မြင်းခြံ – ၂၀၂၂ မတ် ၂၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ကိုင်း(မ)ရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ညပိုင်းမှာ PDF တွေလာရောက်တိုက်ခိုက်မှာစိုးရိမ်တာကြောင့် သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကပါ သွားစောင့်အိပ်ပေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြင်းခြံမြိုနယ်ကိုင်း(မ)ရွာ စာသင်ကျောင်းမှာ လချီကြာနေပြီဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ကိုင်း(မ)ရွာအနီးက ဆီမီးခုံဆိပ်ကမ်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တာခံရတဲ့နောက်ပိုင်း ရွာသားခြောက်ယောက်ကို နေ့စဉ် အလှည့်ကျ စောင့်အိပ်ခိုင်းခဲ့တဲ့အပြင် အုပ်ချုပ်ရေးမှူးလည်း ညတိုင်းသွားစောင့်အိပ်ပေးနေရကြောင်း ဒေသခံက ပြောပါတယ်။
“စစ်သားတွေက ကျောင်းစာသင်ခန်းထဲမှာ ဝင်အိပ်ပြီး အလှည့်ကျလာစောင့်ပေးရတဲ့ရွာသားတွေကိုတော့ ကျောင်းရှေ့အလံတိုင်မှာ အိပ်စောင့်ခိုင်းပါတယ်။ မတ်လ၂၇ရက်နေ့မှာ ဦးတင်မြင့်နဲ့ဆယ်အိမ်ခေါင်းတွေပါ တပ်စွဲတဲ့စာသင်ကျောင်းထဲလာအိပ်ကြဖို ပြောနေပါတယ်”လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
ကိုင်း(မ)ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ၂၉ရက်နေ့က အရက်ဆိုင်မှာ လူစုလူဝေးလုပ်တယ်ဆိုပြီး အာဏာသိမ်းစစ်တပ်က ရွာသား၁၁ဦးကိုဖမ်းဆီးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးရိုက်နှက်နှိပ်စက်ခံရလို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
#Dailynews

