ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၃ (မော်ကွန်း)
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၃၁၉ ရက်ရှိလာပါပြီ။
စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်စောင့်ကြည့်မှုတွေကြားက ဒီကနေ့မှာလည်း လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့မှာ ကလေးမြို့ နတ်ချောင်း စံပြကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ရွာကိုလည်း မီးရှို့ကာ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ပြည်သူတွေလည်းရှိနေပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

