ပုံစာ – မနေ့က ဆန္ဒပြခဲ့တဲ့ မန္တလေး မဟာမိတ်သပိတ်တပ်ပေါင်းစု။
မန္တလေး – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း)
မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ စုစည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နံနက် ၆ နာရီလောက်က ၆၆လမ်းအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းခံခဲ့ရပြီး ရှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
၆၆လမ်း ၃၇ လမ်းထောင့်အနီးမှာ ထွက်ပြေးသူလူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့လိုက်တိုက်ပြီး ဖမ်းဆီးခဲ့တယ်လို့ လွတ်မြောက်လာသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တပ်ပေါင်းစု စတင်ထွက်ရှိမယ့်စုရပ်နေရာကို အရပ်ဝတ်နဲ့ ကြိုတင်ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြလူငယ်တွေဟာ လူစုခွဲဖို့ ပြင်ဆင်ခဲ့ကြပေမယ့် ပစ်ခတ်ကာ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာခဲ့သူတစ်ဦးက ပြောပါတယ်။
မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို နေ့စဥ်မပျက်မကွက် ဆန္ဒထုတ်ဖော်နေကြတဲ့ အဖွဲ့ပေါင်းစုံ ပူးပေါင်းထားတာဖြစ်ပါတယ်။
ဓါတ်ပုံ – RDM
#Dailynews

