ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၀ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် အင်းစိန်အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဉာဏ်ဝင်းသည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့မနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ပါတီဝင်တချို့က ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်သည် ဦးဉာဏ်ဝင်းကို ပုဒ်မ ၅၀၅(ခ) ဖြင့် ဆွဲဆို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်ပြီး ကိုဗစ် -၁၉ ကူးစက်ခံရပြီးနောက် ဇူလိုင် ၁၁ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်ဆေးရုံး ကြီးသို့ လွှဲပြောင်း ကုသနေခြင်းဖြစ်သည်။
အင်းစိန်အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာပြီးနောက် ထိုအကျဉ်းထောင်ကို ဇူလိုင် ၈ ရက်ကတည်းက လော့ဒေါင်းချ ပိတ်ဆို့ထားခြင်း ဖြစ်သည်။
#Dailynews

