သတင်းများ

ရှမ်းတောင်ပိုင်းမှာ အစုလိုက်အပြုံလိုက်အသတ်ခံရပြီးနောက်ပိုင်း ဒေသခံတွေအရေးပေါ်ရွှေ့ပြောင်းနေကြရ

March 13, 2023

ရန်ကုန် – ၂၀၂၃ မတ် ၁၃(မော်ကွန်း) ကယားပြည်နယ်၊ ဒီမော့ဆိုအရှ့ဘက်အခြမ်းကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေနဲ့တိုးမှာစိုးရိမ်ပြီး ဒေသခံတွေဟာအရေးပေါ်ရွှေ့ပြောင်းနေကြရတယ်လို့ စစ်ရှောင်တွေကိုအကူညီပေးနေတဲ့နွေဦးဂုရုလေးများအဖွဲ့ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးပြီးပြန်လည်ဆုတ်ခွာလာတဲ့စစ်ကောင်စီ တပ်တွေက ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့၊နမ်းနှိမ်ကျေးရွာမှာ ဘုန်းကြီးသုံးပါးအပါအ၀င် အရပ်သား ၃၀ နီးပါးကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ထိပ်တိုက်တိုးပြီး ပိတ်မိမှာကိုဒေသခံတွေကကိုစိုးရိမ်နေကြတာပါ။ “အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့သတင်းကိုကြားပြီး ဒေသခံတွေကပိုစိုးရိမ်ပြီး အရေးပေါ် စုပြုံပြီးရွှေ့တဲ့ အခြေနေဖြစ်နေတယ်။ စစ်ကြောင်းနဲ့တိုးရင်ပိတ်မိသွားရင်ပိုဆိုးမယ်ဆိုပြီးအမြန်ရွှေ့ပြောင်းနေကြတယ်” လို့ နွေဦးဂုရုလေးများအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ဒီမော့ဆိုအရှေ့ဘက်ခြမ်းကစစ်ရှောင်တွေခိုလှုံနေတဲ့ရွာကြီးလေးရွာထဲကကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေအပါအ၀င် နေရာကိုးခုကအရေးပေါ်ရွှေ့ပြောင်းဖို့လိုအပ်နေတဲ့ဒေသခံပြည်သူငါးထောင်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လူမှုရေးအဖွဲ့တွေပူးပေါင်းပြီးကားနဲ့ခေါ်ဆောင်ပေးတာ၊ စက်သုံးဆီ ထောက်ပံ့ပေးတာတွေလုပ်ဆောင်ကာ ရွှေ့ပြောင်းပေးနေတာဖြစ်ပါတယ်။ “ နောက်ထပ်နှစ်ရက်သုံးရက်လောက်ထပ်ရွှေ့ရဦးမယ်။ ရွှေ့ပြောင်းရေးအတွက်ဒီကြားထဲ စစ်ကောင်စီရဲ့ထိုးစစ်ကိုခံစစ်လုပ်ပေးထားနိုင်မှရမယ်လို့” ရွှေ့ပြောင်းရေး အကူညီပေးနေတဲ့လူမှုရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။ အခုလ ၁၀ ရက်ဝန်းကျင်ကစတင်ကာ စစ်ကောင်စီတပ်တွေဟာ ကရင်နီနယ်ကိုစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး စစ်ရှောင်တွေခိုလှုံနေတဲ့ကျေးရွာတွေအပါအ၀င် စစ်ရှောင်စခန်းတွေနားအထိပါစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ Karenni Military Information Centerကထုတ်ပြန်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စဉ့်ကူးအနီးမှာ ဧရာဝတီလင်းပိုင်တစ်ကောင် လက်နက်ကြီးကျည်ထိမှန်သေဆုံး

March 11, 2023

ရန်ကုန်၊၂၀၂၃-မတ်၁၀(မော်ကွန်း) စဥ့်ကူးမြို့အနီး ရွာသာရွာရဲ့အနောက်ဘက်ဧရာဝတီမြစ်ဘေးမှာ လက်နက်ကြီးကျည်စထိမှန်တယ်လို့ယူဆနိုင်တဲ့ ဖောက်ထွင်းဒဏ်ရာနဲ့ ဧရာဝတီလင်းပိုင်အထီးတစ်ကောင်သေဆုံးနေတာကို အခုတစ်ပတ်အတွင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီ့နေရာအနီးတစ်ဝိုက်မှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့စစ်ကိုင်းတိုင်းအတွင်းက ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိနေပါတယ်။ ဒီလိုပစ်ခတ်လိုက်တဲ့လက်နက်ကြီးအချို့ဟာ ဧရာဝတီမြစ်ထဲကိုကျရောက်တာတွေရှိတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။ “ဟိုဘက်ကမ်း ဒီဘက်ကမ်းပစ်နေကြတာလေးရက်လောက်ရှိပြီ၊ ကျွန်တော်တို့က ဒီဘက်ကမ်းကဆိုတော့ လင်းပိုင်အသေတွေ့တဲ့နေရာကိုသွားကြည့်လို့တော့မရဘူး။ တွေ့တဲ့ရေလုပ်သားတွေပြောတာက ဖောက်ထွင်းဒဏ်ရာသုံးချက်လို့ပြောတယ်။ လက်နက်ကြီးတွေကမြစ်ထဲကျတာတွေလည်းရှိတော့ မိုင်းကွဲသလိုဖြစ်ပြီး ဒီရက်ထဲငါးတွေခေါင်းပြတ်တာနဲ့ကိုယ်လုံးမှန်တာနဲ့တအားသေတယ်။ အခုတွေ့ရတဲ့လင်းပိုင်လည်း လက်နက်ကြီးကျည်စမှန်ပြီးသေတယ်လို့ယူဆလို့ရတယ်လို့”စစ်ကိုင်းတိုင်းဝက်လက်ဒေသခံ ရေလုပ်သားတစ်ဦးကပြောပါတယ်။ သေဆုံးတဲ့လင်းပိုင်ဟာအရှည်ခုနစ်ပေရှိကာ ခန့်မှန်းချက်အရ သက်တမ်းနှစ် ၄၀ နီးပါးခန့်ရှိပြီး ရရှိတဲ့ဒဏ်ရာအနေအထား ကတော့ လင်းပိုင်ရဲ့အပေါ်ပိုင်းငါးပေလောက်မှာ ရှစ်လက်မအကွာဒဏ်ရာနှစ်ချက်နဲ့ အမြီးပြားရဲ့အပေါ်ပိုင်းနှစ်ပေ လောက်မှာဒဏ်ရာတစ်ချက်တွေ့ရှိရတယ်လို့သိရပါတယ်။ “ဒီလိုအရွယ်လင်းပိုင်တစ်ကောင်ဖြစ်ဖို့ဆိုတာ ထိန်းသိမ်းတဲ့အဖွဲ့တွေရော ကျွန်တော်တို့ဒေသခံတွေပါဝိုင်းပြီး စောင့်ရှောက်လာကြရတာ။ အခုလိုသေဆုံးတာကိုတော့တအားနှမျောတယ်” လို့ဒေသခံရေလုပ်သားတစ်ဦးကပြောပါတယ်။ မြန်မာနိုင်ငံမှာစတင်တွေ့ရှိတဲ့အတွက် ဧရာဝတီလင်းပိုင်လို့ခေါ်ဆိုခဲ့ကြတဲ့ ဒီလင်းပိုင်တွေကို ကမ္ဘာကချစ်စရာအပြုံးပိုင်ရှင်လေးတွေလို့လည်းတင်စားခေါ် ဝေါ် ကြပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာအရှေ့တောင်အာရှရဲ့ပြယုဂ်တစ်ခုဖြစ်သလို မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

၁၀ တန်းစာမေးပွဲကာလ လူမစုရစီမံချက်အကြောင်းပြကာ ရဲကလူငယ်တွေကိုဖမ်းဆီးငွေညှစ်

March 9, 2023

ရန်ကုန်-၂၀၂၃ မတ် ၉(မော်ကွန်း) အင်းစိန်ကဆယ်ကျော်သက်လူငယ်သုံးဦးကို လူစုလူဝေးမလုပ်ရစီမံချက်နဲ့ရဲကဖမ်းဆီးပြီး ငွေကျပ်သုံးသောင်းတောင်းကာ ပြန်လွှတ်လိုက်တယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ အသက်၁၈နှစ်အရွယ်ဆယ်ကျော်သက်ယောက်ျားလေးငါးယောက်ဝန်းကျင်ပါဝင်တဲ့အုပ်စုဟာ လမ်းထိပ်မှာလူငယ်သဘာဝစကားပြောနေတာကို လူစုလူဝေးလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ယနေ့ညနေ ၆ နာရီ‌ကျော်‌လောက်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “၁၀တန်းစာမေးပွဲကာလလူစုလူဝေးမလုပ်ရဆိုတဲ့စီမံချက်နဲ့ ကလေးတွေကိုဖမ်းတယ်လို့ပြောတယ်။ ပါသွားတဲ့ထဲက ကောင်လေးတစ်ယောက်ရဲ့အမေကို ဖုန်းဆက်ပြီးမနက်တရားရုံးလိုက်ခဲ့ဆိုပြီး နယ်ထိန်းကပြောတယ်။ အဲ့ဒါနဲ့ချက်ခြင်းလိုက်သွားကြတော့ ကလေးတွေကဘာမှမလုပ်ထားလို့ လက်မှတ်ထိုးပြီးပြန်လွှတ်ပေးမယ်၊စာအိတ်ထဲပိုက်ဆံသုံးသောင်းထည့်ဆိုလို့ ပေးခဲ့ရတယ်” လို့ဖြစ်စဉ်ကို သိရှိသူတစ်ဦးကပြောပြပါတယ်။ မတရားဥပဒေသုံးပြီးဖမ်းဆီးတတ်တဲ့အခုလို ဖြစ်စဉ်တွေကြောင့်ဆယ်ကျော်သက်အရွယ်သားသမီးရှိတဲ့ မိဘတွေအနေနဲ့စိုးရိမ်ပူပန်ရပြီး မိုးချုပ်ရင်အပြင်မထွက်ဖို့သားသမီးတွေကို တားမြစ်နေမိတယ်လို့လည်း အုပ်ထိန်းသူမိဘတစ်ဦးကပြောပါတယ်။ “‌ခေတ်ကမကောင်းဘူး၊ သူတို့(အာဏာပိုင်တွေ)ပါးစပ်ထဲမှာပဲတပ်ချင်တဲ့အမှုတပ်နေတော့ ကလေးတွေအပြင်သွားရင် ကိုယ့်မှာစိတ်ပူနေရတယ်”လို့၎င်းကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကိုပစ်မှတ်ထားကာ ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ရန်ကုန်က ဇလုံကြီးဟင်းအနှစ်ထုပ်ပိုင်ရှင်ကိုလည်း စကစလိုက်လံရှာဖွေနေ

March 9, 2023

ရန်ကုန် – ၂၀၂၃၊ မတ်လ ၉ (မော်ကွန်း) မန္တလေးမြို့ကဇလုံကြီးဟင်းအနှစ်ဆိုင်ပိုင်ရှင်ဖမ်းခံရပြီးနောက် ရန်ကုန်၊ကျောက်တံတားမြို့နယ်၊လမ်း၄၀ အပေါ်ဘလောက်ကဇလုံကြီးအနှစ်ထုပ်ရောင်းတဲ့ဆိုင်ပိုင်ရှင်တစ်ဦးရဲ့နေအိမ်ကို စကစတွေလာရောက်ရှာဖွေခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။ “နေ့လယ်လောက်ကတွေ့လိုက်တယ်။ အများကြီးပဲလာရှာကြတာ။ ဖမ်းခေါ်သွားတာတော့မတွေ့လိုက်ဘူး” လို့ အနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။ ဒီကနေ့ မွန်းလွဲလောက်မှာ စစ်ကောင်စီက မန္တလေးမြို့၊၆၆ လမ်း၊ ၃၁ လမ်း နဲ့ ၃၂ လမ်းကြားက ဇလုံကြီးအနှစ်ထုပ်ရောင်းတဲ့ဆိုင်ပိုင်ရှင်အား ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့အပြီး ရန်ကုန်က ဇလုံကြီးအနှစ်ထုပ်ပိုင်ရှင်ကိုလည်းလာရောက်ရှာဖွေခဲ့တာပါ။ ဒီလိုဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင်ရှင်တွေအဖမ်းမခံရခင်ရက်ပိုင်းအလိုက ဖေ့စ်ဘွတ်ဆယ်လီ ပန်ဆယ်လိုဟာ အမေရိကမှာ ၎င်းဖွင့်လှစ်ထားတဲ့ စတိုးဆိုင်မှာ ဇလုံကြီးဟင်းအနှစ်ထုပ်တွေလည်းရနိုင်တယ်ဆိုပြီး ရေးသားခဲ့တာပါ။ အဲဒီနောက်မှာတော့ စစ်ကောင်စီလော်ဘီချန်နယ်ကနေ ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင်ရှင်တွေကိုဖမ်းဆီးကြဖို့ရေးသားခဲ့တာပါ။ အဲဒီချန်နယ်မှာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင်ရှင်ရဲ့နေရပ်လိပ်စာအတိအကျက်ိုရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိမှာဆိုလည်း ကျောက်တံတားမြို့နယ်ထဲမှာ စကစတပ်တွေခြေရှုပ်နေတယ်လို့လည်းအနီးအနားနေထိုင်သူတွေကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မကွေးတိုင်း ပေါက်မြို့နယ်ကို စကစတပ်က လက်နက်ကြီးတွေပစ်ခတ်ဝင်စီး

March 9, 2023

ပေါက်-၂၀၂၃ မတ် ၉ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ဝန်းရွာကို စစ်ကောင်စီတပ်တွေလက်နက်ကြီးငယ်တွေပစ်ခက်ပြီး ဒီနေ့မနက်ပိုင်းကဝင်စီးတာကြောင့် လက်နက်ကြီးကျည်မှန်ပြီး အဖွားအိုသုံးဦးသေဆုံးသွားတယ်လို့ အဲဒီကဒေသခံတွေကပြောပါတယ်။ “အဖွားကြီးသုံးယောက် လက်နက်ကြီးထိပြီးတော့သေတယ်ဆိုတာပဲသိရသေးတယ်၊ အဲ့တာတော့သေချာတယ်။ အဖမ်းခံရတာတွေတော့ မသိရသေးဘူး။ လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ ပြည်သူတွေထိတယ်။ ဒါ့ထက်လည်းများလာနိုင်သေးတယ်။ အခုကရှောင်နေရတာဆိုတော့ကျန်တဲ့ဟာ မသိရသေးဘူး” လို့ အဲဒီဒေသခံကပြောပါတယ်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေက ညောင်ဝန်းရွာအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပြည်သူတွေရှိရာဘက်ကို ပစ်ခတ်နေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်စီးတာကြောင့် ညောင်ဝန်းရွာအပြင် အနီးနားရွာတွေက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံအနှံ့နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ယခုနှစ်ဖေဖော်ဝါရီလကထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

“လေယာဥ်ပျံတွေလာရင်”ခေါင်းစဉ်ဖြင့် ကလေးငယ်များအား လေကြောင်းအန္တရာယ်အသိပညာပေး

March 8, 2023

အရာတော် – ၂၀၂၃ မတ် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြ်ို့နယ်မှာ လေကြောင်းအန္တရာယ် ကလေးသူငယ်အသိပညာပေးအစီအစဉ်တစ်ခုကို ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏခံရပြီး ကလေးငယ်တွေပါ သေဆုံးခဲ့ရတဲ့ ဒီဒေသအတွက် မြောင်ပညာရေးကွန်ရက်က စီစဉ်တဲ့ “လေယာဉ်ပျံတွေလာရင် ” ပညာပေးစာအုပ်တွေ ဖြန့်ဝေတာနဲ့ ကာတွန်းသရုပ်ဖော်ပြသတာတွေကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက လုပ်ဆောင်ခဲ့တာပါ။ အရာတော်မှာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်က တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းကနေ Mi-35၊ Mi-17 ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ ဓာတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ဝင်လာချိန် ထန်းသမားတစ်ဦးပစ်သတ်ခံရကာ တစ်ဦးကကြောက်လန့်၍ ထန်းပေါ်မှပြုတ်ကျပြီးနောက် သေဆုံး

March 8, 2023

ယင်းမာပင် – ၂၀၂၃ မတ် ၈ (မော်ကွန်း) စစ်ကိိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒီကနေ့ ‌မွန်းလွဲပိုင်းက အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးလာချိန် ထန်းတောက ထန်းသမားတစ်ဦးအသတ်ခံရပြီး နောက်တစ်ဦးကတော့ ကြောက်လန့်ကာ ထန်းပင်ပေါ်က ပြုတ်ကျလို့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ ယင်းမာပင်၊ ဘန့်ဘွေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတွေဟာ ထန်းတောတွေရှိတဲ့ နဘူးတောရွာဆီကို စစ်ကြောင်းထိုးလာပြီး အသက် ၃၅ နှစ်ဝန်းကျင် ထန်းတက်သမား ကိုဇော်မင်းကို ပစ်သတ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။ “ကိုဇော်မင်းက ဘန့်ဘွေးကနေ စခတွေ ထွက်ပြီဆိုတဲ့သတင်းကို ကြားကြားချင်း သူ့အမျိုးသမီးနဲ့ကလေးတွေကို လွတ်ရာပို့ပြီး သူ့ထန်းလျက်ကြိုတဲ့ တဲကို ဆိုင်ကယ်ပြန်အယူမှာ ပစ်သတ်ခံရတာ”လို့ ဒေသခံကပြောပါတယ်။ သေဆုံးသူ ကိုဇော်မင်းမှာ ဇနီးဖြစ်သူနဲ့ အခြေခံပညာကျောင်းနေအရွယ် သားသမီးနှစ်ဦးကျန်ရစ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ “စခတွေပြန်ပြီလို့သိရပြီး ကိုယ့်နေရာ […]

အပြည့်အစုံဖတ်ရန်

“သာတူညီမျှမှုနှင့်အတူချီတက် အာဏာရှင်တို့အဆုံးသတ် Embrace Equity ” ကလေးမြို့ပင်မသပိတ် စစ်အာဏာရှင်ကို ၇၆၀ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြ

March 8, 2023

ကလေးမြို့ – ၂၀၂၃ မတ် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ပါ ဒီနေ့သပိတ်ကို ချီတက်ခဲ့တာဖြစ်ပြီး ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်တော်လှန်လာတာ ဒီနေ့နဲ့ဆိုရက်ပေါင်း ၇၆၀ ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်နဲ့ဆားလင်းကြီးမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလို့ ယနေ့ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူများ

March 8, 2023

စစ်ကိုင်းတိုင်း – ၂၀၂၃ မတ် ၈ (မော်ကွန်း) ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ နံနက်အစောပိုင်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြင်ကွင်းပါ။ ဒီကနေ့နံနက် ၆း၀၀ နာရီလောက်ကစလို့ အာဏာသိမ်းစစ်တပ်ရဲ့ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကားနှစ်စီးဟာ ပုသိမ် – မုံရွာလမ်းကို ဆင်းလာပြီး စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတရုတ်ကြေးနီစီမံကိန်းက ကြေးနီသယ်ယူတဲ့ ကားတွေကို အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူပေးတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကြေးနီစီမံကိန်းက ကားတွေအဝင်အထွက်နဲ့ တရုတ်နိုင်ငံသားတွေအတွက်လည်း လုံခြုံရေးအကြောင်းပြပြီး အင်အားအများနဲ့ ကြေးနီစီမံကိန်းတဝိုက်က ကျေးရွာတွေ မကြာခဏစစ်ကြောင်းထိုးလေ့ရှိပါတယ်။ ပုံစာ – ဒီကနေ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ယင်းမာပင်၊ဆားလင်းကြီးနယ်က ဒေသခံပြည်သူများ ဓါတ်ပုံ – […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတံတားပေါ်ကခုန်ချသွားတဲ့ သံဃာတော်အလောင်း သုံးရက်အကြာမှာပြန်တွေ့

March 8, 2023

ရန်ကုန်-၂၀၂၃ မတ် ၈ (မော်ကွန်း) စစ်ကိုင်း-မန္တလေးဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားပေါ်ကနေခုန်ချသွားတဲ့ သံဃာတော်တစ်ပါးရဲ့အလောင်းကို သုံးရက်အကြာ ဒီနေ့မနက် ၈ နာရီခွဲက ပြန်တွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့-စစ်ကိုင်း SERT က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ဧရာဝတီတံတားရဲ့ ရေမိုင်ငါးမိုင်အကွာမှာ တွေ့တာခင်ဗျ။ ဘယ်လိုကြောင့်ခုန်ချတယ်ဆိုတာမသိရဘူးဗျ၊ (အလောင်းကို) စစ်ကိုင်းဆေးရုံကြီးရဲ့ ရင်ခွဲရုံကိုပို့ထားတယ်” လို့ SERT က တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်အထိတော့ အဲဒီသံဃာတော်ရဲ့ သီတင်းသုံးတဲ့ကျောင်းနဲ့ ဘွဲ့နာမည်မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ အဲဒီသံဃာတော်ဟာ ဧရာဝတီတံတား ရတနာပုံ စစ်ကိုင်းဘက်အခြမ်းကနေ မတ် ၅ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ခုန်ချခဲ့တာပါ။ အဲဒီနေ့တစ်နေ့တည်းမှာပဲ ဧရာဝတီမြစ်ဆိပ်မှာ ကိုရင်သုံးပါးရေဆင်းကူးရင်း ရေနစ်ပြီး နှစ်ပါးကိုကယ်နိုင်ကာ တစ်ပါးသေဆုံးခဲ့ပါသေးတယ်။ Photo – […]

အပြည့်အစုံဖတ်ရန်

လာမယ့်နွေရာသီ အပူချိန်မြင့်တက်နိုင်

March 8, 2023

ရန်ကုန်၊၂၀၂၃မတ်(၈)မော်ကွန်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲ့အခုနှစ်နွေရာသီဟာ အပူချိန်စံချိန်တင်မြင့်တက်မှုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။ လက်ရှိကာလဟာ လာနီညာရာသီဥတုဖြစ်စဉ် ကနေ အယ်နီညိုရာသီဥတုဖြစ်စဉ်ကို ကူးပြောင်းနေတဲ့ ကြားကာလဖြစ်ပြီး မတ်လနောင်းပိုင်းကနေမေလကုန်အထိ ပုံမှန်နှစ်တွေထက်အပူချိန်မြင့်တက်မှုကိုကြုံတွေ့နိုင်တယ်လို့ဆိုပါတယ်။ ” ၂၀၂၀ ကနေ၂၀၂၂ ထိက အအေးပိုတဲ့လာနီညာနှစ်တွေပေါ့၊ အရင်ကဆို လာနီညာဖြစ်ပြီး အယ်နီညိုကိုကူးပြောင်းဖို့အတွက် ကြားထဲမှာတစ်နှစ်ကျော်လောက်ခြားသေးတယ်။ အခုကတော့ကမ္ဘာကြီးပူ‌နွေးလာမှုကြောင့် ရာသီဥတုကူးပြောင်းမှုက ချက်ခြင်းဖြစ်လာတယ်။ အခုနှစ်နွေရာသီကတော့ ပျမ်းမျှခန့်မှန်းချက်အရ ပြီးခဲ့တဲ့သုံးနှစ်ကထက် မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ အပူချိန်မြင့်တက်မှုဖြစ်ပေါ်နိုင်တယ်”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တာဝန်ရှိသူကပြောပါတယ်။ ဒီလိုအပူချိန်မြင့်တက်မှုကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းအပူပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာပိုမိုကြုံတွေ့နိုငိတယ်လို့ ဆိုပါတယ်။၎င်း‌ဒေသတွေရဲ့ လက်ရှိမတ်လဆန်းပိုင်း ပျမ်းမျှအပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနေတာပါ။ လာနီညာရာသီဥတုဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၀ နွေရာသီမှာမကွေးတိုင်းဒေသကြီးချောက်မြို့ရဲ့အပူချိန်ဟာ ၄၇.၁ဒီဂရီစင်တီဂရိတ်အထိဖြစ်ပေါ်ခဲ့ပြီး ၄၉နှစ်အတွင်းအမြင့်ဆုံးအပူချိန်အဖြစ်စံချိန်တင်ရောက်ရှိခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရသိရပါတယ်။ ၂၀၂၃ မှာ ကမ္ဘာတစ်ဝှမ်း အယ်နီညိုကျရောက်ပြီး မတ်လကနေမေလအတွင်း အပူချိန်မြင့်တက်မှုတွေကြုံတွေ့နိုင်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

သင်္ကြန်ကာလအတွက် ကမ်းခြေဟိုတယ်တွေ ဘွတ်ကင်ပြည့်နေပေမယ့် တစ်နိုင်ငံလုံးမှာအရင်ထက်ခရီးသွားနည်းပါးနိုင်

March 8, 2023

ရန်ကုန်- ၂၀၂၃ မတ် ၈ (မော်ကွန်း) လာမယ့်သင်္ကြန်ကာလအတွက် ကမ်းခြေဒေသတွေရှိဟ်ိုတယ်တွေမှာ ဘွတ်ကင်တွေအပြည့်ဖြစ်နေသော်လည်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ခရီးသွားဦးရေဟာ ကိုဗစ်ကာလမတိုင်မီလောက်တော့မများနိုင်ဘူးလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးနောင်းနောင်းဟန်ကပြောပါတယ်။ “ယခင်ကိုဗစ်မတိုင်ခင်တုန်းကဆိုရင်တော့ ဒီလိုအချိန်မျိုးမှာ ပြည်တွင်းခရီးသွားတွေ တစ်သန်းနီးပါးရှိခဲ့တယ်။ ဒါပေမယ့်အခုအခြေအနေမျိုးမှာတော့ သင်္ကြန်ကာလအတွင်းမှာ အရင်ကလောက်မရှိနိုင်ပေမယ့် ငါးသိန်း၊ ခြောက်သိန်းလောက်သာရှိနိုင်ပါမယ်” လို့ သူကပြောပါတယ်။ လက်ရှိမှာဆိုရင် ချောင်းသာ၊ ငွေဆောင်နဲ့ငပလီ ကမ်းခြေတွေမှာဟိုတယ်ဘွတ်ကင်တင်ထားတဲ့သူတွေအပြည့်ဖြစ်နေသလို ဝန်ဆောင်မှုပေးရတဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း ခရီးစဉ်တွေအများအပြားရထားတယ်လို့သိရပါတယ်။ ချောင်းသာကမ်းခြေရှိဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကတော့ “ကျွန်တော်တို့ဟိုတယ်ကတော့ သင်္ကြန်ကာလစျေးမသတ်မှတ်ရသေးတော့ဘွတ်ကင်တွေလက်မခံသေးဘူး။ တစ်ခြားဟိုတယ်တွေတော့တော်တော်များများဘွတ်ကင်တွေပြည့်နေပြီ” လို့ ပြောပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသမှာတော့ အခုနောက်ပိုင်း တိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်လာတာကြောင့် အခုလာမယ့်သင်္ကြန်ကာလမှာတော့ ပြီးခဲ့တဲ့နှစ်လောက် ခရီးသွားတွေလာကြတော့မှာမဟုတ်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်ကတစ်ရက်ကို ခြောက်သောင်းရတယ်။ အဲ့ဒါနေ့တိုင်းဆွဲရတာ။ အခုကလမ်းပန်းအခြေအနေတွေကလည်းမကောင်းဘူး။ အရင်ကလောက်တော့ ခရီးသည်တွေလာကြမှာမဟုတ်ဘူး” လို့ အင်းလေးဒေသမှာ စက်လှေမောင်းသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကလာမယ့်သင်္ကြန် […]

အပြည့်အစုံဖတ်ရန်
1 … 143 144 145 146 147 148 149 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."