စည်သူ၊ သဇင်လတ်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၀ (မော်ကွန်း)





လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းရှိ ဗဟိုစည် အထူးကု ဆေးရုံတွင် အချိန်ပိုင်းတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းသုံးဦးတွင် COVID -19 ရောဂါပိုးတွေ့ရှိမှုကြောင့် ဆေးရုံကို အသွားအလာကန့်သတ်ထားရှိခြင်း (Lock Down) ပြုလုပ်ထားသည်ဟု လမ်းမတော်မြို့နယ်၏ ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကိုကိုကပြောသည်။
“အချိန်ပိုင်းပေါ့။အဲ့ဒီအထဲမှာနေတဲ့လူတွေတော့မဟုတ်ဘူး။အကူလူနာကြည့်တို့၊ လျှပ်စစ်ပြင်တဲ့သူ နောက် Air con ပြင်တဲ့သူပေါ့ အချိန်ပိုင်းလေးပေါ့။ လိုအပ်ရင်လာလုပ်ပေးတာပေါ့။” ဟုဒေါက်တာအောင်ကိုကိုကဆိုသည်။
လတ်တလောတွင်ဆေးရုံကို ၂၁ရက်အသွားအလာကန့်သတ်ထားရှိသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်လူနာများ၏ကျန်းမာရေးအခြေအနေကောင်းမွန်လာမှသာပြန်ဖွင့်ခွင့်ပြု၊ မပြုကိုစဉ်းစားမည်ဟု၎င်းကဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် COVID -19အတည်ပြုလူနာ ၂,၀၀၉ ဦးရှိနေပြီး သေဆုံးသူ ၁၄ ဦးနှင့်ပြန်လည်သက်သာလာသူ ၅၅၃ ဦးရှိနေပြီဖြစ်သည်။
Photo – Si Thu
#Dailynews

