ရေစကြို – ၂၀၂၂ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်သတင်းပေးတစ်ယောက်ကို ပစါခတ်ရှင်းလင်းအပြီး သူ့ဖုန်းထဲမှာ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေ တွေ့ရှိခဲ့ရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ) က ထုတ်ပြန်ပါတယ်။
ရှင်းလင်းခံရသူဟာ ရေစကြိုမြို့နယ်၊ ဘောင်ဘင်တန်းရွာက ပျူစောထီးအဖွဲ့ဝငိ ငတူးဆိုသူဖြစ်ကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဖုန်းကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အာဏာသိမ်းစစ်တပ်တွေနဲ့ ပေါင်းပြီး လူငယ်တချို့ကို လက်ထိပ်ခတ် ရိုက်နှက်၊ နှိပ်စက်နေတဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ တခြားအရေးကြီးအချက်အလက်အချို့ ရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူ)က အသိပေးပါတယ်။
ရှင်းလင်းခံရသူဟာ PDF စခန်းငယ်နေရာတွေကို စုံစမ်းပြီး သတင်းပေးပို့တာ၊ လောင်းကစားဝိုင်းတွေအကြီးအကျယ်ထောင်တာ၊ အပြစ်မဲ့ပြည်သူတွေကို လက်ညှိိုးထိုးဖမ်းခိုင်းတာတွေကြောင့် နစ်နာသူ ၁၀ယောက်အထက်ရှိလာလို့ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်ခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူ)နဲ့ ညီနောင်မဟာမိတ် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ တို့က သတင်းထုတ်ပြန်ပါတယ်။
#Dailynews

