မြင်းမူ – ၂၀၂၃ ဖေဖော်ဝါရီ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို ဒီနေ့မနက် ၁:၀၀ ဝန်းကျင်က တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း နဂါးနီတပ်ရင်းဆီကသိရပါတယ်။ ထီးဆောင်းကျေးရွာမှာ အင်အား ၅၀ ဝန်းကျင်နဲ့အခိုင်အမာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် စစ်သားတွေကို နှစ်နာရီကြာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစခန်းကိုပါ မီးရှို့နိုင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်အမှတ် ၁တပ်ရင်း၊ နဂါးနီတပ်ရင်းက တာဝန်ရှိသူ ကိုနဂါးကပြောပါတယ်။ “သူတို့စခန်းကိုခံစစ်တွေပါ သေချာဆောက်ထားတာ၊နှစ်နာရီလောက်တိုက်ပြီးတော့ တခြားစစ်သားတွေထွက်ပြေးသွားကြတယ်၊ သေဆုံးတာ၁၅ယောက်လောက်ရှိတယ်၊လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တ်ိုက်ခိုက်ခဲ့တာ”လို့ကိုနဂါးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကသေဆုံးတဲ့စစ်သားတွေရဲ့အလောင်းတွေဟာ စခန်းမီးရှို့တဲ့ထဲမှာပါသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့်အခြေနေမစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးရမ်းပစ်ခတ်မှုကြောင့် နေအိမ်တွေပေါ် လက်နက်ကြီးကျည်ထိမှန်ပြီးပြည်သူတစ်ဥဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကနေ လက်နက်တချို့နဲ့ကျည်တွေ၊ စစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ခိုက်မှုကို Zero […]
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၂၉ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၃ ဖေဖော်ဝါရီ ၃ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၉၄ ရက်မြောက်နေ့အဖြစ် သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်နဲ့အတူ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း) စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်အာဏာမသိမ်းမီ ၁၀ နှစ်အတွင်း တိုက်ပွဲပေါင်း ၄,၆၀၀ ကျော်ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၈,၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပိုများလာတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ဘက်မှာ တိုက်ပွဲတွေက ခဏတိုင်းဖြစ်တာ။ လူအင်အားကရှိတယ်။ အဓိကက လက်နက်မလုံလောက်တာ။ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ဆို ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲက ခဏတိုင်းပဲ။ သူတို့ဆန်တက်လာရင် ဘေးကရွာတွေပါ […]
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ နေ့စဉ်မပြတ်တွန်းလှန်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းသပိတ်အင်အားစုဟာ ဒီကနေ့နံနက်အစောပိုင်းမှာ ဒေသခံပြည်သူလူထုနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၂၇ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေးမြို့ – ၂၀၂၃ ဖေဖော်ဝါရီ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်းမှာ နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၇၂၆ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ကမ္မ – ၂၀၂၃ ဖေဖော်ဝါရီ ၂ (မော်ကွန်း) ပခုက္ကူမြို့ကနေ ပြန်လာတဲ့ ကမ္မမြို့လျှပ်စစ်မှူးနဲ့ ပျူတွေကို ပစ်ခတ်ခဲ့ပြီး ပျူစောထီးနှစ်ဦး သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူကပြောပါတယ်။ ကမ္မမြို့နယ်လျှပ်စစ်မှူးနဲ့ မြိုင်မြို့နယ်၊ တွင်းမရွာက ပျုစောထီးငါးဦးဟာ ကားနှစ်စီးနဲ့ ပြန်လာချိန်မှာ မြိုင်ပကဖကတားဆီးစစ်ဆေးရာမရပ်ပေးတာကြောင့် ပစ်ခတ်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။ “စစ်ဆေးနေချိန်သူတို့ကားလာတော့ဝင်တိုက်မလိုလုပ်ပြီး အရှိန်ပြင်းပြင်းနဲ့ပြန်မောင်းထွက်သွားတာ၊ ကျွန်တော်တို့ဘက်ကပစ်လိုက်တော့ ကားတစ်စီးရပ်သွားတယ်၊ကားပေါ်ပါပျူနှစ်ယောက်သေတယ်”လို့ တာဝန်ရှိသူကပြောပါတယ်။ သေဆုံးသွားတဲ့ ပျူစောထီးနှစ်ဦးနဲ့ကားဟာ ကန်တော်နဲ့ကမ္မကြားမှာရှိနေပြီး အလောင်းလာယူတဲ့ အာဏာသိမ်းစစ်တပ်ကို ဒီနေ့မှာ ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အလောင်းတွေယူမယူနိုင်တော့ဘဲ ချန်ထားခဲ့တယ်လို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။ #Dailynews
ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်အာဏာရှင်တော်လှန်ရေးနေ့စဉ်သပိတ်တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ရွှေနွယ်သွေး” သပိတ်စစ်ကြောင်းဟာ သပိတ်တရားဟောရင်း တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အလှူခံခဲ့ရာမှာ ပြည်သူတွေထဲကနေ လက်ဝတ်ရတနာတွေ လှူဒါန်းခဲ့တယ်လို့ သပိတ်ဦးဆောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “သပိတ်မှာပဲ သပိတ်တရားဟောရင်း ကူကြ၊ လှူကြဖို့ပြောတော့ သပိတ်မှာပူးပေါင်းခဲ့တဲ့ပြည်သူတွေထဲကပဲ လှူကြတာပါ” လို့ သပိတ်ဦးဆောင်သူကပြောပါတယ်။ လက်ဝတ်ရတနာအလှူရှင် ငါးဦးထွက်ပေါ်ခဲ့ပြီး နားကပ်သုံးရံ၊ လက်စွပ်တစ်ကွင်းနဲ့ ဆွဲသီးတစ်လုံးပါဝင်ခဲ့ပါတယ်။ ဒီပစ္စည်းတွေကို စစ်အာဏာရှင်တော်လှန်နေတဲ့ ဒေသအဖွဲ့အစည်းတစ်ခုအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုမှာဖြစ်သလို ပစ္စည်းတွေလှူဒါန်းချိန်မှာလည်း အဆိုပါအဖွဲ့အစည်းတာဝန်ရှိသူပါရှိနေခဲ့လို့ တိုက်ရိုက်အပ်နှံခဲ့တယ်လို့ သပိတ်ဦးဆောင်သူကပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ဒေသခံပြည်သူလူထုက ချွေးနည်းစာစုဆောင်းထားတဲ့ လက်ဝတ်လက်စားတွေကို အခုလိုမကြာခဏပေးလေ့ရှိပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အညာဒေသ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ နေအိမ်တွေကို အများဆုံးမီးရှို့နေပါတယ်။ Data […]
ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၁ ရက် (မော်ကွန်း) စစ်တပ်ကအာဏာသိမ်းထားတာနှစ်နှစ်ပြည့်တဲ့အနေနဲ့ အသံတိတ်သပိတ်ပြုလုပ်တဲ့နေ့မှာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့ထဲလမ်းမပေါ်တွေမှာလူသူမရှိသလောက်ရှင်းလင်းနေပါတယ်။ ရန်ကုန်မြို့ရှိကုမ္ပဏီတော်တ်ောများများနဲ့ အိမ်အရောက်ပို့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေလည်း ဝန်ထမ်းတွေကို အိမ်မှာပဲနေဖို့ နဲ့ ရုံးတက်တဲ့သူတွေလည်းအပြင်မထွက်ကြဖ်ို့မှာထားတယ်လို့ ဝန်ထမ်းတစ်ချို့က မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ရုံးက ဒီနေ့မာကတ်တင်းသမားတွေအကုန်လုံးကို work from home လုပ်ထားတာ၊ ရုံးပိတ်တယ်တော့လုပ်လို့မရဘူးပေါ့၊ ဒီနေ့အတွက်တော့ဝန်ထမ်းအကုန်လုံးကို အိမ်မှာပဲနေခိုင်းထားတာ” လို့ အရောင်းဝန်ထမ်းတစ်ရာကျော်ရှိတဲ့ ဖြန့်ချီရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ပလတ်စတစ်ဖြန့်ချိရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးကလည်း “ကျွန်မတို့ရုံးက ဖြန့်ချိရေးသမားတွေကို ဒီနေ့ဘယ်မှမသွားခိုင်းဘူး၊ရုံးတော့ဖွင့်တယ်၊ ဒါမယ့် ရုံးထဲပဲနေခိုင်းတာ၊ ရုံးပိုင်းကလူတွေကိုလည်း ဖြစ်နိုင်ရင်အပြင်မထွက်ဖို့နဲ့ နေ့လည်စာထမင်းရောကျွေးတာဒီနေ့အတွက်။” လို့ပြောပါတယ်။ လက်ရှိရန်ကုန်မြို့အတွင်းရှိ စားသောက်ဆ်ိုင်၊ကော်ဖီဆိုင်၊ နဲ့ အရက်ဆိုင်တွေမှာဆိုရင်လည်း ခုံတွေသာခင်းထားပြီး လူသူမရှိရှင်းလင်းနေပါတယ်။ ဆူးလေအနီးတစ်ဝိုက်မှာ လုံခြုံရေးတင်းကြပ်ထားပြီး အာဏာသိမ်းစစ်တပ်ကိုထောက်ခံဆန္ဒပြပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လူတစ်စုကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းထားတဲ့နှစ်နှစ်တာအတွင်း […]
စစ်ကိုင်းတိုင်း – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း) အကြမ်းဖက်စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို လုယူထားတာ နှစ်နှစ်ပြည့်မြောက်တဲ့ ဒီနေ့မှာပြုလုပ်တဲ့ အသံတိတ်သပိတ်ကို မြို့ပြကြီးတွေနည်းတူ အညာဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ၊ စစ်ကိုင်းစတဲ့ ကျေးလတ်ဒေသတွေကပါ အတူပါဝင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်အင်အားစုတွေက ဒီနေ့မှာတိတ်ဆိတ်ငြိမ်သက်ခြင်းအဖြစ် ပြည်သူတွေကို ပါဝင်တော်လှန်ကြဖို့ နှိုးဆော်ခဲ့ကြတာပါ။ နိုင်ငံတဝန်းကမြို့ပြတွေမှာတော့ စစ်အာဏာရှင်ကို ဒီကနေ့မှာ တိတ်ဆိတ်ငြိမ်သက်မှုတွေနဲ့ ဆန္ဒပြခဲ့ကြသလို လမ်းပေါ်တက်သပိတ်တိုက်ပွဲတွေဆင်နွှဲနေတဲ့ အညာက ပြည်သူတွေကလည်း အတူပါဝင်ခဲ့ကြတာပါ။ ပုံစာ – ယင်းမာပင်၊ ဆားလင်းကြီး၊ ပုသိမ်-မုံရွာလမ်း၊ မုံရွာ၊ စစ်ကိုင်း၊ မြို့ပြကျေးလတ် ယနေ့မြင်ကွင်းများ ဓာတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."