ပေါက်တော – ၂၀၂၅ ဖေဖော်ဝါရီ ၂၁ ( မော်ကွန်း) အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်နဲ့ကပ်လျှက်က ပေါက်တောမြို့ပေါ်နဲ့ ကျေးလက်ကို စစ်ကောင်စီက လေကြောင်းကနေ မနေ့တုန်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီက ပေါက်တောမြို့၊ ငပြီကျွန်း၊ ဆံတော်လျှင်ကျွန်းနဲ့ ပိန္နဲချောင်းကျွန်းပေါ်မှာရှိတဲ့ အနည်းဆုံး ရွာရှစ်ရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး နေ့လယ်ခင်း တစ်နာရီခွဲလောက်မှာ အဲဒီနေရာတွေကို ဗုံးအလုံး ၅၀ နီးပါး ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ” လူမနေသေးတဲ့ ပေါက်တောမြို့ထဲကိုလည်း ကြဲသွားတယ်။ ပြီးတော့ စစ်တွေနဲ့ နီးတဲ့ကျွန်းတွေကိုလည်းပတ်ပြီး တရစပ်ကြဲသွားတာ ။ အခု ဒဏ်ရာရထားတဲ့လူနာတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်သူတွေ ပါနေတယ်။ လိုအပ်တဲ့ဆေးဝါးတွေ၊ သွေးတွေ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း) တအာင်းတပ်ဖွဲ့ (TNLA) နဲ့ သဘောတူညီမှုတစ်ခုမှမရတဲ့ဆွေးနွေးပွဲအပြီးမှာပဲ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲခန့်က နောင်ချိုမြို့ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၎င်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမီးလောင်သွားပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ အလားတူ မနေ့ကည ၉ နာရီခွဲခန့်ကလည်း နောင်ချိုမြို့ လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ အခုလ ၁၉ ရက် ညပိုင်းကလည်း နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးကာ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်ကောင်စီဟာ တအာင်းတပ် (TNLA) နဲ့ ဆွေးပွဲပျက်ပြီး မနေ့ညပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့တယ်လို TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ TNLA ဟာ တရုတ်အစိုးရရဲ့စီစဉ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အခုလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တောင်းဆိုမှုတွေ အပြန်အလှန်လုပ်ခဲ့ကြပေမယ့် အဖြေမထွက်ဘဲ ဆွေးနွေးပွဲရပ်ဆိုင်းခဲ့ရတယ်လို့ TNLA က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ဆွေးနွေးပွဲပျက်ပြီး မနေ့က ညပိုင်း ၈ နာရီခန့်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံတို့ကို ဗုံးနှစ်လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာပါ။ […]
ရန်ကုန်- ၂၀၂၅ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) စစ်ကောင်စီနဲ့သူတို့ကြား တရုတ်နိုင်ငံဆွေးနွေးပွဲမှာ တောင်းဆိုမှုအပြန်အလှန်လုပ်ခဲ့ကြပေမယ့် အဖြေမထွက်တာကြောင့် နှစ်ရက်အကြာမှာ ဆွေးနွေးပွဲရပ်ဆိုင်းခဲ့တယ်လို့ တအာင်းတပ်(TNLA)က ဒီကနေ့ထုတ်ပြန်ပါတယ်။ တရုတ်အစိုးရရဲ့စီစဉ်မှုအရ မြန်မာနဲ့ နယ်စပ်ထိနေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ်မှာ ဆွေးနွေးခဲ့ကြတာလို့ TNLA က ပြောပါတယ်။ ဆွေးနွေးပွဲမှာ သူတို့ဘက်က နှစ်ဘက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ နှစ်ဘက်စလုံး ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးကြဲတာတွေ မလုပ်ဖို့နဲ့ နှစ်ဘက်ထိန်းချုပ်နယ်မြေထဲက ဒေသခံတွေ စားဝတ်နေရေးနဲ့ဆေးဝါးသယ်ဆောင်တာတွေကိုခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူးလို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား ဦးဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က အမှတ်(၁) စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် […]
ရန်ကုန် – ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း နိုင်ငံရဲ့ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ ၃ ဒသမ ၅ သန်းကျော်ထိ စံချိန်တင်မြင့်တက်လာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာသတင်းလွှာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ နေရပ်စွန့်ခွာသူဦးရေဟာ စံချိန်တင်မြင့်တက်နေတဲ့အပြင် အရပ်သားတွေကို ပဋိပက္ခတွေကနေ အကာအကွယ်ရေးပေးရေးအတွက် စိုးရိမ်ဖွယ်ရာတွေလည်း မြင့်တက်လာနေပြီး နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေ ဆက်ရှိနေသေးတယ်လို့ UNOCHA က ဖော်ပြထားတာပါ။ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်အင်အားစုအမျိုးမျိုးကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေဟာ ကျယ်ပြန့်တဲ့ပဋိက္ခတွေအပြင် ဘေးန္တရာယ်တွေ၊ ရောဂါတွေ၊ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ […]
ရန်ကုန်- ၂၀၂၅ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်နှင့် နိုင်ငံခြားသားဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည့် ‘ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ’ ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုးပြီး မနေ့ကထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေအရ လုံခြုံရေးဝန်ဆောင်မှုပေးကြမယ့်ကုမ္ပဏီတွေကို ပြည်ထဲရေးရေးဝန်ကြီးဦးဆောင်တဲ့ ဗဟိုကော်မတီကထိန်းချုပ်မှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာလည်း နယ်/လုံဝန်ကြီးဦးဆောင်တဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်ကိုလာခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ဆွေးနွေးကြတဲ့အခါ မြန်မာပြည်ကတရုတ်အကျိုးစီးပွားတွေ လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းထားတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေထူထောင်ဖို့ ဆွေးနွေးကြတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလိုဥပဒေထွက်လာတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်ဆောင်ဖို့လိုတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဟာ ဗဟိုကော်မတီကတစ်ဆင့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြခွင့်ပြုချက်တောင်းရမယ်လို့ ဥပဒေကဆိုပါတယ်။ ဒါပေမဲ့ ဥပဒေရဲ့ အခန်း(၈)၊ ပုဒ်မ-၂၈၊ ပုဒ်မခွဲ(ခ)မှာတော့ ကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်းဟာ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မရှိဘူးလို့ ပြန်ကန့်သတ်ထားတာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်းကုမ္ပဏီဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီဖြစ်ပါက […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) အာဂျင်တီးနားနိုင်ငံတရားရုံးက သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုနဲ့ ဖမ်းဝရမ်းထုတ်လာတဲ့အပေါ် စွပ်စွဲချက်ကို ပြန်လည်ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ ၂၀၁၇ က ရိုဟင်ဂျာတွေ မျိုးတုံးသတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အာဂျင်တီးနားနိုင်ငံတရားရုံးက ဒီကာလမှာ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၂၅ ဦးကို အခုလ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။ ဒီဖမ်းဝရမ်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိတွေအပြင် အဲဒီ့ကာလမှာ သမ္မတအဖြစ်တာဝန်ယူထားတဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း […]
စစ်တွေ- ၂၀၂၅ ဖေဖော်ဝါရီ ၁၉ ( မော်ကွန်း) စစ်ကောင်စီပိတ်ဆိုမှုကြောင့် မြို့ကနေထွက်မရဘဲပိတ်မိနေတဲ့ စစ်တွေမြို့ခံတွေထဲက လက်လုပ်လက်စားတချို့ဟာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကြောင့် သေကြောင်းကြံစည်တာတွေ ရှိနေတယ်လို စစ်တွေမြို့ခံတချို့ကပြောပါတယ်။ စစ်ကောင်စီက မြို့ထဲမှာ လုံခြုံရေးတင်းကျပ်ထားတာတွေ၊ မြို့ခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိတဲ့အတွက် အိမ်အပြင်ထွက်ပြီးအလုပ်လုပ်ဖို့အဆင်မပြေတဲ့အပြင် အလုပ်အကိုင်တွေရှားပါးလာတဲ့အတွက် အခုလို သေကြောင်းကြံစည်လာကြတာလို့ သူတို့ကဆိုပါတယ်။ ” အဆိပ်စားပြီး သတ်သေကြတဲ့သူတွေလည်းရှိတယ်။ ကြိုးဆွဲချသေကြတာတွေလည်း ရှိပါတယ်။ တစ်နေ့စာ တစ်နေ့ရှာစားနေကြတဲ့သူတွေက အလုပ်လည်းမရှိ၊ စားစရာလည်းမရှိဖြစ်လာကြတော့ ဘဝကိုအရှုံးပေးပြီး သတ်သေသွားကြတာပါ။ တချို့ ဒေသခံတွေလည်း ထမင်းငတ်နေကြတာတွေ ရှိနေပါတယ်” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။ အခုဆိုရင် စစ်တွေမြို့က တချို့နေရာတွေနဲ့ ရပ်ကွက်တွေမှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး အမြင့်ပိုင်းနေရာတွေမှာသာ ဖုန်းလိုင်းရတယ်လို့လည်း သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက စစ်တွေမြို့ခံတွေကို မြို့ထဲကနေတိမ်းရှောင်ကြဖို့ အာရက္ခတပ်တော်(AA) […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) ဒီနေ့မနက်ပိုင်းကစပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ဗန်းမော်မြို့ပတ်ဝန်းကျင်ကို လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီနေ့မနက်အစောပိုင်းမှာ ဗန်းမော်က စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေပြီး ဒီနေ့တစ်ရက်ထဲမှာပဲ လေကြောင်းကနေ လာရောက်ပစ်ခတ်မှုက ခြောက်ကြိမ်ထပ်မနည်း ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကို စောင့်ကြည့်နေတဲ့ ဒေသခံတချို့က ပြောပါတယ်။ “မနက် ၂ နာရီ ၃ နာရီလောက်ထဲက စပြီးဗုံးကြဲတယ်။ Y-12 နဲ့လာလိုက်၊ ဂျက်ဖိုက်တာနဲ့ လာလိုက်နဲ့ တစ်ခါလာရင် […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) စစ်ကောင်စီဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကျေးရွာတချို့ကို လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းလည်းထိုးနေတာကြောင့် ဒီဒေသတွေမှာ အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ မတ္တရာအရှေ့ခြမ်းက မြို့စိုးကုန်းနဲ့ဘိုကုန်းကျေးရွာတွေရှိရာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း မတ္တရာအရှေ့ခြမ်းကိုပဲ ဂျက်ဖိုက်တာ Mi-35 ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ မတ္တရာဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “မနေ့က ညနေပိုင်းလောက်ကတော့ တိုက်ပွဲတွေလည်းဖြစ်နေတယ်။ လက်နက်ကြီးသံရော လက်နက်ငယ်သံတွေပါ ဆက်တိုက်ကြားနေရတယ်။ အရှေ့ခြမ်းကို တောက်လျှောက် နယ်မြေရှင်းဖို့လုပ်နေတယ်လို့လည်း ပြောကြတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။ လက်ရှိလေကြောင်းတိုက်ခိုက်မှုကြောင့် ဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံအများအပြား နေရပ်ကနေ […]
မြောက်ဦး – ၂၀၂၅ ဖေဖော်ဝါရီ ၁၇ ( မော်ကွန်း ) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ဒေသက ပြောင်းတောင်သူတွေဟာ မြေသြဇာနဲ့မျိုးစေ့စျေးနှုန်း မြင့်တက်မှုကြောင့် အရှုံးပေါ်နေကြတယ်လို့ ပြောင်းတောင်သူတချို့ကပြောပါတယ်။ ရခိုင်စစ်ပွဲတွေမပြင်းထန်မီက နို့ဆီဗူးသုံးဘူးပါ ပြောင်းမျိုးစေ့တစ်ထုပ်ကို ၁၈,၀၀၀ ကျပ်ရှိရာကနေ အခုတော့ ၁၂၀,၀၀၀ ကျပ်အထိ မြင့်တက်သွားသလို မြေသြဇာစျေးနှုန်းကလည်း ယခင် တစ်အိတ် ၆၀,၀၀၀ ကျပ်သာရှိရာကနေ အခု ၃၅၀,၀၀၀ ကျပ်အထိ စျေးတက်သွားတယ်လို့ ပြောင်းတောင်သူတချို့က ပြောပါတယ်။ ဈေးထိုးတက်နေတဲ့မြေဩဇာကို ပုံမှန်မသုံးစွဲနိုင်တော့တဲ့အတွက် အထွက်နှုန်းကျဆင်းသွားတယ်လို့ မြောက်ဦးမြို့နယ်က ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ ” မြေသြဇာ ပုံမှန်သုံးပေးရင် အဖူးအရေအတွက်ကလည်း အများထွက်တယ်။ အခုမြေသြဇာစျေးတက်နေတော့ လိုအပ်သလောက် မသုံးပေးနိုင်တော့ဘဲ ဖြန်းရုံလောက်ပဲ ဖြန်းနိုင်တော့တယ်။ ဒါကြောင့် အပင်မသန်တာတွေ၊ ပိုးကျတာတွေ၊ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ ရခိုင်ရိုးမကို ကျော်လွန်လာပြီး ဧရာဝတီတိုင်းထဲကို ရောက်ရှိလာတဲ့အချိန်မှာ စစ်ကောင်စီက ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ဒေသခံတွေကို ပြည်သူ့စစ်ဖွဲ့စည်းဖို့ ခေါ်ယူစုဆောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ဒေသခံတချို့က ပြောပါတယ်။ ဧရာဝတီတိုင်းထဲက ကျိုက်လတ်၊ ဒေးဒရဲနဲ့ ဖျာပုံ မြို့နယ်တွေမှာ ဒေသခံတွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အခုရက်ပိုင်းမှာပဲ ရပ်ရွာအစည်းအဝေးတွေ ခေါ်ယူခဲ့ကာ ရပ်ကွက်ကျေးရွာတွေအတွင်း ပြည်သူ့စစ်လိုအဖွဲ့တွေဖွဲ့ဖို့ ပြင်ဆင်လာတယ်လို့ ဒီမြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။ ၎င်းမြို့နယ်တွေမှာ ရပ်ရွာလုံခြုံရေးအဖွဲ့ ဆိုတဲ့အမည်နဲ့ ရပ်ကွက်တစ်ခု ကျေးရွာတစ်ခုကို လူ သုံးဦးနှုန်း ပါဝင်ကာလုံခြုံရေးသင်တန်း တက်ရောက်ပြီး ရပ်ကွက်ကျေးရွာရဲ့လုံခြုံရေးကို စစ်ကောင်စီအာဏာပိုင်တွေနဲ့အတူ ပူးတွဲ တာဝန်ထမ်းဆောင်ရမယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ “စစ်မှုထမ်းလည်းမဟုတ်ဘူး။ လက်နက်တွေဘာတွေ ရမှာတော့မဟုတ်ဘူး။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."