ဓါတ်ပုံ- Simulation၊ Star
မန္တလေး – ၂၀၂၁ ဇူလိုင် ၈ (မော်ကွန်း)
ဘုရားကြီးစစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း စတဲ့သပိတ်စစ်ကြောင်းတွေ စုစည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ခင်း စောစောမှာပဲ မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။
ဘုရားကြီးသပိတ်စစ်ကြောင်းနဲ့ မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့တွင်းတစ်နေရာမှာ လမ်းလျှောက်သူတွေရော ဆိုင်ကယ်တွေနဲ့ပါ လူငယ်အင်အားများစွာနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဘုရားကြီးသပိတ်စစ်ကြောင်းဟာ အရမ်းညီတဲ့ချမ်းစည်လို့ အမည်ပေးထားတဲ့ ချမ်းမြသာစည်သပိတ်စစ်ကြောင်းနဲ့လည်း ထပ်မံပူးပေါင်းပြီး မန္တလေးမြို့သစ်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီတပ်တွေက မန္တလေးမြို့တွင်းမှာ လှည့်လည်စစ်ဆေးဖမ်းဆီးနေပေမယ့် လူငယ်ကျောင်းသားတွေနဲ့ ပြည်သူတွေကတော့ စစ်အာဏာရှင်ကို နေ့စဥ်ဆန့်ကျင်တော်လှန်ဆန္ဒပြနေကြပါတယ်။
#Dailynews

