သတင်းများ

အကျဉ်းသားတချို့လွှတ်မည့်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များ သွားရောက်စောင့်ဆိုင်းနေကြ

July 21, 2021

ပုံစာ- အကျဉ်းသားလွှတ်မည့်သတင်းကြောင့် အင်းစိန်ထောင်ရှေ့တွင် ယနေ့မနက်ပိုင်းက မိသားစုဝင်များ စောင့်ဆိုင်းနေစဉ်။ ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း) ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျရေးအတွက် အချိန်ကြာမြင့်နေသည့် ကြားနာဆဲအမှုတချို့ကို လွှတ်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီက မနေ့က ကြေညာပြီးနောက် ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန် အကျဉ်း ထောင်ရှေ့သို့ မိသားစုဝင်များ ရောက်ရှိလာသည်ကို တွေ့ရသည်။ လွှတ်မည့်သူများကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွှတ်မည်ဟု နေပြည်တော်၊ အကျဉ်းဦးစီဌာန၊ ပြောရေးဆိုခွင့်ရှိသူက ဆိုသော်လည်း အကျဉ်ထောင်အတွင်း ပိုးကူးစက်ခံခဲ့ရမှု ရှိ၊မရှိ စစ်ဆေး ပေးမည်လား ဆိုသည့် မေးခွန်းကို မဖြေကြားပေ။ ” မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲတင်ထားတဲ့အမှုနဲ့ တရားရုံးကနေ တရားခံကိုစွဲတင်ထားတဲ့အမှုတွေပေါ်မှာ မူတည်ပြီးတော့လွှတ်ပေးမှာပေါ့နော်၊ ပြန်လွှတ်တယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီး ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့အညီ လွှတ်ပေးမှာပါ” […]

အပြည့်အစုံဖတ်ရန်

အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည့် NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ကွယ်လွန်

July 20, 2021

ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၀ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် အင်းစိန်အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဉာဏ်ဝင်းသည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့မနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ပါတီဝင်တချို့က ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်သည် ဦးဉာဏ်ဝင်းကို ပုဒ်မ ၅၀၅(ခ) ဖြင့် ဆွဲဆို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်ပြီး ကိုဗစ် -၁၉ ကူးစက်ခံရပြီးနောက် ဇူလိုင် ၁၁ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်ဆေးရုံး ကြီးသို့ လွှဲပြောင်း ကုသနေခြင်းဖြစ်သည်။ အင်းစိန်အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာပြီးနောက် ထိုအကျဉ်းထောင်ကို ဇူလိုင် ၈ ရက်ကတည်းက လော့ဒေါင်းချ ပိတ်ဆို့ထားခြင်း ဖြစ်သည်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကိုဗစ်ဘေးမှ ကင်းဝေးရေး ရတနသုတ် ရွတ်ဖို့ စစ်အုပ်စု ထုတ်ပြန်

July 20, 2021

ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၀ ( မော်ကွန်း) အောက်စီဂျင်ဖြတ်တောက်မှု၊ ရှားပါးမှုတွေနဲ့ကြုံပြီး ဆေးကုသမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ရကာ ပြည်သူလူထု သေနှုန်း မြင့်တက်နေချိန်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးစေရန် နေအိမ်တွေမှာ ရတနသုတ် ရွတ်ဖတ်ပူဇော်ကြရန် စစ်အုပ်စု၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ တိုက်တွန်းသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ၄၇ ပါးစုံညီအစည်း အဝေးတွင် ဆရာတော်ကြီးများ မိန့်ကြားချက်အရ ယခု ကူးစက်နေသည့် ဗိုင်းရပ်စ်ပိုး အန္တရာယ်မှကင်းစေရန် ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဦးဉာဏ်ဝင်း စျာပန ထိန်ပင်သုသာန်တွင် ပြုလုပ်မည်

July 20, 2021

ဓါတ်ပုံ- Nay P Latt FB ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၀ (မော်ကွန်း) အင်းစိန်အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ရန်ကုန်ပြည်သူဆေးရုံကြီးမှာ ကုသနေစဉ် ကွယ်လွန်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဗဟိုအလုပ်အမှုဆောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းရဲ့ နာရေးကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က ထိန်ပင်သုဿန်မှာ ပြုလုပ်သွားမယ်လို့ သူ့ ရဲ့ရှေ့နေက မော်ကွန်းကို ပြောပါတယ်။ “ စျာပနကို ရန်ကုန်ဆေးရုံကြီး module မှာ ထားထားတယ်။ အခုဒီနေ့တောင် မမှီဘူး ပြောတယ်။ ထိန်ပင်မှာပြုလုပ်မှာပါ” လို့ ရှေ့နေဖြစ်သူက ဒီနေ့လည်မှာ ပြောပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၉) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက […]

အပြည့်အစုံဖတ်ရန်

လားရှိုးမြို့က စစ်အုပ်စုလက်အောက်ခံ ရဲ ၄၉ဦး ကိုဗစ်တွေ့ ၊ ကူးစက်ခံရသူ ၁၂၀၀ ကျော်လာ

July 20, 2021

လားရှိုး – ၂၀၂၁ ဇူလိုင် ၂၀ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၂၀ရက်နေ့က COVID – 19 ရောဂါ စစ်ဆေးရာမှာ ရဲ ၄၉ဦးပိုးတွေ့ခဲ့ရပြီး ကိုဗစ်အတည်ပြုလူနာ ၁၂၀၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ လားရှိုးမြို့က လူမှုကူညီရေး အသင်းတစ်ခုက သတင်းရရှိပါတယ်။ ရောပါပိုးတွေ့ရှိထားတဲ့ရဲတွေကို လားရှိူးပညာရေးကောလိပ် က ကုသစင်တာကိုပို့ဆောင်ထားတယ်လို့ အဲဒီ အသင်းက သတင်းရင်းမြစ်က ဆိုပါတယ်။ လားရှိုးမြို့မှာ ဇူလိုင်လ ၂၀ရက်နေ့က တစ်ရက်တည်း သံသယလူနာ ၂၀၀ ကျော်ကိုစစ်ဆေးရာမှာ ၁၀၁ယောက် ရောဂါပိုးတွေ့ခဲ့ရပြီး ၅၀ ရာခိုင်နှုန်းလောက်ပိုးတွေ့နေရတယ်လို့ ဆိုပါတယ်။ လားရှိုးမြို့မှာ တစ်ရက်ကို အတည်ပြုလူနာနဲ့သံသယလူနာက အယောက် ၂၀ ဝန်းကျင်ထိ သေဆုံးနေတဲ့အပြင် အောက်ဆီဂျင် အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ “အရင်က […]

အပြည့်အစုံဖတ်ရန်

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာက ကင်းစောင့်တဲ့ လူငယ်လေးဦးအား စစ်အုပ်စုပစ်သတ်

July 18, 2021

ရွှေဘို – ၂၀၂၁ ဇူလိုင် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာကို မနေ့ညက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ကင်းစောင့်တဲ့ လူငယ်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇူလိုင်လ ၁၈ ရက် ဒီကနေ့ နံနက် တစ်နာရီလောက်က စစ်ကောင်စီတပ်ကားတွေ ဆိပ်ခွန်ရွာဘက်ဖြတ်သန်းသွားပြီးနောက် သေနတ်သံများ ဆက်တိုက်ကြားလာရပြီး ဆည်ရေပေးတဲ့ မူးရိုးပေါ်မှာ လူငယ်လေးဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။ “ရွာမှာက ကင်းစောင့်တဲ့ လူငယ်လေးတွေရှိတယ်။ သူတို့တွေ အပစ်ခံရတာ။ အကုန်လုံး နှစ်ဆယ်အစိတ်ဝန်းကျင်တွေပါ။”လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့ နံနက်ပိုင်းအထိ လူငယ်တွေရဲ့အလောင်းကို အခင်းဖြစ်ရာ မူးရိုးပေါ်မှာ ချထားဆဲဖြစ်ကြောင်း၊ အလောင်းလာအကောက်မခံသေးကြောင်း ဒေသခံများက ပြောပါတယ်။ စစ်ကားတွေဟာ ဆိပ်ခွန်ရဲ့တစ်ဘက်ကရွာကိုအသွား ဆိပ်ခွန်က ကင်းစောင့်နေတဲ့လူငယ်တွေကို […]

အပြည့်အစုံဖတ်ရန်

တရုတ်-မြန်မာနယ်စပ်ဂိတ်ပိတ်ထားတာကြောင့် ကုန်မပို့နိုင်ဘဲ ရပ်ထားရတဲ့ကားအစီးထောင်ကျော် တန်းစီရပ်နားထားရ

July 14, 2021

ပုံစာ – တန်းစီရပ်နားထားရသည့် ကုန်ကားများအား တွေ့ရစဉ်။ ဓါတ်ပုံ – မော်ကွန်း မူဆယ် – ၂၀၂၁ ဇူလိုင် ၁၄ (မော်ကွန်း) တရုတ်မြန်မာနယ်စပ်ဂိတ် အဓိကဂိတ်ဖြစ်တဲ့ကျင်စန်းကျော့ ဝမ်တိန်ဂိတ်ကို တရုတ်အစိုးရက ဇူလိုင်လ ၈ ရက်​ကစပြီးယာယီ အဝင်အထွက်ပိတ်ထားတာကြောင့် ကုန်ပို့ဖို့ တန်းစီနေတဲ့ကားတွေ အစီးထောင်ကျော် ရပ်ထားရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ကျင်စန်းကျော့ဂိတ်နားက ကားကွင်းကနေ ကုန်ကားတွေတန်းစီ ရပ်ထားရတာ၁၀၅မိုင်အထိပဲ ၊ ကားဝင်းအသေးကို ကုန်ကား အသေး ၄၀ နဲ့ ၅၀ကြားရှိတယ်၊ ကားဝင်းအကြီးမှာက ကုန်ကား ၁၀၀ လောက်ရှိတယ် ” လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ကုန်စိမ်းကားတွေကတော့ လှည့်ပြန်ကြပြီး လက်ဖက်ခြောက်၊ ကုန်ကြမ်းကားတွေကတော့ လှည့်မပြန်ဘဲ ကုန်တွေထားဖို့ ဂိုဒေါင်လည်းမရှိလို့ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့လယ်တွင် အမျိုးသမီးသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

July 14, 2021

ဓါတ်ပုံ- မော်ကွန်း ရန်ကုန်- ၂၀၂၁ ဇူလိုင် ၁၄ (မော်ကွန်း) ‘ကိုဗစ်ကိုတောင်မကြောက်တာ၊ အာဏာရူးကို ကြောက်ရမှာလား’ ဟု ရန်ကုန်မြို့လယ်တွင် ကြွေးကြော်ကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း အမျိုးသမီးများ ဦးဆောင်ချီတက်ကာ ယနေ့မနက်တွင် ဆန္ဒပြသည်။ အနော်ရထာလမ်းပေါ်တွင် ချီတက်ခဲ့သည့် ထိုသပိတ်စစ်ကြောင်း လူစုခွဲပြီး ငါးမိနစ်ခန့်အကြာတွင် စစ်ကားတစ်စီရောက်လာသည်ကို တွေ့ရသော်လည်း ဖမ်းဆီးခံရမှုအခြေအနေကို မသိရသေးပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုယ်စား ဓားစာခံဖမ်းဆီးခံထားရတဲ့ ဇနီးနဲ့ သမီးအကြီးတို့အား စစ်အုပ်စုက ထောင်သုံးနှစ်ချ

July 13, 2021

မိုးကုတ် – ၂၀၂၁ ဇူလိုင် ၁၃ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကိုယ်စား ဓားစာခံဖမ်း​ဆီးခံထားရတဲ့ ဇနီးဒေါ်ကြည်ကြည်ခိုင်နဲ့ တတိယနှစ်ဥပဒေကျောင်းသူ မသိမ့်စန္ဒီစိုးတို့ကို ဒီကနေ့မှာ စစ်အုပ်စုက ထောင် ၃နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ “ထောင် ၃ နှစ်ချလိုက်တာဟုတ်တယ်၊ ဘာတစ်ခုမှမသိရသေးဘူး၊ကျန်းမာရေးအခြေနေလဲမသိရသေးဘူး၊ထောင်ဝင်စာတွေ့လို့ရရင်ကောင်းမယ်”လို့ မိသားစုတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ သမီးအကြီးဖြစ်သူ မသိမ့်စန္ဒီစိုးဟာ သွေးလေးဘက်နာရောဂါ အခံရှိသူဖြစ်ပြီး ဖမ်းဆီးခံရပြီး​နောက် ကျန်းမာရေး စိုးရိမ်ရတဲ့အခြေနေရှိခဲ့ကာ ဆေးကုသခွင့်မရခဲ့ဘူးလို့ သူကဆိုပါတယ်။ သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကို စစ်အုပ်စုက ဝရမ်းထုတ်ထားပြီး မမိတာကြောင့် ဇွန်လ ၁၂ရက်နေ့က ဇနီးနဲ့သမီးနှစ်ဦးကို စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၃၀ရက်နေ့မှာ အသက် ၄နှစ်အရွယ် သမီး အငယ်မစုထက်ဝိုင်းကိုပြန်လွှတ်ပေးပြီး ဇနီးနဲ့သမီးအကြီးကို စစ်အုပ်စု ထပ်မံပြင်ဆင်ထားတဲ့ ပုဒ်မ ၅၀၅ (က) […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့မှာ COVID – 19 အတည်ပြုလူနာ ၁၈၆ဦး ထိရှိလာပြီး သေဆုံးသူ ၁၃ဦး ရှိ

July 9, 2021

ဓါတ်ပုံ – မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ မိုးကုတ် – ၂၀၂၁ ဇူလိုင် ၉ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့မှာ ဒီကနေ့ထိ COVID – 19 အတည်ပြုလူနာ ၁၈၆ ဦးထိရှိလာပြီး သေဆုံးသူစုစုပေါင်း ၁၃ဦးထိရှိလာပြီဖြစ်တယ်လို့ မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကနေ သိရပါတယ်။ သေဆုံးသူတွေနဲ့ထိစပ်သူတွေက်ို RDTနဲ့စစ်ဆေးရာမှာ ကိုဗစ် ၁၉ရောဂါတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာတွေကို မိုးကုတ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ အဲဒီအဖွဲ့ကဆိုပါတယ်။ “သေဆုံးပြီးနောက်မှ ပိုးတွေ့လူနာတွေလဲ ရှိတဲ့အပြင် ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ ပတ္တမြားရပ်ကွက်ကို Semi lock down ချထားပြီး အသင်းအဖွဲ့တွေပူးပေါင်းပြီး အောက်ဆီဂျင်အလုံအလောက်ရရှိရေး ဆောင်ရွက်နေတယ်လို့” ဆိုပါတယ်။ မိုးကုတ်မြို့အဝင်အထွက်နေရာတွေမှာ ရောဂါစစ်ဆေးရေးဂိတ်တွေပြန်လည်ဖွင့်လှစ်ထားပြီး ရပ်ကွက်တွေမှာ လူမှုရေးအသင်းအဖွဲ့တွေက ပိုးသတ်ဆေးတွေလိုက်လံ ဖြန်းပေးနေတာတွေနဲ့ Mask ကမ်ပိန်းတွေပြုလုပ်နေတယ်လို့သ်ိရပါတယ်။ မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှာ မိုးကုတ်မြို့က ပရဟိတ ကူညီ ကယ်ဆယ်ရေးအသင်းတွေပါဝင်ပြီး […]

အပြည့်အစုံဖတ်ရန်

စစ်အုပ်စုပစ်ခတ်လို့ မြင်းခြံဒေသခံတစ်ဦး မနေ့ညက သေဆုံး

July 9, 2021

မြင်းခြံ – ၂၀၂၁ ဇူလိုင် ၉ (မော်ကွန်း) မန္တလေးတိုင်း မြင်းခြံမြို့မှာ ယမန်နေ့ ဇူလိုင်လ ၈ ရက် ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေပစ်ခတ်လို့ ​ပြည်သူတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးလှိုင်ဝင်းဆိုသူဖြစ်ပြီး မြင်းခြံမြို့နယ် ဆားခါးရွာမှဖြစ်ကြောင်း၊ မြင်းခြံစက်မှုဇုန်ဘက်မှာပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောပါတယ်။ အခင်းဖြစ်ပွားရာအနီးမှာ စစ်ကောင်စီတပ်များ တပ်စွဲထားပြီး အလောင်းကို စက်မှုခန်းမဟောင်းအနီး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒီကနေ့ နံနက်မှသာ အလောင်းကောက်နိုင်ခဲ့ကြောင်း မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က အဲဒီဘက်မှာ ဗုံးလန့်ထားတာ။ အဲဒါကြောင့် စစ်တပ်ကအဲဒီဘက်ကို နေ့လယ်ကတည်းက မဲနေတာ။ ညဘက်ကျတော့ အဲကလေးက အပစ်ခံလိုက်ရတာ” လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့က […]

အပြည့်အစုံဖတ်ရန်

မန္တလေးမှာ မြို့လယ်နဲ့ မြို့သစ်ပိုင်းပါမကျန် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြ

July 8, 2021

ဓါတ်ပုံ- Simulation၊ Star မန္တလေး – ၂၀၂၁ ဇူလိုင် ၈ (မော်ကွန်း) ဘုရားကြီးစစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း စတဲ့သပိတ်စစ်ကြောင်းတွေ စုစည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ခင်း စောစောမှာပဲ မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ဘုရားကြီးသပိတ်စစ်ကြောင်းနဲ့ မန္တ​လေးလူငယ်များ သပိတ်စစ်​ကြောင်းကလည်း မန္တလေးမြို့တွင်းတစ်နေရာမှာ လမ်းလျှောက်သူတွေရော ဆိုင်ကယ်တွေနဲ့ပါ လူငယ်အင်အားများစွာနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဘုရားကြီးသပိတ်စစ်ကြောင်းဟာ အရမ်းညီတဲ့ချမ်းစည်လို့ အမည်ပေးထားတဲ့ ချမ်းမြသာစည်သပိတ်စစ်ကြောင်းနဲ့လည်း ထပ်မံပူးပေါင်းပြီး မန္တလေးမြို့သစ်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ စစ်​ကောင်စီတပ်တွေက မန္တလေးမြို့တွင်းမှာ လှည့်လည်စစ်ဆေးဖမ်းဆီးနေပေမယ့် လူငယ်ကျောင်းသားတွေနဲ့ ပြည်သူတွေကတော့ စစ်အာဏာရှင်ကို နေ့စဥ်ဆန့်ကျင်တော်လှန်ဆန္ဒပြနေကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 233 234 235 236 237 238 239 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."