ဓါတ်ပုံ – TTAJ တိုကျို – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း) အမျိုးသမီးတွေအပေါ် စစ်အုပ်စုလက်အောက်ခံတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကမ္ဘာကသိရှိစေဖို့ တရားမျှတမှုရှိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ဒီကနေ့ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေဟာ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ကြောင်း ဒီပွဲမှာ ပါဝင်ခဲ့တဲ့ TTAJ အဖွဲ့က သတင်းပေးပို့ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲရဲ့ ဆောင်ပုဒ်ကတော့ “လိင်အကြမ်းဖက်ချက်ချင်းရပ် မုဒိမ်းစစ်တပ်အမြစ်ဖြတ်” ဖြစ်ပါတယ်။ တိုကျိုမြို့မှာရှိတဲ့ UN တက္ကသိုလ်ရှေ့မှစတင်ပြီး လူစည်ကားရာshibuyaမြို့ကို လှည့်ပတ်ချီတက် လမ်းလျှောက်ခဲ့ကာ UN တက္ကသိုလ်ရှေ့မှာပဲ အဆုံးသတ်ခဲ့ပါတယ်။ #Dailynews
ဓါတ်ပုံ- မော်ကွန်း ရန်ကုန်-၂၀၂၁ ဇွန် ၁၉ (မော်ကွန်း) စစ်တပ်က ဖမ်းဆီးထားသော နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၇၆ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခြင်းကို ယနေ့မနက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် ပြုလုပ်ခဲ့သည်။ #Dailynews
ဓါတ်ပုံ-CJ မြင်းခြံ – ၂၀၂၁ ဇွန် ၁၈ (မော်ကွန်း) မန္တလေးတိုင်း မြင်းခြံမြို့မှာ ဒီကနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ယာဥ်ထိန်းရဲတစ်ဦး သေနတ်အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့၊ အမှတ် ၁၉ စွန်းလွန်းရပ်ကွက် ရတနာမိုးစတိုးဆိုင် အနီးမှာ အပစ်ခံခဲ့ရတာဖြစ်ပြီး အခင်းဖြစ်ပြီးမကြာခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့ကာ ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူကြီးလမ်းကြောင်းရှိလို့ တာဝန်ကျအပြီး မြင်းခြံမြို့ထဲ တောင်မှမြောက်သို့ ဆိုင်ကယ်နဲ့ပြန်အဝင် ပစ်ခတ်ခံခဲ့ရတာလို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။ အပစ်ခံရတဲ့ ယာဥ်ထိန်းရဲကို သူတို့ချင်း နာမည်ပြောင် တွံတေးလို့ ခေါ်လေ့ရှိတယိလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မြင်းခြံမှာက မော်တော်ပီကယ်တအားစစ်နေတယ်။ တအားဖမ်းတော့ နယ်တွေက တက်မလာရဲကြတော့ […]
ဓါတ်ပုံ – CJs ကလေး – ၂၀၂၁ ဇွန် ၁၈ (မော်ကွန်း) စောင့်ကြည့် ဖမ်းဆီးမှုတွေရှိနေတဲ့ ကြားထဲက အရှိန်မပျက်ဘဲ ဆက်တိုက် လမ်းမပေါ်တက် ဆန္ဒပြနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ #Dailynews
ဒီမော့ဆို – ၂၀၂၁ ဇွန် ၁၇ (မော်ကွန်း) အာဏာသိမ်းစစ်အုပ်စု၏ ပစ်ခတ်မှု၊ အရပ်သားနေအိမ်ရပ်ကွက်များသို့ လက်နက်ကြီးများပစ်ခတ်မှုအပါအဝင် ဖမ်းဆီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် တောတွင်းမှ ကရင်နီပြည်သူများ မြင်ကွင်းဖြစ်ပါသည်။ ရေသန့်၊ ဆေးဝါးများ၊ အစားအစာများ၊ မိုးကာဖျင်များ၊ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်များနှင့် အဝတ်အထည်များ လိုအပ်နေသည့် စစ်ရှောင်စခန်းများရှိ ပြည်သူအရေအတွက်သည် တစ်သိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လအတွင်း ထုတ်ပြန်ထားသည်။ ဓါတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၁ ဇွန် ၁၆ (မော်ကွန်း) မန္တလေးမှာ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းမှာ လက်နက်အပြည့်အစုံနဲ့ လှည့်လည်နေတဲ့ကြားကနေ ဒီကနေ့မှာ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြမှုတွေကို မရပ်ဘဲ သပိတ်တွေ ဆက်လက်လုပ်ဆောင်ကြပါတယ်။ အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ အ.ထ.က ၂၄ ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်းတို့ဟာ အတူ ပူးပေါင်းပြီး မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ(၈၄လမ်း)ပေါ်အထိတက်ကာ သပိတ်စုံသူပုန်ထ သပိတ်စစ်ကြောင်းအဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အလားတူ လူငယ်တွေများစွာပါဝင်တဲ့ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့တွင်းလမ်းမကြီးများနဲ့ လူစည်ကားရာစျေးအတွင်းမှာ လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ နံနက်ပိုင်း စစ်ကိုင်း-မန္တလေးလမ်းအတိုင်း စစ်ကားတွေ၊ တင့်ကားတွေနဲ့အတူ လှည့်လည်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓါတ်ပုံ […]
သရက်ချောင်း – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း) ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၊ နတ်စိတ်ရွာက ရွာသူ ရွာသား တစ်ရာကျော်ကို စစ်အုပ်စုက ဖမ်းဆီးပြီး တစ်ယောက် ငွေကျပ် ငါးသောင်းနဲ့ လာရောက်ထုတ်ခိုင်းတယ်လို့ တိမ်းရှောင်နေရတဲ့ရွာသားတစ်ဦးက မော်ကွန်းကို သတင်းပေးပို့ပါတယ်။ အဲဒီရွာရဲ့အုပ်ချုပ်ရေးမှူးဦးနိုင်မိုးကိုယ်တိုင် စစ်အုပ်စုကိုဦးဆောင်ခေါ်လာပြီး ရွာထဲက ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ရွာသားကပြောပါတယ်။ “လမ်းမှာတွေ့တဲ့သူကိုလည်း ဖမ်းတယ်၊ နေအိမ်တွေမှာလည်းလာဖမ်းတယ်၊တရက်ကိုလူ ၂၀လောက် ဇွန်လ ၁၂ရက်နေ့ကစဖမ်းတာခုဆို ၁၀၀ကေျာ်နေပြီ “လို့ အဆိုပါ ရွာသားက ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ ဆိုင်ကယ် နဲ့ကားတွေကိုပါ သိမ်းယူတာဖြစ်ပြီး ပိုက်ဆံမပေးနိုင်ပါက ဆက်ဖမ်းထားမယ်လို့ စစ်အုပ်စုက ပြောထားကြောင်း သူကဆိုပါတယ်။ သရက်ချောင်းမြို့နယ်က စစ်အုပ်စု တပ်ရင်း ၄၀၃ နဲ့ တပ်ရင်း ၄၀၅ […]
မြိုင် – ၂၀၂၁ ဇွန် ၁၅ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။ မြိုင်မြို့နယ်တောင်ပိုင်းဇုန်က ပြည်သူရာထောင်ချီပါ၀င်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ဒီကနေ့နံနက်ပိုင်းက ကိုင်းတောမ၊ ပေပင်တိုက်၊ ဆယ်ပြား၊ ရွာတန်းရှည်၊ စိုကန်တိုက်၊ သရက်ကန်၊ ဆုံကုန်း၊ ညောင်ကုန်း၊ ကန်နက် ကျေးရွာတွေဆီ ဆိုင်ကယ်များနဲ့ လှည့်လည်ခဲ့ကြပါတယ်။ ရွာတွေမှာလည်း ထိုင်သပိတ်ပြုလုပ်ခြင်း၊ စုရုံးကြွေးကြော်ခြင်း၊ ဟောပြောခြင်းများပြုလုပ်ခဲ့ကြပါတယ်။ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းဇုန်က မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ ပြည်သူလူထုကလည်း ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို အနောက်မြောက်ပိုင်းဇုန်ရှိ ကျေးရွာတွေဆီ ဆိုင်ကယ်သပိတ်စစ်ကြောင်းအနေနဲ့ ချီတက်ရင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မတ်လ ၁၁ ရက်နေ့က မြိုင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို […]
မန္တလေး – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း) မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ ကျန်းမာရေးမိသားစု-မန္တလေးရဲ့ “သပိတ်စုံ သူပုန်ထ” သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့ရဲ့အရှေ့ဘက် မြို့အဝင် “Welcome To Mandalay” ဆိုင်းဘုတ်အနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရေးအတွက် “ရရင်ရ မရရင်ချ” ဟူသော ကြွေးကြော်သံဖြင့် တော်လှန် ဆန္ဒပြခဲ့ကြတယ်လို့ ကျန်းမာရေးမိသားစု-မန္တလေးက ထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ဘက်မှာလည်း ဧရာဝတီတော်လှန်ရေး၊ တောင်သူလယ်သမား ချိတ်ဆက်ရေးကွန်ယက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး GZ လူငယ်သပိတ်၊ စတဲ့ အဖွဲ့တွေ ပူးပေါင်းကာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမှာ ဒီနေ့နံနက်စောစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်ကောင်စီတပ်တွေရဲ့ […]
လားရှိုး – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့မှာ ဇွန်လ ၁၃ရက် မနေ့ကအထိ COVID – 19 အတည်ပြုလူနာ ၄၃ဦးရှိလာပြီး တစ်ဦးသေဆုံးထားတယ်လို့ လူမှုကူညီရေးအသင်းတစ်ခုက မော်ကွန်းကိုပြောပါတယ်။ သံသယလူနာတွေရဲ့ ဆေးစစ်ချက်တွေကို မိုးကုတ်ဝိပဿနာရိပ်သာမှာစစ်ဆေးပြီး အတည်ပြုလူနာကို လားရှိုးမြို့ ပြည်သူ့ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ ထားရှိတယ်လို့ ဆိုပါတယ်။ “မြို့အဝင်အထွက်မှာ ကိုဗစ်ဂိတ်တွေ ပြန်ဖွင့်ထားတာ လေးရက်ရှိပြီ။ ကွာရန်တင်းစင်တာတွေမရှိသေးဘူး။ ဂိတ်မှာတော့ အဖွဲ့စုံရှိတယ်” လို့ လူမှုကူညီရေးအသင်းမှာ လိုက်ပါဆောင်ရွက်သူက ဆိုပါတယ်။ အတည်ပြုလူနာကို တရားဝင် ထုတ်ပြန်ထားတာမျိုးမရှိဘဲ လူနာကိုသယ်ပို့နေရတာကြောင့်သာ အတည်ပြုလူနာ အရေအတွက်ကိုသိရတာဖြစ်တယ်လို့ ဆိုပါတယ်။ လားရှိးမြို့ အောင်ပုဂ္ဂလိဂဆေးရုံကလူနာက မန္တလေးကို ဆေးကုသရာမှာ သေဆုံးတာကြောင့် စစ်ဆေးရာမှာ COVID – 19 ရောဂါပိုးစတွေ့ခဲ့ပြီး […]
” ဒလမြို့ ပျော်ဘွယ်ကြီးရွာတွင် ကျောင်းတက်ကြရန် လိုက်အော်နေ” ရန်ကုန် – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း) မနေ့ညက ဒလမြို့ ပျော်ဘွယ်ကြီးရွာသို့ စစ်အုပ်စု ရောက်ရှိလာပြီး ပျော်ဘွယ်ကြီး အ.ထ.ကတွင် ကျောင်းတက်သူ နှစ်ရာကျော်သာရှိသဖြင့် ငါးရာပြည့်အောင်လုပ်ရန် အုပ်ချုပ်ရေးမှူးအား ဖိအားပေးပြီးနောက် ကျောင်းတက်ကြရန် လော်ဖြင့် လိုက်အော်နေကြောင်း အဆိုပါ ကျေးရွာဒေသခံက မော်ကွန်းသို့ သတင်းပေးပို့သည်။ “ရွာလူကြီးကို ငါးရာပြည့်အောင် ခင်ဗျားလုပ်မလား ကျုပ်လုပ်ရမလားဆိုပြီး ပြောသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ ကျောင်းတက်သူ ငါးရာမပြည့်ပါက CDM လုပ်ဆောင်နေသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးမည်ဟု စစ်အုပ်စုဘက်က ပြောဆိုသွားသည်ဟု ဆိုသည်။ ပျော်ဘွယ်ကြီး အ.ထ.က တွင် ပုံမှန်အချိန် ကျောင်းတက်သူ ၁၅၀၀ […]
ပုံစာ – မနေ့က ဆန္ဒပြခဲ့တဲ့ မန္တလေး မဟာမိတ်သပိတ်တပ်ပေါင်းစု။ မန္တလေး – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း) မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ စုစည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နံနက် ၆ နာရီလောက်က ၆၆လမ်းအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းခံခဲ့ရပြီး ရှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ၆၆လမ်း ၃၇ လမ်းထောင့်အနီးမှာ ထွက်ပြေးသူလူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့လိုက်တိုက်ပြီး ဖမ်းဆီးခဲ့တယ်လို့ လွတ်မြောက်လာသူက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တပ်ပေါင်းစု စတင်ထွက်ရှိမယ့်စုရပ်နေရာကို အရပ်ဝတ်နဲ့ ကြိုတင်ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြလူငယ်တွေဟာ လူစုခွဲဖို့ ပြင်ဆင်ခဲ့ကြပေမယ့် ပစ်ခတ်ကာ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာခဲ့သူတစ်ဦးက ပြောပါတယ်။ မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို နေ့စဥ်မပျက်မကွက် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."