ပေါက် -၂၀၂၁ နိုဝင်ဘာ ၅(မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ခင်ရှည်(တောင်စု)ရွာက ပျူစောထီးအဖွဲ့ဝင်ထွန်းဦးကို ဒေသခံ PDF တွေက မနေ့ကည ၈ နာရီဝန်းကျင်မှာ နေအိမ်အတွင်းသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ပျူစောထီးအဖွဲ့ဝင်ထွန်းဦးဟာ ထိခိုက်ဒဏ်ရာအများအပြားရခဲ့ပြီး ပေါက်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ မကွေးအခြေစိုက် CAF – MGPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ပျူစောထီးထွန်းဦးကဒလန်အကြီးစား၊ သူ့အိမ်ကိုဝင်ပစ်တာပေါ့၊ဒဏ်ရာကတော့ အကြီးအကျယ် ရသွားတယ်ဗျ။သေမှာပါပဲ။အခုဆေးရုံပေါ်မှာလို့သိရတယ်။” လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီပစ်ခတ်မှုကို CAF – MGPDF, KingFighter နဲ့ PPDF စတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့သုံးဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးဦးထွန်းဦးဆီကနေ လက်လုပ်သေနတ်နှစ်လက်ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုပြုလုပ်နေချိန်မှာ ကျေရွာဒေသခံတစ်ချို့လာရောက်ကြည့်ရှုတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က အော်ဟစ်ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့ရတာကြောင့် ဒေသခံပြည်သူတွေကိုပြန်လည်တောင်းပန်ကြောင်း CAF – MGPDFအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
Photo: Supplied
#Dailynews

