ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၃ (မော်ကွန်း)
စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ဆို့ထားခဲ့တဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းကို ယနေ့မနက်ပိုင်းက ပြန်လည်ဖွင့်ပေးခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားတာကိုတွေ့ရပါတယ်။
စစ်ကောင်စီတပ်သားတွေပါတဲ့ FAW ကားနှစ်စီးကမြို့တော်ခန်းမရှေ့နဲ့ ယူနီဖောင်းဝတ်ရဲတွေအပြည့်ပါတဲ့ Double Cab သုံးစီးက မဟာဗန္ဓုလလမ်းနဲ့ ၃၅ လမ်းထောင့်က ကျောက်တံတားထွေအုပ်ရုံးရှေ့မှာ လုံခြုံရေးယူထားတာတွေ့ရပါတယ်။
ဘတ်(စ်) ကားများ ဖြတ်သန်းသွားလာခြင်းမရှိဘဲ အိမ်စီးကားနဲ့ အငှါးယာဉ်များသာ ဖြတ်သန်းသွားလာနေပြီး ပြည်သူတချို့ ခြေလျင်သွားလာတာလည်းတွေ့ရှိရပါတယ်။
ဓါတ်ပုံ – မော်ကွန်း
#Dailynews

