ရန်ကုန်-၂၀၂၃ မတ် ၈ (မော်ကွန်း)
စစ်ကိုင်း-မန္တလေးဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားပေါ်ကနေခုန်ချသွားတဲ့ သံဃာတော်တစ်ပါးရဲ့အလောင်းကို သုံးရက်အကြာ ဒီနေ့မနက် ၈ နာရီခွဲက ပြန်တွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့-စစ်ကိုင်း SERT က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဧရာဝတီတံတားရဲ့ ရေမိုင်ငါးမိုင်အကွာမှာ တွေ့တာခင်ဗျ။ ဘယ်လိုကြောင့်ခုန်ချတယ်ဆိုတာမသိရဘူးဗျ၊ (အလောင်းကို) စစ်ကိုင်းဆေးရုံကြီးရဲ့ ရင်ခွဲရုံကိုပို့ထားတယ်” လို့ SERT က တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ အဲဒီသံဃာတော်ရဲ့ သီတင်းသုံးတဲ့ကျောင်းနဲ့ ဘွဲ့နာမည်မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
အဲဒီသံဃာတော်ဟာ ဧရာဝတီတံတား ရတနာပုံ စစ်ကိုင်းဘက်အခြမ်းကနေ မတ် ၅ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ခုန်ချခဲ့တာပါ။ အဲဒီနေ့တစ်နေ့တည်းမှာပဲ ဧရာဝတီမြစ်ဆိပ်မှာ ကိုရင်သုံးပါးရေဆင်းကူးရင်း ရေနစ်ပြီး နှစ်ပါးကိုကယ်နိုင်ကာ တစ်ပါးသေဆုံးခဲ့ပါသေးတယ်။
Photo – SERT
#Diailynews

