အခြေခံပညာဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က စာသင်ကျောင်းမှာ ဘုရားရှိခိုး၊ သီချင်းဆို တဲ့ အလေ့အထတွေဟာ လက်ဆင့်ကမ်း လာတဲ့ အလေ့အထတွေသာ ဖြစ်ပြီး စာ ထုတ်ညွှန်ကြားချက်မဟုတ်တဲ့အတွက် တစ်စုံတစ်ရာ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။
”ဆက်မလုပ်ဖို့ စာထုတ်လိုက်မှ သာ နီးစပ်မှုရှိနေတဲ့ ဆက်ဆံရေးကနေ ကွာဟမှုတွေ ဖြစ်လာနိုင်တာပါ။ ဒီတိုင်း က သူ့ဟာသူ အဆင်ပြေနေတယ်” လို့ သူက ပြောပါတယ်။ ဗုဒ္ဓဘာသာအများစု ဖြစ်တဲ့နိုင်ငံမှာ ဓမ္မာရုံအများအပြား ရှိနေ တာဟာ ဘာမှပြဿနာမရှိနိုင်တဲ့ သဘောမျိုးပဲလို့ သူက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ NLD အစိုးရလက်ထက် ချမှတ်ထားတဲ့ ပညာရေးမူဝါဒတွေထဲမှာ ဘယ်ကလေးမှ နောက်မချန်စေရ၊ ဘယ်သူမှ ကျောင်း မထွက်စေရ၊ ပြည်မ၊ တောင်တန်း၊ လူ နည်းစု၊ လူများစု မခွဲခြားစေရ ဆိုတဲ့ အစီ အစဉ်တွေ ပါဝင်တယ်လို့ သူက ရှင်းပြ ပါတယ်။
လတ်တလောမှာ သင်ရိုးညွှန်းတမ်း တွေကိုလည်း မူလတန်းအဆင့်ကနေစပြီး အဆင့်ဆင့် ပြောင်းလဲနေပြီဖြစ်ရာ ၂ဝ၂၂ မှာ အပြီးအစီး ဖြစ်နိုင်တယ်လို့ သူက ခန့်မှန်း ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှူး အငြိမ်းစားပါမောက္ခ ဒေါက်တာကျော်ဝင်း က ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ဆို ရင် သင်ရိုးòန်းတမ်းတွေနဲ့အတူ သမိုင်း အမြင်တွေကိုပါ ပြောင်းဖို့လိုနေပြီလို့ဆို ပါတယ်။
သူဟာ စစ်အစိုးရလက်ထက်က တည်းက သမိုင်းသင်ရိုးòန်းတမ်းတွေကို ရေးဆွဲခဲ့ရပြီး လက်ရှိမှာလည်း အမျိုးသား သင်ရိုးòန်းတမ်း ရေးဆွဲရေးကော်မတီမှာ သမိုင်းပညာရှင်တွေကရေးဆွဲတဲ့သင်ရိုးကို နိုင်ငံတော်က သွားနေတဲ့ မူဝါဒနဲ့အညီ တည်းဖြတ်၊ အကြံပြုဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။
”ကျွန်တော်တို့နိုင်ငံမှာ လူမျိုးစု အများကြီးရှိတဲ့အတွက် မတူကွဲပြား အနေအထားက နေ စုပေါင်းနေထိုင်နိုင်တဲ့ ပုံစံနဲ့ သွားမှ ဖြစ်မယ်။ ဒါကြောင့် တိုင်းရင်း သားတွေလည်း နေထိုင်တယ်၊ သူတို့ရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်မယ်၊ တန်းတူရည်တူ အခွင့်အရေးပေးရမယ် ဆို တာမျိုးကို ဘက်ပေါင်းစုံက ချဉ်းကပ်တဲ့ နည်းနဲ့ သွားရမယ်”လို့ သူက ပြောပါတယ်။
အရင်က သင်ရိုးòန်းတမ်းမှာ ပထမ မြန်မာနိုင်ငံတော်လို အသုံးအနှုန်းမျိုး ပါဝင်တာဟာ မြန်မာတွေက ကြီးစိုးထား သလိုဖြစ်နေတာကြောင့် ”ခုပြင်လိုက်တဲ့ သင်ရိုးòန်းတမ်းမှာက ပထမမြန်မာနိုင်ငံ တော်၊ ဒုတိယမြန်မာနိုင်ငံတော်လို့ မပြော တော့ဘူး။ ပုဂံခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်လို့ပဲ ဖော်ပြထား တယ်”လို့ သူက ရှင်းပြပါတယ်။
နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လိပ်ခဲတည်းလည်း ဖြစ်နေတာကလည်း တိုင်းရင်းသား တွေခံစားနေရတဲ့ မြန်မာကြီးစိုးရေးဝါဒကို လျှော့ချဖို့လိုနေပြီဆိုတဲ့ တပ်လှန့်သံပဲလို့ သူက ဆိုပါတယ်။
စစ်အစိုးရလက်ထက်မှာ သမိုင်း သင်ရိုးရေးဆွဲတဲ့အခါ သင်ရိုးòန်းတမ်း ကော်မတီက ရေးဆွဲသမျှကို ဘာမှအကြံ ပြုခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။
သမိုင်းဂုဏ်ထူးတန်းနောက်ဆုံးနှစ် ကျောင်းသား ကိုနိုင်အောင်ကတော့”အသစ်ပြောင်းလဲလာမယ့် သမိုင်းသင်ရိုး ဟာ အားလုံးလက်ခံနိုင်တဲ့ အချက်လက် တွေ ပါမှာလား၊ ဒါမှမဟုတ် အငြင်းပွား စရာတွေ ဖြစ်လာနိုင်ဦးမလားဆိုတာ စိတ် ဝင်စားစရာပဲ”လို့ ဆိုပါတယ်။

