မြင်းမူ – ၂၀၂၃ ဖေဖော်ဝါရီ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို ဒီနေ့မနက် ၁:၀၀ ဝန်းကျင်က တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း နဂါးနီတပ်ရင်းဆီကသိရပါတယ်။
ထီးဆောင်းကျေးရွာမှာ အင်အား ၅၀ ဝန်းကျင်နဲ့အခိုင်အမာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် စစ်သားတွေကို နှစ်နာရီကြာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစခန်းကိုပါ မီးရှို့နိုင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်အမှတ် ၁တပ်ရင်း၊ နဂါးနီတပ်ရင်းက တာဝန်ရှိသူ ကိုနဂါးကပြောပါတယ်။
“သူတို့စခန်းကိုခံစစ်တွေပါ သေချာဆောက်ထားတာ၊နှစ်နာရီလောက်တိုက်ပြီးတော့ တခြားစစ်သားတွေထွက်ပြေးသွားကြတယ်၊ သေဆုံးတာ၁၅ယောက်လောက်ရှိတယ်၊လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တ်ိုက်ခိုက်ခဲ့တာ”လို့ကိုနဂါးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကသေဆုံးတဲ့စစ်သားတွေရဲ့အလောင်းတွေဟာ စခန်းမီးရှို့တဲ့ထဲမှာပါသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့်အခြေနေမစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးရမ်းပစ်ခတ်မှုကြောင့် နေအိမ်တွေပေါ် လက်နက်ကြီးကျည်ထိမှန်ပြီးပြည်သူတစ်ဥဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကနေ လက်နက်တချို့နဲ့ကျည်တွေ၊ စစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်း(၇)မြင်းခြံခရိုင်၊တပ်ရင်း(၁၉)ရွှေဘိုခရိုင်၊တပ်ရင်း(၂)စစ်ကိုင်းခရိုင်၊တပ်ခွဲ(၂)GTR(မြင်းမူ) နှင့်တပ်ရင်း(၁)ကျောက်ဆည်ခရိုင်၊နဂါးနီ(ကျောက်ဆည်) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – သိမ်းဆည်းရမိသည့်ပစ္စည်းများ
ဓာတ်ပုံ- ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့
#Dailynews

