလအတွင်း တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၅၈ ဦး ဖမ်းဆီးရရှိကြောင်း မော်ကွန်းက တွေ့ရှိရသည်။ ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် အများဆုံးဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယင်းမြို့နယ်တွင် ဖမ်းဆီးခံရသူ ၃၂ ဦး ရှိသည်။ နေပြည်တော်-တပ်ကုန်းတွင် ၁၁ ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၁၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မ‌တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် သတင်းများတွင်ဖော်ပြသည်။ နေပြည်တော်-တပ်ကုန်းတွင် ဖမ်းဆီးခံရသူများမှာ လင်ခရူဇာယာဉ်တိမ်းမှောက်ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ချူးဟွန်ပီး (၂၈) နှစ်၊ ဖူးကျန်မြို့၊ တရုတ်နိုင်ငံနေသူ တစ်ဦးသာ နိုင်ငံကူးလက်မှတ်ပါရှိပြီး ကျန် ၁၀ ဦးမှာ နိုင်ငံကူး […]

အပြည့်အစုံဖတ်ရန်

ဖျက်သိမ်းသွားသည့် ဇွဲကပင်ယူနိုက်တက်မှ ကစားသမားများ လစာလျော်ကြေးမရသေး

August 17, 2020

ရေဂင် ရန်ကုန် – ၂၀၂၀ သြဂုတ် ၁၇ (မော်ကွန်း) ပြီးခဲ့သည့်ဧပြီလတွင် အပြီးတိုင်ပိတ်သိမ်းခဲ့သည့် မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်း ဖြစ်သည့် ဇွဲကပင်ယူနိုက်တက်၏ ကစားသမားများအပါအဝင်၊ နည်းပြအဖွဲ့နှင့် ဝန်ထမ်းများ လက်ရှိအချိန်အထိ နစ်နာကြေးမရသေးကြောင်း အသင်းကစားသမားများကပြောသည်။ ဇူလိုင်ပထမအပတ်က မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများထံတိုင်ကြားရာ ၎င်းတို့ညှိနှိုင်းပေးမှုကြောင့် နှစ်လစာလျော်ကြေးပေးမည်ဟု သဘောတူညီချက်ရခဲ့သော်လည်း ယနေ့ထိ မရသေးခြင်းဖြစ်သည်။ “အခုဖြစ်နေတာက ကျွန်တော်တို့က တခြားအသင်းကိုလည်း သွားလို့မရဘူး၊ အပြင်အလုပ်ရှာ ဖို့ကလည်း ကိုဗစ်ဖြစ်နေတော့ ရဖို့မလွယ်ဘူး။ ဒါကြောင့် ဒီလစာကို ကျွန်တော်တို့ တောင်းနေတာပါ” ဟု ဇွဲကပင်ယူနိုက်တက်အသင်း ဂိုးသမား သက်မောင်သန့်ဇင်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်အား သွားရောက် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်းမရှိပေ။ ထို့အပြင် ဇွဲကပင်အသင်း […]

အပြည့်အစုံဖတ်ရန်

နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရေးသည် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအပေါ်တွင် မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

August 17, 2020

အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဩဂုတ် ၁၇ (မော်ကွန်း) နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအပေါ်မူတည်သည်ဟု ယင်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယနေ့နံနက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၁ (MICCC-I) တွင် စတင်ကျင်းပနေသည့် (၁၉) ကြိမ်မြောက် UPDJC အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သူက ပြောခြင်းဖြစ်သည်။ “စေ့စပ်ညှိနှိုင်းရမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဝင်ရောက်လာရင် စေ့စပ်ညှိနှိုင်းမှုတွေ အမှန်တကယ် လုပ်နိုင်ဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အပေးအယူအလျှော့အတင်း တစ်စုံတစ်ရာ လုပ်ကိုင်နိုင်စွမ်းမရှိပါက UPDJC ၏ အနစ်သာရသည် အချည်းနှီးပဲ ဖြစ်မည်ဟုလည်း သူကပြောသည်။ “နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကြရာမှာ စိတ်ရှည်မှု […]

အပြည့်အစုံဖတ်ရန်

လက်ရှိသတင်းမီဒီယာကောင်စီသက်တမ်းအတွင်း တိုင်ကြားစာ ၁၆၂ စောင် ရရှိ

August 15, 2020

အောင်ထူးနိုင်၊ ဖြိုးထက်အောင် ရန်ကုန် – ၂၀၂၀ ဩဂုတ် ၁၅ (မော်ကွန်း) လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သက်တမ်းအတွင်း တိုင်ကြားစာ ၁၆၂ စောင် ရရှိခဲ့သည်ဟု သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းမှုကော်မတီထံသို့ ၂၀၁၈ အောက်တိုဘာမှ ၂၀၂၀ မတ်အထိ ရောက်ရှိခဲ့သည့် တိုင်စာများဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါတိုင်စာ ၁၆၂ စောင်တွင် အစိုးရအဖွဲ့အစည်းများက တိုင်ကြားစာ ၂၀ စောင်၊ ပုဂ္ဂလိကအဖွဲ့အစည်းများက တိုင်ကြားစာ ၁၃၂ စောင်၊ နိုင်ငံရေးပါတီများက တိုင်ကြားစာ ခြောက်စောင်၊ တပ်မတော်က တိုင်ကြားစာ သုံးစောင်၊ တပ်မတော်က အမှုရုပ်သိမ်းကြောင်း ပေးပို့စာ တစ်စောင်တို့ ဖြစ်သည်။ ထိုတိုင်ကြားစာများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ […]

အပြည့်အစုံဖတ်ရန်

တရားဟောဆရာ စောဒေးဗစ်လား ယနေ့ည ရန်ကုန်လေဆိပ်မှထွက်ခွာ

August 15, 2020

ရန်ကုန်- ၂၀၂၀ ဩဂုတ် ၁၄ ( မော်ကွန်း) သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လချမှတ်ခံရသော ကနေဒါနိုင်ငံသား တရားဟောဆရာ စောဒေးဗစ်လားသည် ပြစ်ဒဏ်ကာလပြီးဆုံးကာ ယနေ့ည လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ်ကြောင်း လေဆိပ်ရှိ မော်ကွန်း၏ သတင်းရင်းမြစ်တစ်ဦးက သတင်းပေးပို့သည်။ စောဒေးဗစ်လားသည် ရန်ကုန်မှ ည ၉နာရီခွဲ KOREAN AIR လေယာဉ် အမှတ်စဉ် KE – 472 ဖြင့် တောင်ကိုရီးယားနိုင်ငံမှတဆင့် ကနေဒါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။ Photo – Supplies #Dailynews

အပြည့်အစုံဖတ်ရန်
1 … 255 256 257 258 259 260 261 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."