စစ်ကိုင်းတိုင်း – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ထီးဆောင်း-အရာတော်လမ်းများကို ဒီကနေ့မနက်ပိုင်းကစပြီး ပြည်သူတွေ ဖြတ်သန်းသွားလာအသုံးပြုတာတွေ မပြုလုပ်ကြဖို့ ဒေသခံတော်လှန်ရေတပ်ဖွဲ့တွေက တားမြစ်လိုက်ပါတယ်။
ဒီလမ်းတွေပေါ်မှာ အချိန် မရွေး တိုက်ပွဲ ဖြစ်နိုင်တာ ကြောင့် မိဘပြည်သူများ မတော်တဆ ထိခိုက် နစ်နာမှုမျိုး မရှိစေလိုတာဖြစ်လို့ အသုံးမပြုကြဖို့၊ သွားနေပါက ရောက်တဲ့နေရာမှာ ရပ်တန့်ထားကြဖို့ မြင်းမူမြို့နယ်က Black Eagle Defence Force -MMU အဖွဲ့ကနေ သတိပေးကြေညာပါတယ်။
ကြေညာချက် ထုတ်ပြန်ချိန်ကစပြီး ပြန်လည် အသုံးပြုလို့ရမယ့် ကြေညာချက် ကို စိတ်ရှည်စွာစောင့်ဆိုင်းပေးဖို့နဲ့ မိမိ မိသားစု အသိမိတ်ဆွေများ လမ်းကြောင်းပေါ်ရောက်နေရင်လည်း ဖုန်းဆက်အကြောင်းကြားပေးပြီး သတိပေးလိုက်ဖို့ ထပ်မံမေတ္တာရပ်ခံထားပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြား စစ်ကောင်စီတပ်ကားများ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ကားတစ်စီးပျက်စီးကာ စစ်ကောင်စီတပ်သားအမြောက်အများသေဆုံးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
#Dailynews

