အစိုးရသစ်ကို ဘယ်သူအတိုက်အခံလုပ်မလဲ (၃)

ဦးရဲထွန်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (သီပေါမြို့နယ် မဲဆန္ဒနယ်)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။

သန်းထိုက် မေးမြန်းသည်။

မော်ကွန်း။  ။ လွှတ်တော်အသစ်မှာ ပေါ်လာမယ့်အတိုက်အခံရဲ့ ပုံစံက ဘယ်လိုပုံစံဖြစ်မလဲ။

ဦးရဲထွန်း။  ။ လွှတ်တော်အသစ်မှာ အတိုက်အခံဆိုတာက ပြိုင် ဘက်ပါတီတွေရဲ့အင်အားကတော့ နည်းတယ်။ နည်းတယ်ဆို တော့ တိုင်းရင်းသားပါတီတွေထဲမှာဆိုရင်လည်း SLND တို့၊ ANP တို့။ ANP ဆိုတာကလည်း အရင်တုန်းက NLD နဲ့ မဟာ မိတ်ဖွဲ့ထားတဲ့ ဦးအေးသာအောင်တို့ရဲ့ပါတီက ဖြစ်လာတာဆို တော့ နည်းတယ်လို့ ပြောရမှာပေါ့။ အဲဒီတော့ ပြည်ခိုင်ဖြိုးက လည်း ၄ဝ ကျော်လောက်ပဲရှိမယ်ဆိုတော့ အတိုက်အခံအားနည်း တဲ့ လွှတ်တော်လို့တော့ ပြောနိုင်တာပေါ့။

သို့သော်လည်း အမှန်က အခုပြည်ထောင်စုအဆင့်မှာရှိတဲ့ လွှတ်တော်က ပါလီမန်စနစ်နဲ့ ဖွဲ့ထားတယ်။ ဥပမာ-သမ္မတရွေးတဲ့ ကိစ္စတွေ၊ ဘာတွေက လွှတ်တော်က ရွေးရတာဖြစ်တော့ ဒါ  ပါလီ မန်စနစ် နည်းနည်းဆန်ပေမယ့် အပြန်အလှန် Check and Balance အလုပ်လုပ်တာကတော့ သမ္မတနဲ့ ဥပဒေပြုရေး လွှတ် တော်နဲ့ အပြန်အလှန်ထိန်းကျောင်းတဲ့ဟာကို အဓိက အသား ပေးထားတယ်။

အဲဒါကို အသုံးချပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျွန်တော်တို့က အပြန်အလှန်ထိန်းကျောင်း တယ်။ အဲဒီအပိုင်းတွေ နားလည်ပြီးတော့ နောက်တက်တဲ့ ပါတီရဲ့ ခေါင်းဆောင်တွေက သဘောပေါက်ရင်တော့ အစိုးရရဲ့ လုပ်ငန်း ဆောင်တာတွေကို မှန်မှန်ကန်ကန်ထောက်ပြတဲ့ဟာက ဆက်ရှိ နေမယ်လို့ထင်တယ်။ ဒါပေမဲ့ နောက်အစိုးရရဲ့ ပေါ်လစီတစ်ခု လုံးကို စိန်ခေါ်တာမျိုး၊ ပေါ်လစီတစ်ခုလုံးကို ဝေဖန်ထောက်ပြပြီး ကန့်ကွက်တာမျိုးကတော့ အားနည်းလိမ့်မယ်။

အစိုးရရဲ့လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုအပေါ်ကို အုပ်ချုပ်ရေးယ္တနရားကြီးက လူ့အခွင့်အရေးချိုး ဖောက်နေတာ၊ အကျင့်ပျက်လာဘ်စားနေတာ။ အဲဒါတွေနဲ့ ပတ် သက်လို့တော့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြကြ လိမ့်မယ်လို့ထင်တယ်။

အဲဒီမှာ မတူတာက အဲဒီ ယ္တနရားကြီးရဲ့ မကောင်းတဲ့ဟာ တွေကို ထောက်ပြတယ်ဆိုရင်ကိုပဲ ဒီအစိုးရတာဝန်ရှိတဲ့လူတွေက သဘောမကျဘူး။ အဲဒီလို မေးခွန်းမေးတာကိုပဲ သူတို့က မင်းတို့ အစိုးရကို ဘာလို့မေးတာလဲဆိုပြီး စိတ်ဆိုးတယ်။ နောက် ဖြည်း ဖြည်းချင်း ဒါကိုအထာကျလာပေမယ့် ဒီနေ့နောက်ဆုံးသက်တမ်း ကုန်ခါနီးအထိကိုပဲ သူတို့က ဦးရွှေမန်းက မြှောက်ပေးလို့ လွှတ် တော်ကိုယ်စားလှယ်တွေက သူတို့ကို ဒီလိုလုပ်ပါတယ်၊ ဒီလိုမေး ခွန်းတွေ ထုတ်ပါတယ်ဆိုပြီး မကျေမနပ်နဲ့ ဒီစနစ်ရဲ့ကောင်းမွန်မှု ကို အသိအမှတ်မပြုဘူးလို့ ကျွန်တော်က ခံစားရတယ်။

လွှတ်တော်ဆိုတာကလည်း ပြည်သူလူထုရဲ့ နေ့စဉ် အုပ် ချုပ်ရေးယန္တရားရဲ့ မဟုတ်မမှန်ဖောက်ပြန်မှုတွေ၊ မဟုတ်မမှန် လုပ်ကြံဖောက်ပြန်မှုတွေကို မေးခွန်းထုတ်တဲ့၊ အရေးကြီးတဲ့ အဖွဲ့ ကြီးဖြစ်တယ်။ အဲဒါက မှန်မှန်ကန်ကန် အလုပ်လုပ်နေပြီဆိုရင်ပဲ ဝမ်းသာနေရမှာ။

မော်ကွန်း။  ။ အတိုက်ခံအင်အားနည်းသွားတဲ့အတွက် အနိုင်ရ ပါတီကပဲ အချင်းချင်းပြန်ပြီး ထိန်းကျောင်းတာမျိုးလား။

ဦးရဲထွန်း။  ။ မှန်တယ်၊ မှန်တယ်။ သူတို့အချင်းချင်းဆိုတာက ထိပ်ပိုင်းက အစိုးရအဖွဲ့ဝင်တွေကတော့ သူတို့က အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် လူကောင်းသူကောင်းတွေ နိုင်ငံနဲ့နိုင်ငံသား အတွက် တကယ်အလုပ်အကျွေး ပြုချင်တဲ့သူတွေ၊ Corruption ကို ရွံ့မုန်းတဲ့လူတွေ၊ Corruption ကို တိုက်ဖျက်ချင်တဲ့လူတွေ ဖြစ်ကောင်းဖြစ်မယ်။

သို့သော်လည်း တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ မဏ္ဍိုင်မှာ ဆိုလည်း မဟုတ်မတရားတဲ့ကိစ္စတွေက  အနိုင်ရနေတာ၊ အဲဒီလို မျိုးတွေက ဆက်ရှိနေဦးမှာပဲ။ နောက်အစိုးရကာလဆက်ရှိနေမှာ အထက်က လူပြောင်းသွားသော်လည်း အောက်က လူက ဆက်ရှိ နေမှာ။ အဲဒါကို လွှတ်တော်ကြီးက ထောက်ပြဝေဖန်တယ်ဆိုရင် ဟိုဘက်က လူကြီးတွေက ဒါကို ဝမ်းပန်းတသာကြိုဆိုပြီး ဘယ်လို ပြင်မလဲဆိုတာကို ကြိုးစားရှာပေးရမယ်။

အရင်ငါးနှစ်သက်တမ်းမှာတော့ အဲဒီလို မရှာပေးဘူး။ သူ တို့က စာရွက်စာတမ်း အပေါ်ယံလောက်ပဲ ရှာပြီးတော့ လွှတ် တော်ထဲမှာလာဖြေတယ်။ ဆိုလိုတာက လိမ်ညာနေတာပေါ့ဗျာ။

မော်ကွန်း။  ။ လာမယ့်လွှတ်တော်မှာ လူနည်းစုတိုင်းရင်းသား တွေကရော အတိုက်အခံနေရာ ယူလာနိုင်မလား။

ဦးရဲထွန်း။  ။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတယ်၊ စစ်ဘေးစစ်ဒဏ်တွေခံရတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ မေးခွန်တွေမေးတာ၊ အဆိုတွေတင်သွင်းတာ ဒါမျိုး တွေ လုပ်နိုင်တာပေါ့ဗျာ။ အဲဒီမှာ ဒါတွေရဲ့ အခြေခံပြဿနာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော် တို့အစိုးရကြားမှာ ထာဝရ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်လို့။

အဲဒီဟာတည်ဆောက်နိုင်ဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ တွေကို သွားရမှာ။ အခုက နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားဖို့ အတွက် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးတယ်။ ထိုးတာမှာလည်း တစ်ဝက်က ထိုးတယ်၊ တစ်ဝက်က မထိုးဘူးဆို တော့ ဒါတွေကို သူတို့ဆက်လုပ်ရမှာဗျ။

မော်ကွန်း။  ။ အတိုက်အခံအင်အားနည်းတော့ ဘာတွေဖြစ်သွား နိုင်လဲ။

ဦးရဲထွန်း။  ။ ကျွန်တော် ယုံကြည်တာတစ်ခုက NLD က ကိုယ် ကျိုးစီးပွားရှာတာ၊ ဥပဒေချိုးဖောက်ပြီး လုပ်တာတွေ လုံးဝခွင့် မလွှတ်ဘူးလို့ သူ(ဒေါ်အောင်ဆန်းစုကြည်)က ပြတ်ပြတ်သား သား ပြောထားတဲ့အတွက်ကြောင့် ဒီဟာနဲ့ပတ်သက်လို့ ထောက် ထားလိမ့်မယ် မထင်ဘူး။ ပြီးတော့ ဒီစနစ်ရဲ့ အလုပ်လုပ်ပုံကို သိပြီးတော့ မဟုတ်တာတွေ့ရင် ရဲရဲတင်းတင်းပြောဆိုလို့ရှိရင် လွှတ်တော်ထဲမှာ အတိုက်အခံအားနည်းလို့ ဖြစ်ပေါ်လာနိုင်တဲ့ ဟာမျိုး မဖြစ်နိုင်ဘူးလို့ ကျွန်တော်က သုံးသပ်တယ်။

သို့သော် ခုနပြောတဲ့အစိုးရအဖွဲ့ခေါင်းဆောင်၊ ပါတီခေါင်း ဆောင်က ငါတို့ တစ်ဖွဲ့တည်းပဲ၊ ဒီလောက်ဟာလေးကိုတော့ မပြောကြနဲ့ဆိုပြီး ဖုံးဖုံးဖိဖိလုပ်မယ်၊ ပြည်သူလူထုအတွက် ထိ ခိုက်စေတဲ့ဟာတွေ ပြောခွင့်မပြုဘူး၊ ဝေဖန်ခွင့် မပြုဘူးဆိုရင် တော့ ခင်ဗျားတို့ စိုးရိမ်တဲ့ပုံစံကြီး ဖြစ်လာနိုင်တာပေါ့။ လွှတ် တော်နဲ့ အစိုးရနဲ့ ညီညွတ်ပြီးတော့ ပြည်သူလူထုအတွက် အကျိုး မရှိတဲ့ ဟာတွေ၊ ငွေကုန်တဲ့ ဟာတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ဟာတွေ မဖော်ထုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့စိုးရိမ်တဲ့အတိုင်း တိုင်းပြည်က ဘာမှအပြောင်းအလဲမရှိဘူးပေါ့။ ဒီအပြောင်းအလဲ မရှိတဲ့အစိုးရက ဘာမှလည်းမလုပ်တတ်ဘူးဆိုပြီး နောက်ငါးနှစ် ကြာရင် နောက်ပါတီတစ်ခုကို ပြောင်းပြီးတော့ ပြည်သူလူထုက မဲပေးတာဖြစ်သွားမယ်။

မော်ကွန်း။  ။ လွှတ်တော်ပြင်ပရောက်သွားတဲ့လူတွေ ဖွဲ့စည်းထား တဲ့အဖွဲ့တွေကရော NLD ကို ဘယ်လိုထိန်းကျောင်းနိုင်မလဲ။

ဦးရဲထွန်း။  ။ အတိုက်အခံလုပ်မယ်ဆိုတာက မှန်မှန်ကန်ကန် အကျိုးနဲ့အကြောင်းနဲ့ ထောက်ပြလို့ရှိရင်တော့ အကျိုးရှိမှာပါ။ အဲဒီလို မဟုတ်ဘဲ ငါမဟုတ်လို့၊ သူများလုပ်တာမို့လို့ မကောင်း ပြောမယ်ဆိုရင်တော့ ဟိုက ဂရုမစိုက်ဘဲ နေလို့ရတယ်လေ။ ဘာ လို့လဲဆိုတော့ သူက လွှတ်တော်ကိုယ်စားလှယ်မဟုတ်ဘူး။ လွှတ် တော်ကိုယ်စားလှယ်မဟုတ်တော့ လွှတ်တော်ထဲမှာ မဲခွဲတဲ့နေရာ မှာမပါနိုင်ဘူး။ မပါနိုင်တော့ ဘယ်လောက်ပဲပြောပြော အကျိုး အကြောင်းရှိရှိနဲ့၊ တာဝန်ယူမှုရှိရှိနဲ့ ပြောပြတဲ့ကိစ္စမဟုတ်လို့ရှိရင် သူတို့ ဂရုမစိုက်ဘဲနေလို့ရတာပေါ့။

အဲဒီတော့ အကျိုးအကြောင်းရှိတယ်၊ ထောက်ပြတာတွေ က နားထောင်သင့်တယ်ဆိုရင် အဲဒီအပြင်က အသံကို နားထောင် ပြီးတော့ လွှတ်တော်ထဲမှာလည်း သူတို့ပါတီကနေပြီး အပြင်က ထောက်ပြတဲ့အတိုင်း လိုက်လုပ်ပေးတာမျိုးရှိတယ်။

မော်ကွန်း။  ။ တပ်ချုပ်အဟောင်းရော အသစ်နဲ့ပါ ဒေါ်အောင် ဆန်းစုကြည်က တွေ့ပြီးသွားတော့ တပ်ကလည်း လွှတ်တော်ထဲ မှာ အတိုက်အခံလုပ်ပါတော့မလား။

ဦးရဲထွန်း။  ။ အဲဒီမှာတော့ တပ်ရဲ့ ရှုမြင်ပုံကအရေးကြီးလာတယ်။ အရင်တုန်းက ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကိုကြည့်လိုက်ရင်       တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ နဂိုပါတီက မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ဖြစ်တယ်။ အဲဒီ မဆလက လည်း တပ်က မွေးဖွားပေးလိုက်တာပဲ။ တစ်ခါ ပြည်ခိုင်ဖြိုးပါတီ ဆိုတာကလည်း တပ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မွေးဖွားပေး လိုက်တာပေါ့။

ပေးလိုက်တဲ့အခါကျတော့ သူတို့ကို ငါးနှစ်လောက်အုပ် ချုပ်ပြီးတော့ ကြိုးစားခိုင်းတယ်။ ကြိုးစားခိုင်းပေမယ့်လည်း အပြောင်းအလဲတွေက ထင်သာမြင်သာမဖြစ်ဘူးလို့ ပြည်သူလူ ထုက ခံစားတဲ့အခါကျတော့ အခု သူတို့က Landslide ရှုံးသွား တာပေါ့။ ရှုံးသွားတဲ့အခါကျတော့ တပ်မတော်က စဉ်းစားရမှာက အနာဂတ်နိုင်ငံရေးမှာ ငါတို့က တပ်မတော်ရဲ့ အခန်းကဏ္ဍကိုပဲ ပီပီပြင်ပြင် နိုင်ငံရေးပါတီတွေနဲ့ ကင်းကင်းရှင်းရှင်းသွားမလား၊ ဒါမှမဟုတ် ငါတို့က ယုံကြည်တဲ့ပါတီတစ်ခုခုကိုပဲ Backup (ကျောထောက်နောက်ခံ)လုပ်မလား။

အဲဒီလိုစဉ်းစားရမှာဖြစ်သလို အဲဒီလိုစဉ်းစားခြင်းအားဖြင့် သူတို့က လွတ်လွတ်ကင်းကင်းသွားမယ်ဆိုရင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း တက်လာမယ်။ တစ်ခါ တပ်မတော်က မွေးဖွား ပေးလိုက်တဲ့ ပါတီဆိုရင်လည်း တပ်မတော်က ကင်းကင်းရှင်း ရှင်းနေမှာလား။ နေပြီးတော့ ပြည်သူ့ပါတီဖြစ်အောင် ပြည်သူလူ ထုကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ညီလာခံတွေ ကျင်းပ၊ ဗဟိုကော်မတီကိုလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်။ အဲဒီလို ပြည်သူ့ပါတီဖြစ်အောင် သွား ကြမလားဆိုတာကို ပြည်ခိုင်ဖြိုးပါတီကနေ စဉ်းစားရမှာ။ ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့တိုင်းပြည်က ရှေ့ကိုတိုးတက်မှာ မဟုတ်ဘူး။

မော်ကွန်း။  ။ ပါလီမန်ထဲမှာ တကယ်အလုပ်လုပ်နေတဲ့ လူတွေ လည်း ရွေးကောက်ပွဲရှုံးထားတော့ သူတို့က လွှတ်တော် ပြင်ပမှာ ဘယ်လိုပုံစံမျိုး အတိုက်အခံလုပ်သင့်လဲ။

ဦးရဲထွန်း။  ။ ကျွန်တော်ကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ အများကောင်းကျိုးအတွက်၊ တိုင်းပြည်ကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုးအတွက်လုပ်တာဆိုတဲ့ စိတ်နဲ့ပဲ လုပ်မှာဆိုတော့ ကိုယ့်မြို့နယ်မှာ မတော်မတရားခံရတဲ့ကိစ္စတွေအတွက် ဆက်ပြီး တော့ ကူညီမယ်။ ကူညီနိုင်သလောက်ကူညီမယ်။

ပြီးတော့ မီဒီယာတွေအပေါ်မှာ ဆောင်းပါးတွေ ရေးမယ်။ အခုလို အင်တာဗျူးတွေ ဖြေမယ်။ အပြုသဘောနဲ့ ထောက်ပြမယ် ပေါ့။ တချို့တွေကျတော့လည်း အဖွဲ့ဖွဲ့ပြီးတော့ ဝေဖန်မယ်ဆိုတာ က ကျွန်တော်နဲ့တော့ စိတ်ထားချင်း တူချင်မှ တူမှာပေါ့။ ကျွန် တော်ကတော့ သူတို့လုပ်တဲ့ဟာမှန်သမျှ ရန်သူအာဏာရပါတီ လုပ်တဲ့ဟာ မှန်သမျှ ဆန့်ကျင်ရမယ်ဆိုတဲ့အမြင်မျိုး သဘော မတူဘူး။

ကျွန်တော်တို့အာဏာရဖို့ ကျွန်တော်ပြန်အရွေးခံရဖို့ဆို တဲ့စိတ် ကျွန်တော်မထားဘူး။ ဒီမိုကရေစီရင့်ကျက်ပြီးသား နိုင်ငံ တွေမှာတော့ အတိုက်အခံတွေက ဘာမှမပြောဘဲနဲ့ အမှားတွေ မှတ်ထားပြီးတော့ ရွေးကောက်ပွဲနီးကာမှ အမှားတွေကို ထုတ်ပြီး ပြောတာပေါ့။ ရွေးကောက်ပွဲနီးလာကာမှ အမှားတွေကို စုထား ပြီးတော့ ဒီအမှားတွေကြောင့်တိုင်းပြည်က ဘယ်လိုဖြစ်တာ၊ သူ သာဆိုရင် ဘယ်လိုလုပ်မှာဆိုပြီး အဲဒီလိုမျိုးလုပ်တာ။

မော်ကွန်း။  ။ လက်ရှိလွှတ်တော်မှာ NLD က ၄၃ နေရာ ရထား တယ်။ လွှတ်တော်အသစ်မှာတော့ ပြည်ခိုင်ဖြိုးက ၄၂ နေရာ ရ တယ်ဆိုတော့ ပြည်ခိုင်ဖြိုးနဲ့  NLD မကွာဘူးလို့ ယေဘုယျ ပြောနိုင်တော့ ပြည်ခိုင်ဖြိုးက NLD  အတိုက်အခံလုပ်တဲ့ ပုံစံ ဆီကနေ ဘာတွေသင်ခန်းစာ ယူလို့ရနိုင်မလဲ။

ဦးရဲထွန်း။  ။ ပြည်ခိုင်ဖြိုးအနေနဲ့က ရှုံးသွားတဲ့ဟာကို မှန်မှန်ကန် ကန် နိဂုံးချုပ်နိုင်ဖို့တော့ လိုတယ်ဗျ။ အခုထိတော့ သူတို့ပါတီက တာဝန်ရှိတဲ့လူတွေဆီက မှန်မှန်ကန်ကန် နိဂုံးချုပ်တဲ့ အသံမကြား ရသေးဘူး။ အဓိကအားဖြင့် ပြည်သူလူထုရဲ့ စိတ်သဘောထားကို နားမလည်ဘူး။ သူတို့က ငါးနှစ်လောက်လုပ်ကိုင်ပြီးတော့ ပြည် သူလူထုအတွက် ငွေတွေ ချေးပေးလိုက်မယ်။ နောက် လမ်းတွေ ဖောက်တယ်၊ တံတားတွေဆောက်၊ ကျန်းမာရေးစောင့်ရှောက်မှု တွေမှာလည်း အကုန်လုံး အခမဲ့ပြန်ပြီးတော့ လုပ်ပေးမယ်။ အဲဒီ လိုလုပ်ပေးလိုက်ရင် ပြည်သူလူထုက သူတို့ကို ပြန်ပြီးတော့ မဲ ထည့်ကြလိမ့်မယ်လို့ အဲဒီလိုပဲ လွယ်လွယ်တွေးတာကိုး။ တကယ် ကျတော့ သူတို့ရဲ့ယန္တရားကြီးက၊ သူတို့ယ္တနရားဆိုတာ စစ်အစိုးရ ပေါ့။ စစ်အုပ်ချုပ်ရေးစကတည်းက ပျက်စီးပြီးလာခဲ့တဲ့ ကျွန် တော်တို့တိုင်းပြည်ရဲ့ စာရိတ္တအပျက်အစီးဟာ ကဏ္ဍပေါင်းစုံပါပဲ။

ကျောင်းဆရာလောကမှာလည်းရှိတယ်၊ တရားရေးမှာလည်း ရှိတယ်၊ ဝန်ထမ်းလောကမှာလည်းရှိတယ်။ အကုန်လုံးက စိတ် ညစ်စရာကောင်းလောက်အောင်၊ ကမ္ဘာမှာဆိုရင် အဲဒီပျက်စီးမှု တွေက အနိမ့်ဆုံးပဲ။ ပြည်သူလူထုက ဒီလူတွေ ဘယ်လိုပဲကောင်း အောင်လုပ်လုပ် ယုံကြည်စိတ်ဟာ မရှိဘူး။ ဒါဆိုရင် အဲဒီလို ယုံ ကြည်လာအောင် ဘယ်လိုလုပ်မလဲဆိုတော့ သူတို့ပါတီထဲမှာရှိတဲ့ အခုခေါင်းထောင်နေတဲ့လူတွေကို ပထမဦးဆုံးသန့်စင်ပစ်ရမယ်။ သန့်စင်ပစ်ရမယ်ဆိုတာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ မင်းထွက်မင်း ထွက်ဆိုပြီး ထွက်ခိုင်းရမှာလားဆိုတော့ အဲဒီနည်းကမဖြစ်ဘူး။

ပြည်သူလူထုအတွင်းမှာကိုပဲ ပါတီရဲ့လမ်းစဉ်အပေါ်မှာ ယုံကြည်တဲ့လူတွေကိုစုပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင် မြှောက်လိုက်တဲ့ ကော်မတီအသီးသီးကနေ ဗဟိုမှာ လာစု၊ ညီလာခံကျင်းပ၊ အဲဒီညီလာခံကြီးမှာ ရှေ့ဆက်ရမယ့်လုပ်ငန်းတွေ သုံးသပ်ပြီးတော့ ပါတီခေါင်းဆောင်မှုကိုလည်း ဒီမိုကရေစီနည်း ကျ ရွေး၊ ရွေးပြီးရင် သန့်ရှင်းတဲ့ပါတီပေါ့။ သန့်ရှင်းတဲ့ပါတီ အရင် ဆုံးစဖွဲ့သင့်တယ်။ ပါတီသန့်ရှင်းမှ အစိုးရကလည်း သန့်ရှင်းမှာ။

အခု ကျွန်တော်တို့လူထု စိတ်ပျက်နေတာက Unclean Government (မသန်ရှင်းတဲ့ အစိုးရ)ပေါ့။ Unclean Government ဘယ်ကလာသလဲဆိုတော့ Clean လာမှာပေါ့ဗျာ။ NLD ကလည်း ၂ဝ၁၂မှ ပြန်ပြီးတော့ Recruit လုပ်တာပေါ့။ ပြန်ပြီး စုစည်းနိုင်တာပေါ့။ လူစုတော့ ပါတီတွင်းမှာ အခွင့်အရေး လိုချင်တဲ့သူတွေရော၊ ဘာတွေရော အများကြီးပေါ့။

သို့သော် ဒေါ်စုက သြဇာရှိတယ်။ အခုရွေးကောက်ပွဲမှာ လည်း သူ့ရဲ့ ကြိုးပမ်းမှု၊ သူ့တစ်ယောက်တည်းရဲ့ အရှိန်နဲ့ နိုင်တာ ပဲ။ ဒါကို ဘယ်သူမှ ငြင်းလို့မရဘူး။ သူကလည်းပြောတယ်၊ လွှတ် တော်ကိုယ်စားလှယ်တွေ ဆောင့်ကြွားဆောင့်ကြွား မလုပ်နဲ့၊ ပါတီရဲ့နာမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာတာ။ ဒါ ဘယ်သူမှ ငြင်းလို့မရဘူး။ သူက ပိုင်ပိုင်နိုင်နိုင်ကိုင်တယ်။ သူ့လူ တွေကို မင်းတို့ အဲဒီတော့ မဟုတ်တာတွေ မလုပ်နဲ့၊ ဆွေမျိုး ကောင်းစားရေးဝါဒ မကျင့်သုံးနဲ့၊ အခုကတည်းက သတိပေး လိုက်မယ်။ အဲဒီလိုဥပဒေချိုးဖောက်ပြီး အဲဒီလိုမဟုတ်တာလုပ်တဲ့ လူတွေထောင်ကျပြီဆိုလည်း ငါတို့မကယ်ဘူး။ ထောင်ဝင်စာ တော့ လာတွေ့မယ်။ ဒီလိုဖြစ်နေရမယ်။ ပါတီက အဲဒီလို သန့်ရှင်း နေရမယ်။ မသန့်ရှင်းလို့ သူ့ခမျာလည်း ပါတီ စထောင်တာ အချိန် တွေ၊ ဘာတွေ မပေးနိုင်တဲ့အခါကျတော့ ရရာလူစုလိုက်ရတာ။ သူလည်း သိပ်မသိဘူး။ ဘယ်သူတွေက အခွင့်အရေးသမားတွေ လဲ၊ ဘယ်သူတွေက အကျင့်စာရိတ္တမကောင်းတဲ့လူတွေ၊ သူ မသိ နိုင်ဘူးလေ။ သို့သော် သူ့မှာ အားကောင်းချက်တစ်ခုက   ”ကျွန်မ ကတော့ ဒီလိုပဲ ဥပဒေနဲ့အညီ သွားမယ်။ ဘယ်သူ့မျက်နှာမှ မထောက် နိုင်ဘူး” လို့ ပြောတယ်။ သူက ပြတ်ပြတ်သားသား လုပ်တယ်လေ။

အဲဒီတော့ ပြည်ခိုင်ဖြိုးက သန့်ရှင်းတဲ့ပါတီတစ်ရပ် ဖြစ် အောင် ပြည်သူလူထုအတွက် တကယ်အလုပ်အကျွေးပြုမယ်၊ ကိုယ့်အကျိုးစီးပွားအတွက် နိုင်ငံရေးလုပ်တာမဟုတ်ဘူးဆိုတာ ယုံကြည်လာအောင် ပါတီတည်ဆောက်ရေး အရင်လုပ်ရမယ်။

မော်ကွန်း။  ။ လက်ရှိအတိုက်အခံ အင်အားနည်းသွားတဲ့အတွက် လွှတ်တော်အသစ်မှာ ဘာတွေက စိုးရိမ်စရာဖြစ်သွားလဲ။

ဦးရဲထွန်း။  ။ နောက်လွှတ်တော်မှာတော့ တပ်မတော်သားက ၂၅ ရာခိုင်နှုန်းရှိမယ်။ အဲဒီတော့ အရင်ပြဋ္ဌာန်းထားတဲ့ ၁၉၈၂ နိုင်ငံ သားဖြစ်ရေးဥပဒေတို့၊ မျိုးစောင့်ဥပဒေလေးရပ်တို့ အဲဒါမျိုးတွေ ကို နိုင်ငံတကာကလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံ ညွှန်းတွေနဲ့ မညီဘူးဆိုပြီး ဖိအားပေးလာတာတွေရှိတယ်။ အဲဒီ အခါ နောက်တက်လာမယ့် အစိုးရနဲ့ လွှတ်တော်က ပြန်ဖျက်မယ်၊ ပြင်မယ်လုပ်ခဲ့မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ တပ်မတော် သားကိုယ်စားလှယ်တွေက ကန့်ကွက်တာရှိမယ်။

နောက်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေကလည်း ကန့်ကွက် တာတွေရှိမယ်။ အဲဒီဟာတွေတော့ ပြင်းပြင်းထန်ထန် ကန့်ကွက် တာတွေ ကြုံရလာနိုင်တယ်။ ဒါ့အပြင် ပြင်ပမှာလည်း Activist တွေ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး မဘသလို အဖွဲ့ ကြီးတွေကနေ လူထုဆူပူမှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်လာမယ်။ လှုံ့ ဆော်တာမျိုးတွေ ရှိလာနိုင်တယ်။ အဲဒါတွေကတော့ Very Sensitive Issue ပေါ့။ ဒါတွေကိုတော့ နည်းနည်း ချင့်ချင့်ချိန်ချိန် လုပ်ဖို့လိုမယ်။           ။

ရှေ့ အပိုင်း(၂)တွင် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှ ဥက္ကဌ ဦးမြတ်သူ နှင့် တွေ့ဆုံ မေးမြန်းထားသော အင်တာဗျူး းဆောင်းပါးကို အောက်ပါ Link ကိုနှိပ် ၍ဖတ်ရှုနိုင်ပါသည်။

အပိုင်း(၂)သို့

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."