သတင်းများ

မနေ့ညက မြောင်းမြပေါက်ကွဲမှု ဒေသခံလူငယ်သုံးဦးဖမ်းဆီးခံထားရ

August 20, 2022

မြောင်းမြ – ၂၀၂၂ ဩဂုတ် ၂၀ (မော်ကွန်း) ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ မနေ့ ညပိုင်းက အာဏာသ်မ်းစစ်တပ်လက်အောက်ခံ ခရိုင်ထွေအုပ်ရုံးနဲ့ စသုံးလုံးရုံးတွေအနီး ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း ဒေသခံ လူငယ်သုံးဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြို့လယ်ခေါင်မှာရှိတဲ့ ခရိုင်ထွေအုပ်ရုံးအနီး ပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဆဲရေး၊ ရိုင်စိုင်းတာတွေလုပ်နေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့လူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံ တွေက ပြောပါတယ်။ “ ပေါက်တဲ့အချိန်မှာ အားလုံးက ဆဲဆိုနေတာပေါ့၊ ဟိုကောင်တွေကိုပြောတာ စစ်ကောင်စီတပ်သားတွေ အပြင်ဘယ်သူမှမထွက်တော့ဘဲ အားလုံးအိမ်ထဲ နေနေရတယ် ၊ဒါတောင် သူတို့က စိန်ခေါ်သလိုနဲ့ ပတ်ဝန်းကျင်ကိုရိသလို စောင်းသလိုနဲ့ လိုက်ဆဲတာ၊ အဲ့အချိန်မှာ ဆိုင်ကယ်တစီးက ဖြတ်မောင်းတာ သူ့တို့က သေနတ်နဲ့ ချိန်တားပြီး ရိုက်တာ ဘယ်သူတွေလည်းတော့မသိရဘူး အမျိုးသား သုံးဦးက သေချာတယ်”လို့ […]

အပြည့်အစုံဖတ်ရန်

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံလွှင့်ကြထူကြ” ကလေးမြို့ပင်မသပိတ် ယနေ့ဆန္ဒထုတ်ဖော်မှု

August 20, 2022

ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်အင်အားစုရဲ့ ရက်ပေါင်း ၅၅၉ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံလွှင့်ကြထူကြ” ကလေးမြို့ပင်မသပိတ် ၅၅၈ ရက်မြောက် ဆန္ဒထုတ်ဖော်မှု

August 19, 2022

ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ၅၅၈ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ငတမျှော်ရွာ နှစ်ရက်ဆက်တိုက် မီးရှို့ခံရမှု ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျ ၊ ရွာသားတစ်ဦး စိတ်ထိခိုက်ကာ သေဆုံး

August 19, 2022

ရေစကြို – ၂၀၂၂ ဩဂုတ် ၁၉ (မော်ကွန်း) မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတမျှော်ကျေးရွာကို အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့တယ်လို့ ငတမျှော်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က နေအိမ် ၅၀၀ ဝန်းကျင် ရှိတဲ့ ငတမျှော်ကျေးရွာကို ဩဂုတ် ၁၇ နဲ့ ၁၈ရက်တွေမှာ နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့တာပါ။ ” သူတို့(အာဏာသိမ်းစစ်တပ်)က မနေ့ညတစ်ချက်ထိုးလောက်မှာ တိတ်တိတ်လေးဆုတ်သွားတယ်၊ သူတို့ဖမ်းထားတဲ့ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးတယ်၊ဒီနေ့မနက်မှ ရွာထဲဝင်မီးငြှိမ်းရတာပါ၊ နွားတွေလည်း မီးလောင်သေတယ်၊ အတုန်းအရုန်းပဲ၊အကောင်ရေအတိအကျတော့မသိရသေးဘူး၊သူတို့က အိမ်တွေကို ပြာကျအောင်ရှို့တာပါ၊ မလောင်ဘူး၊မီးမကူးဘူးဆို ထပ်ရှို့သွားတာ၊အဲ့တော့အိမ်နည်းနည်းပဲ ကျန်တော့တယ်”လို့ငတ​မျှော် ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ငတမျှော်ကျေးရွာကနေ ထွက်​ပြေးတိမ်းရှောင်နေရတဲ့ရွာသားတစ်ဦးက စိတ်ထိခိုက်ပြီး မနေ့ကသေဆုံးသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ငတမျှော်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွေမှာ အာဏာသိမ်းစစ်တပ်က တပ်စွဲခဲ့ပြီး နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားကာ အခြားပစ္စည်းတွေကိုလမ်းပေါ် လွှင့်ပစ်ထားခဲ့တယ်လို့ […]

အပြည့်အစုံဖတ်ရန်

မနေ့ကမီးရှို့ခံရတဲ့ ငတမျှော်ရွာ ဒီနေ့ဆက်ရှို့ခံရ ၊ ရွာခံစစ်ရှောင်တွေ အကူအညီလိုအပ်နေ

August 18, 2022

ရေစကြို – ၂၀၂၂ ဩဂုတ် ၁၈ (မော်ကွန်း) မနေ့က အာဏာသိမ်းစစ်တပ်မီးရှို့ခဲ့တဲ့ မကွေးတိုင်း၊ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသ၊ ငတမျှော်ကျေးရွာဟာ ဒီကနေ့မှာလည်း ဆက်ရှို့ခံနေရပြီး ရွာခံစစ်ရှောင်ပြည်သူတွေ အကူအညီတွေလိုအပ်နေပါတယ်။ အာဏာသိမ်းစစ်တပ်က အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငတမျှော်ကျေးရွာကို မနေ့ မနက်ပိုင်းကစတင်မီးရှို့ခဲ့ပြီး ဒီနေ့မှာလည်း ကျန်တဲ့အိမ်တွေကို ဆက်လက်မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခြေအနေ မသိရသေးဘူး၊ စစ်သားတွေက မထွက်ကြသေးဘူး၊ ဒီနေ့နေ့လယ်ထိ ငတမျှော်ကို မီးဆက်ရှို့နေပြီး လက်နက်ကြီးတွေ ရမ်းထုနေကြတာ၊တိုက်ပွဲက ဒီနေ့မဖြစ်လိုက်သေးဘူး၊သူတို့ဘာသာအထဲကနေပတ်ထုနေတာရယ်”လို့အနီးအနားကျေးရွာ​​ဒေသခံတစ်ဦးကပြောပါတယ်။ မနေ့ညပိုင်းမှာ ငတမျှော်ကျေးရွာဘက်မှာမိုး ရွာသွန်းခဲ့တာကြောင့် မီးငြိမ်းခဲ့ပေမယ့် ရွာသား ၃၀၀၀ ကျော်လောက်ကတော့ မိုးရေထဲ ရှောင်တိမ်းနေရတယ်လို့ သူကပြောပါတယ်။ နှစ်ရက်ဆက်တိုက် မီးရှို့နေတာကြောင့်နေအိမ်အားလုံးနီးပါး မီးလောင်နိုင်တယ်လို့ ဒေသခံကပြောပါတယ်။ “ခုထိ မထွက်သေးတော့ အသေးစိတ်မသိရသေးဘူးခင်ဗျ။တစ်ရွာလုံး ကုန်နိုင်ခြေရှိပါတယ်ဗျ၊ ‌လေးငါးခြောက်အိမ်ပဲကျန်တယ်လို့တော့ […]

အပြည့်အစုံဖတ်ရန်

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံလွှင့်ကြထူကြ” ကလေးမြို့ပင်မသပိတ် ၅၅၇ ရက်မြောက် ယနေ့ဆန္ဒထုတ်ဖော်မှု

August 18, 2022

ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်အင်အားစုရဲ့ ၅၅၇ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

NIVEA နဲ့ Hansaplast ထုတ်လုပ်တဲ့ Beiersdorf Myanmar မြန်မာနိုင်ငံမှထွက်ခွါတော့မည်

August 18, 2022

ရန်ကုန် – ၂၀၂၂ ၊ ဩဂုတ် ၁၈ ရက် (မော်ကွန်း) နိုင်ငံတကာမှာ နာမည်ကြီး NIVEA အလှကုန်ပစ္စည်းနဲ့ Hansaplast ထုတ်လုပ်တဲ့ Beiersdorf ကုမ္ပဏီဟာ မြန်မာနိုင်ငံမှ ထွက်ခွါတော့မယ်လို့ Beiersdorf Myanmar မှ တာဝန်ရှိသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။ “အခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံတွင်းစျေးကွက် အခြေအနေတွေကြောင့် ဆက်လည်ပတ်ဖို့ မဖြစ်နိုင်တော့လို့ပါ။ Beiersdorf ကုမ္ပဏီရဲ့ လုပ်ငန်းကိစ္စအဝဝ ကိုလည်း လာမယ့် ဒီဇင်ဘာလကုန်ကြရင် DKSH ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်” လို့ ၎င်းကပြောပါတယ်။ ကုမ္ပဏီမှဝန်ထမ်းတွေကိုတော့ လစာနှစ်နှစ်စာ လျော်ကြေးပေးပြီးအနားပေးလိုက်တယ်လို့ ကနဦး သိထားရပေမယ့် မော်ကွန်းမှ အတည်ပြုနိုင်ဖို့ ကုမ္ပဏီမှ တာဝန်ရှိသူတွေကို ဆက်သွယ်နေတုန်းပါ။ Beiersdorf ကုမ္ပဏီဟာ ဂျာမနီအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ Hansaplast နဲ့ […]

အပြည့်အစုံဖတ်ရန်

မတ္တရာက Non CDM ရဲတစ်ဦးရဲ့အိမ်ကို အာဏာသိမ်းစစ်တပ်ဖျက်ဆီးသွား

August 17, 2022

မတ္တရာ – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း) မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာကို ဒီကနေ့မနက် အာဏာသိမ်းစစ်တပ်ကဝင်ရောက်စီးနင်းပြီး နေအိမ်နှစ်လုံးကို ရိုက်ဖျက်ဆီးသွားရာမှာ တစ်အိမ်ဟာ Non CDM ရဲတစ်ဦးရဲ့နေအိမ်ဖြစ်နေတယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ကျားကြီးကပြောပါတယ်။ ” ဗိုလ်ကျားကြီးအဖွဲ့ ကောက်ရိုးပုံရွာကိုရောက်နေတယ်ဆိုပြီးသတင်းကြားလို့ သူတို့က ၃၂ ယောက် ရွာထဲကိုဝင်စီးတာ၊ ပထမ အိမ်တစ်အိမ်ကို ရိုက်ဖျက်တယ်၊နောက်တစ်အိမ်က ရဲအိမ်၊CDM မဝင်ထားဘူး၊သူ့အိမ်ကိုပါမှားရိုက်ဖျက်သွားတာ”လို့ ဗိုလ်ကျားကြီး ကပြောပါတယ်။ ကောက်ရိုးပုံရွာဒေသခံတွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကိုကြောက်လို့ ထွက်ပြေးနေကြရတယ်လို့ပြောပါတယ်။ နေအိမ်နှစ်အိမ်ကို ဖျက်ဆီးသွားပြီး ပစ္စည်းတွေကိုလည်း အာဏာသိမ်းစစ်တပ်ရဲ့ ထုံးစံအတိုင်း ခိုးယူသွားကြတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်က ရေစကြို ရေလယ်ကျွန်းဒေသ ငတမျှော်ကျေးရွာကို နံနက်မှညအထိ တစ်နေကုန်မီးရှို့

August 17, 2022

ရေစကြို – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ် ငတမျှော်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နံနက်ပိုင်း ၁၀:၀၀ ဝန်းကျင်ကနေ ည ၇:၀၀ နာရီဝန်းကျင်ထိ မီးရှို့နေတာကြောင့် ရွာလုံးကျွတ်မီးလောင်နေတယ်လို့ ငတမျှော်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ငတမျှော်ကျေးရွာတစ်ဝိုက်ကို အာဏာသိမ်းစစ်တပ်က ပျူစောထီးတွေဦးဆောင်ပြီး အင်အား ၃၀၀ ဝန်းကျင်နဲ့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” တိုက်ပွဲလည်းမရှိဘဲနဲ့ပေါ့၊ တော်လှန်ရေးအင်အားစုတွေရှိနိုင်တဲ့ ရွာတွေကို သူတို့ကသာလွန်အင်အားတွေ၊လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရှို့နေတာ၊ရည်ရွယ်ချက်ရှိရှိရှို့နေတာလို့ပဲ ကျနော်တို့တော့မြင်တယ်”လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ လူနေအိမ်အိမ်ခြေ ၅၀၀ကျော်၊ လူဦးရေ ၃၀၀၀ကျော် နေထိုင်တဲ့ ငတမျှော်ကျေးရွာကို တနေကုန်နီးပါး အာဏာသိမ်းစစ်တပ်အဖွဲ့က မီးရှို့နေတာကြောင့် ရွာလုံးကျွတ်မီးလောင်နိုင်ပြီး ဒေသခံတွေကထွက်ပြေးနေရပါတယ်။ ” ရွာကရှို့ခံရတာ ရွာလုံးကျွတ်နီးပါးပါဗျ၊ ခုထိမီးတွေရှို့တုန်းပါ၊ မီးခိုးမမြင်ရဘူး ညဆိုတော့၊ အနီရောင်မီးတောက်ကြီးတွေပဲမြင်ရတယ် […]

အပြည့်အစုံဖတ်ရန်

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံလွှင့်ကြထူကြ” ကလေးမြို့ပင်မသပိတ် ယနေ့ဆန္ဒထုတ်ဖော်မှု

August 17, 2022

ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ၅၅၆ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဝက်လက်မြို့နယ်နဲ့ စဉ့်ကူးနယ်အစပ်က စစ်ရှောင် ၈၀၀ ကျော် မိုးမလုံတဲ့အတွက် ဖျားနာသူများကာ ကျန်းမာရေးကူညီမှုလိုအပ်

August 17, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ စဉ့်ကူးနယ်အစပ် ကျေးရွာတွေ စစ်ဘေးရှောင် ၈၀၀ ကျော်ဟာ ဒီလအတွင်းမိုးများပြီး အမိုးအကာမလုံတဲ့အတွက် စစ်ရှောင် ၁၀၀ ဝန်းကျင်ဖျားနေကာ ကျန်းမာရေးအကူညီတွေလိုအပ်နေတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါဒေသရှိ ကြက်တူရွေးကျွေးရွာ၊ဟင်္သာမရွာ၊မြစ်ကမ်းကြီးရွာ၊ သဲအင်းရွာ၊ ကျွန်းကြီးရွာ၊ ကျွန်းတော်ရွာ၊ဇီးကုန်းရွာ၊ ချောက်တာရွာ၊အင်ဒေါင်းရွာ၊မင်းရွာတောင်၊ရွာသာ၊ကမ်းဖြူ၊မှော်ဦး ၊ရေလယ်မှော်ကျေးရွာက စစ်ရှောင် ပြည်သူ ၈၀၀ ကျော်ဟာ နေရပ်မပြန်ရတာ ငါးလ ဝန်းကျင်ကြာမြင့်လာပါပြီ။ “စစ်ရှောင်နေတာက ငါးလ လောက်ရှိပြီ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်တယ်၊ လိုအပ်ချက်တွေတော့အများကြီးပဲ၊ အလှူရှင်တွေ ကူကြပေမယ့်အလှူရှင်နည်းတော့ လိုအပ်ချက်များတယ်၊ မိုးရွာလည်း အမိုးမလုံတလုံဆိုတော့ ဖျားကြတယ်၊ တခါဖျားရင် ငါးဆယ်နဲ့တစ်ရာကြား ဖျားကြတယ်၊ ဆေးဝါးအကူညီတွေလည်းလိုအပ်တယ်”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ အကိုက်အခဲပျောက်ဆေးလို ဆေးဝါးတွေအပြင် အားဆေးတွေလည်းလိုအပ်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံလွှင့်ကြထူကြ” ကလေးမြို့ပင်မသပိတ် ယနေ့ဆန္ဒထုတ်ဖော်မှု

August 16, 2022

ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ၅၅၅ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 176 177 178 179 180 181 182 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."