စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်၊ အရာတော်၊ မုံရွာ သုံးမြို့နယ်က ကျောင်းသား၊ လူထုစုပေါင်းကာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီဆန္ဒထုတ်ဖော်မှုကို ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီဝင်တွေ၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာပင်မသပိတ်ကော်မတီဝင်တွေနဲ့အတူ ဘုတလင်မြို့နယ်အတွင်းက ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေပါဝင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝန်းရံခဲ့ပါတယ်။
ဓာတ်ပုံ – Rebels of Middle
#Dailynews

