ရန်ကုန်-၂၀၂၂ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း)
ဗကသကျောင်းသားခေါင်းဆောင် ကိုဂျိမ်း(ခ) ကိုလင်းထက်နိုင်ကို ဗိုလ်တထောင်မြို့နယ် ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(ခ)နဲ့ ဒီကနေ့ ထောင်ဒဏ်ငါးနှစ် ထပ်မံအမိန့်ချလိုက်ပါတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ကိုဂျိမ်းရဲ့ဇနီးကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အခုလိုရေးသားထားပါတယ်။
“ဒီမိုကရေစီရေးကာကွယ် လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မအမှုနဲ့ပါ မတရားဖမ်းဆီး အမှုဆင်ထောင်ချခြင်းဖြစ်ပါတယ်”
ကိုဂျိမ်းကိုမနှစ်က ဇွန် ၁၈ ရက်မှာ ဗိုလ်တထောင်မြို့နယ်မှာ စစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ကိုဂျိမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ရှစ်နှစ်အထိရှိလာပြီဖြစ်ပါတယ်။
ကိုဂျိမ်းရဲ့မိခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်က ထောင်ဝင်စာလာပို့စဉ် ပါဆယ်ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ပါတယ်။
#Dailynews

