ခရီးသွားဆောင်းပါးများ

မှတ်စရာအထွေထွေ မက္ခရာရေမြေ

February 28, 2017

ဒီရွာလေး ဘာကြောင့် သမိုင်းခေတ်မှာ ကျန်ခဲ့ရ ပါလိမ့်။ သမိုင်းသုတေသီတွေ ဘာကြောင့် ခြေဦးမလှည့်ကြတာ ပါလိမ့်။

အပြည့်အစုံဖတ်ရန်

လောကအတွက် လက်ဆောင်မွန်ဆိုတဲ့ မြို့

February 27, 2017

‘ခါဂျူရာဟိုက ဂူဘုရားတွေဟာ ကမ္ဘာသူကမ္ဘာသားတွေ အတွက် အိန္ဒိယနိုင်ငံက ပေးအပ်တဲ့ အတုမရှိ လက်ဆောင်မွန် ဖြစ်တယ်။ လူ့ဘဝရဲ့ ချစ်မြတ်နိုးမှုနဲ့ ကျေနပ်ပျော်ရွှင်မှုကို ဖော် ဆောင်ပေးတယ်’လို့ မဒရာပရာဒေ့ရှ် အစိုးရခရီးသွားလုပ်ငန်းက ညွှန်းပါတယ်။

အပြည့်အစုံဖတ်ရန်

အလင်းအမှောင်၊ မီးရောင်စုံနဲ့ အသံပြပွဲ

January 24, 2017

အိုချားနန်းတော်ရှေ့ မြက်ခင်းပြင်က အလင်းအမှောင်၊ မီး ရောင်စုံနဲ့ အသံပြပွဲကို ခံစားကြည့်ရှုရင်း ကျွန်တော်ရဲ့ စိတ်အာရုံ က မြန်မာနိုင်ငံက သမိုင်းရှိရာ အရပ်ဒေသက နေရာတွေကို ပြန့် လွင့်နေပါတယ်။ နိုင်ငံခြားဧည့်သည်တွေ အရောက်အပေါက်များ ပြီး စိတ်ဝင်တစားရှိကြတဲ့ သီပေါဟော်နန်းမှာ ဒီလိုပြပွဲမျိုးလုပ်ဖို့ ကျွန်တော် စိတ်ကူးနေမိပါတယ်။

အပြည့်အစုံဖတ်ရန်

မိခင်ဂင်္ဂါကို ပူဇော်ပွဲ

December 5, 2016

ရိုးရာဓလေ့ ယုံကြည်မှုအရ မိခင် ဂင်္ဂါကိုပူဇော်တာပုံမှန်လုပ်ဆောင်ရင်း တစ်ဖက်မှာ နိုင်ငံခြားသားခရီးသွား တွေကို ဆွဲဆောင်တာဖြစ်လို့ မိခင် ဂင်္ဂါပူဇော်တာ(Ganga Aarti)က ကမ္ဘာကျော်ပြီး ဗာရာဏသီကိုရောက် သူတိုင်းလိုလိုကြည့်ရှုရတဲ့ အခမ်း အနားတစ်ခု ဖြစ်နေပါတယ်။

အပြည့်အစုံဖတ်ရန်

စိမ်းညှို့ တောအုပ်တွေကြားက ဗန်းမောက်

October 11, 2016

အင်းတော်က လမ်းဆုံမြို့ဖြစ်တယ်။ မြစ်ကြီးနားဘက် သွားမယ့်သူတွေက တည့်တည့်ဆက်သွားကြရပြီး ကျွန်တော်တို့ က ဗန်းမောက်မြို့ သွားကြမှာမို့ ဘယ်ဘက်ချိုးဝင်ကြရတယ်

အပြည့်အစုံဖတ်ရန်

ဒုဋ္ဌဝတီမြစ်ကမ်းပါးက လွမ်းတေးတစ်ပုဒ်

September 5, 2016

သန်းနိုင်ဦး ရေးသည်။ တပေါင်းလပြည့်မတိုင်ခင် ရက် ပိုင်းလောက်မှာ Mandalay Journalism School က မအေးမွန်က ရွှေစာရံဘုရားပွဲသွားဖို့ ကျွန်တော်တို့ဇနီးမောင်နှံကို အဖော်စပ်တယ်။ ကျွန်တော်တို့ ကလည်း ဒီလိုအဖော်စပ်တာကို စောင့်နေကြသူတွေပီပီ နှစ်ခါ အဖော်စပ်စရာမလိုဘူး။ အထူး သဖြင့် မြစ်ဝကျွန်းပေါ်သူ ကျွန် တော့်အိမ်သူက မန္တလေး ဝန်း ကျင်သွားလာလည်ပတ်ချင်တဲ့ ဆန္ဒကလည်း ရှိနေတယ်။ တပေါင်းလဆန်း ၁၄ ရက်နေ့ကို သွားကြဖို့ ဆုံးဖြတ်ဖြစ်ကြတယ်။ ရွှေစာရံဘုရား သွားမယ့်နေ့ ရောက်တော့ ရာသီဥတုက ကြည် ကြည်လင်လင် သာသာယာယာ ပါပဲ။ မနက်စောစော ခုနစ် နာရီ လောက်မှာ မနက်စာစားပြီး တာနဲ့ စီးတော်ယာဉ်ဆိုင်ကယ် လေးနဲ့ နှစ်ယောက်သား မောင်း ထွက်လာခဲ့ကြတယ်။ ဆိုင်ကယ် ကို […]

အပြည့်အစုံဖတ်ရန်

ဆီမြို့၊ ချွေးမြို့၊ ဆေးလိပ်မြို့များကို ဖြတ်သန်းခြင်း

September 2, 2016

 သန်းနိုင်ဦး ရေးသည်။ သတင်းစာဆရာ ဦးရဲနိုင်မိုးနဲ့ အငြိမ်းစားကျောင်းဆရာ ဦးထွန်းတို့နှစ်ယောက် မန္တလေးကနေ နေပြည်တော်ကို ကားငှားသွားကြမယ့်ခရီးမှာ ကျွန်တော် အဖော်အဖြစ် လိုက်ပါခွင့်ရခဲ့တယ်။ နေပြည်တော်-မကွေးလမ်းကို တောင်ညို လမ်းက ဖြတ်မယ်ဆိုတာက ကျွန်တော့်ရဲ့ လိုက်ချင်စိတ်ကို တွန်းအားပေးသလို ဖြစ်စေတယ်။ နေပြည်တော်ကို သတင်းယူဖို့ လေး၊ ငါးကြိမ်ထက်မနည်း ညအိပ်ညနေ ကျွန်တော်ရောက်ခဲ့ဖူးပြီးသားဖြစ်တယ်။ နေပြည်တော်က ကျွန်တော့်ကို မဆွဲဆောင်နိုင်ဘူး။ လုပ်ငန်းကိစ္စဝိစ္စပြီးတာနဲ့ ပြန်ခဲ့တာချည်းပဲ။ အခုသွားမှာက နေပြည်တော်-မကွေးလမ်းသစ်ကြီးက သွားကြမှာ။ ဒီလမ်းခရီးက ကျွန် တော့်အတွက် အသစ်အဆန်းဖြစ်တယ်။ နေပြည်တော်-မကွေးသွားမယ့်နေ့ နေ့လယ်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ လုပ်မယ့် အစည်းအဝေးကို ဦးရဲနိုင်မိုး တက်ရတယ်။ ကျွန်တော့်အတွက်တော့ မျက်စိလည်လေ ဆွမ်း ဆန်ရလေကိန်း ဆိုက်တော့တာပဲ။ သပြေကုန်းဈေးရောက်လိုက်၊ မြို့မဈေးဘက်ရောက်လိုက် ဟန်ကျနေတော့တယ်။ ပြန်ကြားရေး အစည်းအဝေးက […]

အပြည့်အစုံဖတ်ရန်

ချင်းတောင်တန်းသို့ ခြေဆန့်ခြင်း

July 25, 2016

ကိုယ်တိုင်လည်း ဘာမျှ မလုပ်ဘဲနှင့် ဘုရားကို နားပူနားဆာ လုပ်၍ ဆုတောင်းရမည်ကို မောင်ကျပ်ခိုး တွေးရင်း ခပ်ရှက်ရှက် ဖြစ်လာသောကြောင့် တန်ခိုးကြီးသည်၊ ဆုတောင်းပြည့်သည်ဟု ထင်ရှားသော ရေဆန်ကျွန်းမြတ် ဆင်းတုတော် (၁၀၀၀) ကို ဦးချပြီး ပြန်ထွက်ခဲ့လေသည်။

အပြည့်အစုံဖတ်ရန်

အင်းလေးရေပြင် ပျောက်မသွားစေချင်

March 30, 2016

Photo – Myat Su Mon မှတ်မှတ်ရရ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်း လေးကန်သို့ နှစ်ကြိမ်တိတိ ရောက်ခဲ့ဖူးသည်။ သို့သော် အလည် သဘော အပျော်ခရီးမျိုးသာဖြစ်သည်။ အင်းလေးကန်နှင့်ပတ်သက်၍ သတင်းများတွင် လွန်ခဲ့ သည့်ဆယ်စုနှစ်အတွင်း အမြဲတစေ ဖတ်ရှုခဲ့ရသည်မှာ အင်းလေး ကန်ကြီး ရေခန်းလာပြီဆိုသည့် သတင်းများသာဖြစ်သည်။ အင်းလေးကန်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသတင်းနှင့် ဆောင်းပါးများကို အထူးပြုရေးသားလေ့ရှိသည့် သတင်းစာဆရာများအတွက် ရေးမကုန်သော အရင်းအမြစ်ကြီး တစ်ခု ဖြစ်သည်။ ယခင်ကလည်း ရေးခဲ့သည်။ ယခုလည်း ရေး မကုန် သားမကုန် အကြောင်းအရာများ ရှိနေဆဲဖြစ်သည်။ နောင် လည်း ရှိနေဦးမည်ဖြစ်သည်။ ယခု ထိုအင်းလေးကန်သို့သွားရရန် အကြောင်းဖန်လာ သည်။ သည်တစ်ကြိမ်ခရီးကား အပျော်ခရီးမဟုတ်။ ရက်သတ္တ တစ်ပတ်ကြာနေထိုင်ကာ ရာသီဥတုဖောက်ပြန်ခြင်းနှင့် […]

အပြည့်အစုံဖတ်ရန်

ဧည့်မျှော်တဲ့ တောင်ပေါ်မြို့

February 24, 2016

ကျွန်တော်တို့ ပြင်ဦးလွင်တက်ကြဖို့ မိတ်ဆွေဖြစ်တဲ့ ဦးကျော်ဆန်း မိသားစုက အဖော်စပ်တယ်။ အဖော်စပ်တဲ့အချိန် က နှစ်ဆန်းပိုင်း ရာသီဥတုအေးတဲ့အချိန်။ ကျွန်တော်ရယ်၊ ကျွန်တော့်အိမ်သူရယ် ကလည်း အဖော်ကောင်းရင် ကျောက်မြောင်း တစ်ခေါက်ဆိုတဲ့ တွဲလက်ညီတဲ့ ဇနီးမောင်နှံတွေလေ။ ပြင်ဦးလွင်ကို တက်ဖို့ ရက် ရွေးကြတော့ သူတို့ကလေးတွေ ကျောင်းပိတ်ရက်နဲ့ ဆုံတဲ့ တနင်္ဂနွေနေ့ရယ်၊ ဦးကျော်ဆန်းအလုပ်အားတဲ့ ဥပုသ်နေ့ရယ် တိုက်ဆိုင်တဲ့ ဇန်နဝါရီ ၃ ရက်ကို ရွေးလိုက်ကြတယ်။ မနက်စော စောတက်ပြီး ညနေမှ ပြန်ကြမယ်။ ဇန်နဝါရီ ၃ ရက် မနက် မန္တလေးအနောက်ခြမ်းမှာရှိတဲ့ စိန်ပန်းရပ်က ဦးကျော်ဆန်းတို့အိမ်ကို ကျွန်တော်တို့လင်မယား ဆိုင် ကယ်နဲ့ ထွက်လာခဲ့ကြတယ်။ ဦးကျော်ဆန်းတို့အိမ် ရောက်ခါနီး တော့ ဦးကျော်ဆန်းရဲ့ မဟေသီ အန်တီဝါက အဆင်သင့်ဖြစ်နေ […]

အပြည့်အစုံဖတ်ရန်

စိတ်ဓာတ်တွေ ညီညွတ်ရဦးမည့် တောင်ငူ အပိုင်း(၂)

November 18, 2015

တောင်ငူမြို့ခံများက သူတို့မြို့သည် ဆင်းရဲချမ်းသာ ကွာဟ မှု နည်းနည်းမျှတသည်ဟု ဆိုပါသည်။ ”အိမ်ထောင်စုတစ်စုရဲ့ မီး ဖိုချောင်စရိတ်က သိပ်မကြီးဘူး။ သာမန်လူတွေအတွက် တစ် ရက် သုံးထောင်ရှိရင် အသားဟင်းကလေးတစ်ခွက်၊ အသီးအရွက် ဟင်းတစ်ခွက် ချက်နိုင်တယ်”ဟု သတင်းထောက် ကိုကျော်သူ ဝင်းက ပြောပါသည်။

အပြည့်အစုံဖတ်ရန်

စိတ်ဓာတ်တွေ ညီညွတ်ရဦးမည့် တောင်ငူ အပိုင်း(၁)

November 18, 2015

အမုန်းစကားများကား တမင်တကာ ခွင့်ပြုထားလေ သလား အောက်မေ့ရလောက်အောင်ပင် အဟန့်အတားမရှိ ဖြန့် နေကြဆဲ။ သည်အထဲမှ ပဋိပက္ခကို တားဆီးနိုင်ခဲ့ခြင်းသည် ဘာသာပေါင်းစုံအဖွဲ့ရဲ့ ညီညွတ်မှုဟု ‘အဓိပတိ’သတင်းဂျာနယ် သတင်းထောက် ကိုကျော်သူဝင်းက ပြောပါသည်။

အပြည့်အစုံဖတ်ရန်
1 2 3 4

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."