ပေါက်တော- ၂၀၂၅ ဖေဖော်ဝါရီ ၁၄ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက ဂြင်းဒွေရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ဒဏ်ရာရခဲ့သူတွေထဲကတစ်ဦး မနေ့ကထပ်မံသေဆုံးခဲ့တာကြောင့် ဒီဖြစ်စဉ်အတွင်း လူသုံးဦးသေဆုံးခဲ့ပြီး ကျန်သုံးဦးဟာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။ ” ကောင်လေးက ဘယ်ခြေထောက်မှာ လက်နက်အစဝင်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာ။ လူနာက ရောက်ကတည်းက သွေးထွက်လည်းလွန်ထားတော့ ဆေးခန်းကို ရောက်တာနဲ့ သွေးတွေလည်းတော်တော်သွင်း လိုက်ရတယ်။ သူတစ်ယောက်ပဲ ဒဏ်ရာပြင်းတာ။ တစ်ခြားသူတွေက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး”လို့ ဒီအကြောင်းကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီလ ၁၂ ရက်နေ့မှာ စစ်ကျန်ဗုံးသီးကွဲလို့ သေဆုံးထိခိုက်ခဲ့ကြတာဖြစ်ပြီး ဒီလူငယ်တွေဟာ မင်းပြားမြို့နယ်ထဲက ကောက်ရလာတဲ့ဗုံးသီးကို ထုရိုက်မိရာကနေ ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မှာ အရပ်သားတွေဟာ ပေါက်ကွဲစေတတ်တဲ့ […]
ဂွ- ၂၀၂၅ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ကျိန္တလီမြို့မှာ မနေ့က ထပ်ကြဲချတဲ့ဗုံးကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။ ကျိန္တလီမြို့ရဲ့ အမှတ်(၁) ရပ်ကွက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးသုံးလုံးကြဲချခဲ့တာလို့ ပြောပါတယ်။ ” တစ်နေရာထဲကိုပဲ ဗုံးသုံးလုံးချတာ။ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေက မိသားစုဝင်တွေပါ။ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ခြားသူတွေကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ကျိန္တလီမြို့ဟာ ရခိုင်ပြည်နယ်တောင်ဘက်စွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်ထဲမှာ ပါဝင်ပြီး ဒီသီတင်းပတ်အတွင်းမှာတင် သုံးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ဒီဗုံးကြဲမှုတွေအတွင်း ကျိန္တလီမြို့က အရပ်သားသုံးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်းနဲ့ ချင်းတောင်တန်းအစပ်မှာရှိတဲ့ ကလေးမြို့ရဲ့တောင်ပိုင်းမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။ စစ်ကောင်စီအနေနဲ့ ဒီနေ့မနက်ပိုင်းမှာ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတချို့ကိုလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ နတ်ချောင်းကျေးရွာက တိုက်နယ်ဆေးရုံအပါအဝင် နေအိမ်တွေလည်း ပျက်စီးခဲ့ပြီး ဒေသခံထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ သုံးရက်က ကလေး-ဂန့်ဂေါကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ ကမ်းပါးနီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီစခန်းဟာ စစ်ကောင်စီတပ်က တပ်ခွဲဗိုလ်မှူးအဆင့်ထိုင်ထားပြီး စစ်သားနဲ့ ပြည်သူ့စစ် အပါအဝင် အင်အား ၇၀ ခန့် အခြေပြုထားတဲ့စခန်းဖြစ်ကာ လက်နက်အင်အားနဲ့ လေကြောင်းပစ်ကူတွေပြည့်ဝပေမယ့် ခေါင်းဆောင်ပိုင်း ညံ့ဖျင်းတာကြောင့် စခန်းကိုလက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီထောက်ခံသူ ကြံ့ခိုင်ရေးအမတ်ဟောင်း […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲ-လွိုင်ကော်ကားလမ်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပြီး ဒီနေ့ထိ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်ကောင်စီဟာ ဒီနှစ်စပိုင်းကစပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး လွိုင်ကော်-မိုးဗြဲ- ဖယ်ခုံ လမ်းပိုင်းတစ်လျှောက် နယ်မြေစိုးမိုးမှုပြန်ရရေးအတွက် စစ်ကြောင်းထိုးလာနေတာပါ။ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့စောင့်တပ် ခမရ (၄၂၂) တပ်ရင်းကိုအခြေပြုကာ မိုးဗြဲမြို့ပေါ်ကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ဟာ လွိုင်ကော်-မိုးဗြဲလမ်းတစ်လျှောက်ကိုလည်း သူတို့ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ကနေ စစ်ကြောင်းထိုးလာနေပြီး လွိုင်ကော်အထွက် လင်ဖုံလေးလမ်းဆုံအနီးမှာ မနေ့ကစပြီး တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သူတို့က မိုးဗြဲစစ်ကို […]
ပေါက်တော- ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ( မော်ကွန်း) ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်မှာ စစ်ကျန်ဗုံးသီးကို မသိဘဲထုရိုက်ကြည့်ရာကနေ ဗုံးသီးပေါက်ကွဲသွားတာကြောင့် လူငယ်နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။ မနေ့က ညနေပိုင်းအချိန်လောက်မှာ ပေါက်တောမြို့နယ်၊ ဂြင်းဒွေရွာသားသေဆုံးထိခိုက်သူတွေဟာ ခရီးသွားရာကနေ ကောက်ရလာတဲ့ဗုံးသီးကို သူငယ်ချင်းတချို့နဲ့စမ်းထုကြည့်ရာကနေ ပေါက်ကွဲ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတချို့ကပြောပါတယ်။ “အဲ့ဒီရွာက ကောင်လေးတစ်ယောက်က မင်းပြားနယ်ဘက်ကိုခရီးသွားရင်း ကောက်ရလာတာလို့ သိရပါတယ်။ ရွာရောက်တာနဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး ရွာအပြင်ကအပင်အောက်မှာ ထုကြည့်ကြတာ။ မလုပ်သင့်တာကို လုပ်ကြည့်တော့ မသေသင့်ဘဲ လူငယ်တွေသေသွားရတယ်။ ရွာမှာလည်း တခြားကလေးတွေကို တော်တော်သတိပေးထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီကို ရခိုင်ပြည်နယ်ထဲကနေ အပြီးတိုင်ဖယ်ရှားမယ်လို့ ကြွေးကျော်ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီကြားက တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်အနှံ့မှာ ပြင်းထန်ခဲ့သလို […]
ဂွ – ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ( မော်ကွန်း) အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ကညနေပိုင်းမှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ၈ ရက်နေ့ကတစ်ကြိမ် မြို့ပေါ်ကို စစ်ကောင်စီကဗုံးကြဲချခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေသေဆုံးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးဒဏ်ရာရကာ အိမ်နှစ်လုံးမီးလောင်ခဲ့ပြီး ၈ ရက်နေ့က တိုက်ခိုက်မှုအတွင်းမှာ တစ်ဦးသေကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ” ဗုံးက တစ်ပြိုင်တည်းမှာ နှစ်လုံးချသွားတာ။ တစ်လုံးက ရပ်ကွက်ထဲက လမ်းပေါ်ကိုလာကျပြီး လမ်းသွားလမ်းလာ တစ်ယောက်သေသွားတယ်။ နောက်တစ်လုံးက လူမနေတဲ့အိမ်အလွတ်ပေါ်မှာလာကျတယ်” လို့ ဂွမြို့နယ်ထဲက စစ်ရေးသတင်းမြစ်တစ်ဦးက ဖြစ်စဉ်တွေကို […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) ဒီရက်ပိုင်းထဲ အညာဒေသမှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒီဒေသခံတချို့ရဲ့ ပြောဆိုချက်နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို အခုရက်ပိုင်းမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO PDF) က ဒီနေ့မှာ ထုတ်ပြန်လာတာပါ။ လွန်ခဲ့တဲ့နှစ်ရက်က ရှေးဟောင်းမြို့ဖြစ်တဲ့ ပခန်းကြီးမှာ ညအိပ်ပြီး ရေစကြိုမြို့ကို ပြန်လာတဲ့စစ်ကြောင်းကို ဒေသတွင်းကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ထွက်ပြေးဆုတ်ခွာသူတွေလည်း ရှိခဲ့တယ်လို့လည်း Southern YSO PDF […]
ပေါက်တော – ၂၀၂၅ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း ) ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တွေမြို့နယ်နဲ့ကပ်လျှက်က AA ထိန်းချုပ်ထားရာ ပေါက်တောမြို့နဲ့ ရသေ့တောင်မြို့နယ်တွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အဲဒီကဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်တွေမြို့တောင်ဘက်မှာရှိတဲ့ ပေါက်တောမြို့နယ်ထဲက ကြိမ်ခွေမော်၊ အဝကန်၊ ငွေတွင်းတွယ်ရွာတွေနဲ့ အဲဒီမြို့မြောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းက မီးကျည်းချောင်း၊ ဇီးကိုင်းအထက်ရွာနဲ့ ဇီးကိုင်းအောက်ရွာတို့က ဒေသခံတွေစစ်ဘေးရှောင်ကြရတာဖြစ်ပါတယ်။ စစ်တွေပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီရေတပ်နဲ့ စစ်တွေမြို့တွင်းက အမြှောက်တပ်တွေကပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ အဲဒီ့ကျေးရွာတွေအနီးမှာ ကျရောက်ပေါက်ကွဲတာကြောင့် စိုးရိမ်ပြီး တိမ်းရှောင်လာကြတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တချို့ကပြောပါတယ်။ ” လက်နက်ကြီးတွေက ရွာထဲမှာမကျပေမယ့် ရွာပြင်မှာလာကျတော့ စိတ်အေးအေးနဲ့ မနေရဘူး။ ရေတပ်ကလည်း လက်နက်ကြီးတွေ […]
မောင်တော- ၂၀၂၅ ဖေဖော်ဝါရီ ၁၁ ( မော်ကွန်း) အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား (မွတ်ဆလင်)ရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲတဲ့အတွက် တစ်ဦးသေပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့က မနက် ၁၀ နာရီလောက်မှာ အဲဒီရွာကလူငယ်တွေဟာ ကျေးရွာအနီးကနေကောက်ယူလာတဲ့ စစ်ကျန်ဗုံးသီးနဲ့ ဆော့ကစားရာကနေ အခုလိုထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ” ဗုံးသီးက အပြင်ကနေရလာတာ ထင်တယ်။ ဗုံးမှန်းလည်း သိပုံမရပါဘူး။ ဆိုင်ထဲကို ဝင်လာပြီး ကိုင်ဆော့ရာကနေ လွတ်ကျပြီးထပေါက်တာပါ။ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ ဘေးနားက လေးယောက်ကတော့ ဒဏ်ရာရပြီးဆေးရုံတင်ထားရတယ်” လို့ မောင်တောဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောပါတယ်။ ရွှေဇားဂုံးနား (မွတ်ဆလင်) ရွာသားတွေ စစ်ဘေးရှောင်နေကြချိန် စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ ဝင်ရောက်နေထိုင်ခဲ့ဖူးတာကြောင့် စစ်ကျန်ဗုံးသီးနဲ့မိုင်းတွေ အဲဒီရွာဝန်းကျင်မှာ မကြာခဏပေါက်ကွဲမှုရှိတယ်လို့ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) ဒီရက်ပိုင်း နိုင်ငံတကာ ဈေးကွက်မှာ ကမ္ဘာ့ရွေဈေး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေဈေးလည်း အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းကနေ ဒီလပထမပတ်ထိ ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းအောက်မှာပဲ တည်ငြိမ်နေရာကနေ ဒီနေ့ညနေပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၆၆ သိန်းကျော်ထိ ရောက်ရှိနေတာပါ။ နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့မနက်ပိုင်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၉၀၀ ကျော်ကို မြင့်တက်ခဲ့ပြီး ဒီဈေးနှုန်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်ဈေးနှုန်းဖြစ်ခဲ့တယ်လို့ ဈေးကွက်လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။ အခုလို ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်လာတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်လုပ်ငန်းအခွန်တွေမြှင့်တင်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲတွေ စတင်လိုက်တာရဲ့ အကျိုးသက်ရောက်မှုဖြစ်တယ်လို့ ကမ္ဘာ့ရွှေဈေး စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။ “ထရမ့်က […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) မကွေးတိုင်း ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အညာအခြေစိုက် တော်လှန်ရေးတပ်ပေါင်းစုတွေက အခုရက်ပိုင်းအတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ အခုလ ၃ ရက်ကစပြီး မြိုင်မြို့နယ် အနောက်တောင်ပိုင်းနဲ့ ပေါက်မြို့နယ်အရှေ့မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၃၀၀ ခန့်ပါတဲ့ ပခုက္ကူ အခြေစိုက် ခြေမြန်တပ်မ (၁၀၁) ရဲ့ စစ်ကြောင်းကို အညာတော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကမနက်ပိုင်းမှာ ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးရွာကနေ ပြန်ထွက်ခွာလာတဲ့ဒီစစ်ကြောင်းကို ပေါက်မြို့နယ်၊ ကျောက်လုံးကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက တစ်ကြိမ်စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ငါးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ […]
ရန်ကုန်- ၂၀၂၅ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) ရှမ်းပြည်မြောက်ပိုင်းက သီပေါမြို့အဝင်မုခ်ဦးမှာ ရေးဆွဲထုဆစ်ထားတဲ့ ရှမ်းလူမျိုးကိုယ်စားပြု အမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က အစားထိုး ပြောင်းလဲ လိုက်တဲ့အပေါ် ပြင်းပြန်းထန်ထန်ကန့်ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(Shan State Joint Action Committee-SSJAC) က ဒီနေ့ ထုတ်ပြန်ပါတယ်။ “ ရှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီမဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေသည်မှာ ဒေသခံ ပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှု မရှိခြင်း၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲနေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့်” ကန့်ကွက်တာလို့ ဖော်ပြပါတယ်။ ဒီလ ၇ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."