နတ်တလင်း – ၂၀၂၂ အောက်တိုဘာ ၁၄ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ် ပဲခူးရိုးမကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို မနေ့က ပဒေသာမိုင်း သုံးကြိမ်ဆွဲတိုက်ခိုက်ခဲ့ပြီး ဆယ်ဦးသေဆုံးတယ်လို့ Phoenix DF အဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်သားတွေက အင်အား ၅၀ ဝန်းကျင်နဲ့ ပဲခူးရိုးမအစပ်က ပျဥ်းမခေါင်အုပ်စု၊ ကြက်မနက်ကျေးရွာကနေညောင်လေးပင်ဘက်ကို စစ်ကြောင်းထိုးလာချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။
“သူတို့စစ်ကြောင်းတက်လာတဲ့အချိန် စောင့်ပြီး မိုင်းဆွဲတာပေါ့ ၊ပဒေသာမိုင်းသုံးကြိမ်ဆွဲခဲ့တာပေါ့၊သူတို့ဘက်ကဒဏ်ရာရတာရှိတယ်ဗျ၊ ဒဏ်ရာရတာတွေသေတာတွေကို ထမ်းဖို့ရွာသားတွေကိုပေါ်တာဆွဲတာတွေရှိပါတယ်”လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ – ၂ ၊ Phoenix DF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၁၀၊ တပ်ခွဲ – ၁၊ ဇီးကုန်း PDF နဲ့ တပ်ခွဲ – ၂ ၊ Phoenix DF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
အာဏာသိမ်းစစ်တပ် စစ်သားတွေကို ၁၀:၀၀ ဝန်းကျင်က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှာစစ်သား ၄ဦးသေဆုံးပြီး ၇ဥဦးထိခိုက်ဒဏ်ရာရခဲ့ကာ နေ့ခင်း ၁:၀၀ နာရီဝန်းကျင်က ထပ်မံမိုင်းဆွဲရာမှာ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရမ်းပစ်ခတ်တာကြောင့်ပြည်သူပိုင်နွားနှစ်ကောင် ကိုထိမှန်ခဲ့သေးတယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
#Dailynews

