မြိုင် – ၂၀၂၁ ဇွန် ၁၅ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းဇုန်က ပြည်သူရာထောင်ချီပါ၀င်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ဒီကနေ့နံနက်ပိုင်းက ကိုင်းတောမ၊ ပေပင်တိုက်၊ ဆယ်ပြား၊ ရွာတန်းရှည်၊ စိုကန်တိုက်၊ သရက်ကန်၊ ဆုံကုန်း၊ ညောင်ကုန်း၊ ကန်နက် ကျေးရွာတွေဆီ ဆိုင်ကယ်များနဲ့ လှည့်လည်ခဲ့ကြပါတယ်။
ရွာတွေမှာလည်း ထိုင်သပိတ်ပြုလုပ်ခြင်း၊ စုရုံးကြွေးကြော်ခြင်း၊ ဟောပြောခြင်းများပြုလုပ်ခဲ့ကြပါတယ်။
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းဇုန်က မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ ပြည်သူလူထုကလည်း ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို အနောက်မြောက်ပိုင်းဇုန်ရှိ ကျေးရွာတွေဆီ ဆိုင်ကယ်သပိတ်စစ်ကြောင်းအနေနဲ့ ချီတက်ရင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မတ်လ ၁၁ ရက်နေ့က မြိုင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့လို့ ပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဓါတ်ပုံ- နွေဦးတော်လှန်ရေး-မြိုင်မြို့
#Dailynews

