သတင်းများ

ချင်းတွင်းမြစ်ထဲက စစ်ကောင်စီသင်္ဘောတွေကိုတိုက်ခိုက်

October 18, 2023

မုံရွာ-၂၀၂၃ အောက်တိုဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ် သင်္ဘောလေးစီးကို မနေ့နေ့လယ်ပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အသေအပျောက်ရှိနိုင်တယ်လို့ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Brave Heart Army- BHA က ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သင်္ဘောတွေဟာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေသယ်ပြီး ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာလို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သင်္ဘောတွေဟာ မုံရွာမြို့နယ် အလုံ မင်းဒေါင့်ဆိပ်ကမ်းမှာဆိုက်ကပ်ထားပြီး မြစ်ကြောင်းအတိုင်း အထက်ကိုဆန်တက်မယ်လို့ ကြားသိထားရကြောင်းသူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်သင်္ဘောတွေဟာ တိုက်ခိုက်ခံရချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မြစ်ကမ်းတလျှောက်က ရွာတွေကို ပြန်ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။ “ဒီကောင်တွေ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တယ်။ရွာတွေထဲတော့ကျတယ်။ ပြည်သူအထိအခိုက်တော့ မရှိဘူးဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိခိုက် […]

အပြည့်အစုံဖတ်ရန်

တက္ကသိုလ်တွေ လာမယ့်နိုဝင်ဘာမှာ ကျောင်းလက်ခံပြီးပြန်ဖွင့်မယ်လို့ဆို

October 17, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၇ (မော်ကွန်း) တက္ကသိုလ်အားလုံး လာမယ့်နိုဝင်ဘာလမှာ ကျောင်းအပ်လက်ခံပြီး ကျောင်းတွေစတင်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာ ကြေညာထားပါတယ်။ တက္ကသိုလ်တွေအနေနဲ့ နောက်လ ၁၆ ရက်နေ့မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ကျောင်းတွေကိုတော့ ၂၃ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။ တက္ကသိုလ်တွေရဲ့ နေ့သင်တန်းတွေကို နိုဝင်ဘာလမှာဖွင့်လှစ်ပြီး အဝေးသင်တွေကိုတော့လာမယ့်ဒီဇင်ဘာလမှာ ဖွင့်လှစ်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ နီးစပ်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “ဒီနှစ် ၂၀၂၃ ခုနှစ်အောင်တဲ့သူတွေစပြီး တက္ကသိုလ်တွေ လျှောက်နေကြပြီ။ ဒီလကုန်လောက်မှာ ကိုယ်ဘယ်မေဂျာရတယ်ဆိုတာကျမယ်။ မေဂျာကျပြီး ကျောင်းအပ်လို့ရအောင် ကြိုကြေညာထားတာ” လို့ သူကပြောပါတယ်။ နောက်လ ၁၆ ရက်မှာ တက္ကသိုလ်တွေ စတင်ကျောင်းအပ်လက်ခံရာမှာ နေ့စဉ် မနက်ကိုးနာရီကနေ ညနေငါးနာရီအတွင်း ပိတ်ရက်မရှိ လက်ခံဆောင်ရွက် […]

အပြည့်အစုံဖတ်ရန်

NCA နှစ်ပတ်လည်တက်ရောက်ခဲ့တဲ့ ABSDF အဖွဲ့ဝင်သုံးဦးကို တာဝန်မှရပ်ဆိုင်း

October 17, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၇ (မော်ကွန်း) စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဒုဥက္ကဋ္ဌ နဲ့ ဗဟိုကော်မတီဝင်နှစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ ABSDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက မော်ကွန်းကိုပြောပါတယ်။ ရက်ပိုင်းအတွင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်စောမောင်မောင်ဦးနဲ့ ရဲဘော်မင်းဇော်တို့ တက်ရောက်ခဲ့တာပါ။ အဆိုပါ ABSDF တပ်ဖွဲ့ဝင်သုံးဦးဟာ အဖွဲ့အစည်းကချမှတ်တဲ့စည်းကမ်းကိုမလိုက်နာဘဲ အခုလို NCA ရှစ်နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သူတို့ရဲ့ ABSDF အဖွဲ့အစည်းအတွင်းမှာရှိတဲ့ နိုင်ငံရေးတာဝန်၊ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ အာဏာသိမ်းစစ်တပ်သတ်သွားတဲ့ ‌ပြည်သူအလောင်းတွေတွေ့ရှိ

October 17, 2023

ယင်းမာပင် – ၂၀၂၃ အောက်တိုဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးရင်း သတ်ဖြတ်သွားတဲ့ ပြည်သူအလောင်းတွေကို ဒီကနေ့နံနက်ပိုင်းက ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ မနေ့က ပုလဲမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်လို့ ဒေသခံတွေက ပြောကြပြီး တွေ့ရှိရတဲ့ အလောင်းခြောက်လောင်းမှာ ကျောင်းသားနှစ်ဦးလည်းပါဝင်ပါတယ်။ “မနေ့ကတည်းက ပုလဲမြို့နယ်ချင်ပျစ်ရွာကနေ ယင်းမာပင်ကိုကူးလာတာ။အင်းထန်းတောကုန်း၊သဲကုန်း၊ရွှေလှံရွာတွေမှာတပ်စွဲတာဗျ၊ ပြည်သူတွေဖမ်းခံရတဲ့ထဲက ၆ယောက်တော့သတ်ခံရတယ်။ကျောင်းသားလေးနှစ်ယောက်ပါတယ်”လို့ ‌ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အသတ်ခံရသူတွေဟာ ကိုဇော်သူ၊ကိုဇော်မောင်၊ကိုမောင်လင်း၊ မောင်ခန့်နေနိုင်၊မောင်သန့်ဇင်ဦးနဲ့မောင်သန်းထိုက်အောင်တို့ ဖြစ်ပါတယ်။ “ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ရက်ရက်စက်စက်သတ်ထားခဲ့တာ။ တစ်ကိုယ်လုံးမှာဒဏ်ရာတွေနဲ့တွေ့ခဲ့ရတယ်”လို့ ရုပ်အလောင်းကောက်ရာမှာပါဝင်တဲ့ ပ.အ.ဖအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ သေဆုံးသူတွေရဲ့ မှတ်တမ်းဓါတ်ပုံတွေကိုတော့ ဒေသတွင်း အင်တာနက်လိုင်းအခက်အခဲကြောင့် မရရှိသေးပါဘူး။ ဒီကနေ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရင်း ယင်းမာပင်မြို့နယ်၊ ဆင်တဲရွာမှာရှိတဲ့ မီးသတ်အဆောက်အအုံတစ်ခုကိုမီးရှို့သွားပြီး ညနေ ၅း၀၀ နာရီအချိန်မှာတော့ ယင်းမာပင်မြို့နယ်၊ […]

အပြည့်အစုံဖတ်ရန်

လှည်းကူးတောင်ဘက်ကရွာအချို့ ရေနစ်မြုပ်နေဆဲ

October 17, 2023

ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၁၆ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့ပေါ်မှာ ရေပြန်ကျပြီးနောက် မြို့အောက်ဘက်က ကျေးရွာတွေမှာ ရေဆက်ဝင်နေတာကြောင့် အကူအညီတွေ လိုအပ်နေသေးတယ်လို့ လှည်းကူး Information Centre ကတာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ လက်ရှိအချိန်ထိတော့ ရေပြန်ကျနိုင်မယ့်အလားအလာမရှိသေးဘဲ ချောင်းနဲ့နီးတဲ့ရွာတွေမှာ ရေပိုဝင်နေတယ်လို့ သူကပြောပါတယ်။ “ တချို့နေရာတွေက တန့်နေတာ၊ တချို့နေရာတွေက ဝင်နေတုန်းပဲဗျ။ အဓိကတော့ ချောင်းဘေးနဲ့နီးတဲ့ရွာတွေကတော့ ပိုဝင်တာပေါ့။ လှည်းကူးမြို့ပေါ်ဆို တောက်လျောက်ကျနေတယ်” လို့ပြောပါတယ်။ ရေဆက်ဝင်နေတဲ့ရွာတွေဟာ လှည်းကူးမြို့တောင်ပိုင်း ချောင်းနဲ့နီးတဲ့ရွာတွေဖြစ်တဲ့ ဘိုးရင်ကလေး၊ ကင်ပွန်းခြုံ၊ အဝိုင်း၊ မလစ်(အရှေ့၊ အနောက်)၊ စစ်ပင်၊ နဘဲပင်၊ ဆားတလင်းနဲ့ ကျွန်းကုန်း စတဲ့ရွာတွေဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီရွာတွေက ဒေသခံတွေက ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ မြင့်တဲ့နေအိမ်တွေမှာ စုနေကြပြီး အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဒဂုံအရှေ့ပိုင်းက ရပ်ကွက်အချို့ ရေလွှမ်းခံနေရ

October 17, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၆ (မော်ကွန်း) ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က ရပ်ကွက် ကိုးခုမှာ ရေလွှမ်းနေရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) က လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ “လှည်းကူးဘက်ကရေတွေကျလာပြီး ဒီမှာရေကြီးတာပါ။ ရေကရေသေလိုဖြစ်နေတယ်။ ပြန်မကျဘူး။ ပဲခူးတို့၊ လှည်းကူးတို့လို အလုံးအရင်းနဲ့ အိမ်တွေရေမြုပ်ကုန်တဲ့အထိတော့မဟုတ်ပါဘူး။ အနိမ့်ပိုင်းတွေမှာရေက ပေါင်လောက်ထိတက်တယ်။ အစားအစာနဲ့ ဆေးဝါးအကူအညီတွေလိုတယ်ဆိုလို့ ကျွန်တော်တို့တွေ ထမင်းထုပ်တွေလိုက်ဝေနေပါတယ်။” လို့ သူကပြောပါတယ်။ လက်ရှိဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၁၁၈၊ ၁၁၉၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ၁၃၆၊ ၁၃၈၊ ၁၅၅ နဲ့ ၁၅၆ စတဲ့ ရပ်ကွက်တွေ ရေလွှမ်းခံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရေတက်လာတာနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူး ဦးလှထွန်းက […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထား

October 16, 2023

ယင်းမာပင် – ၂၀၂၃ အောက်တိုဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို ဒီကနေ့ အာဏာသိမ်းစစ်တပ်ဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၂၀ ဝန်းကျင်ကို ဓါးစာအဖြစ်ဖမ်းဆီးထားတယ်လို့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သတင်းရရှိပါတယ်။ ပုလဲမြို့နယ််၊ ချင်ပျစ်ရွာကနေထွက်လာတဲ့ စစ်ကြောင်းဟာ ယင်းမာပင်၊ အင်းထန်းတောကုန်း(နံ့သာကုန်း)ရွာကို ဝင်ရောက်လာစဉ် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒီကနေ့ နံနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ “တိုက်ပွဲက ပုလဲ၊ယင်းမာပင်နယ်စပ် ယမားထဲမှာဖြစ်တာဗျ။အင်းထန်းတောကုန်းရွာတောင်ဘက်ပေါ့ဗျာ။တိုက်ပွဲကရန်သူအင်အားများတော့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်ကနောက်ဆုတ်လိုက်ရတယ်။ကို့ဘက်ကထိခိုက်မှုရှိတယ်။ တစ်ယောက်က ခေါင်းဖြတ်သတ်ခံရတာ”လို့ ယင်းမာပင်မြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်ကြောင်းထိုးရင်း ဖမ်းဆီးလာတဲ့ ပုလဲမြို့နယ် ရွာနောင်ရွာက အမျိုးသားနှစ်ဦးမှာ တစ်ဦးပြန်လွတ်လာပြီး ယင်းမာပင်မြို့နယ်၊ အင်းထန်းတောကုန်းရွာသား ၂၀ခန့်လည်း အဖမ်းခံထားရတယ်လို့လည်း ရပ်ကျေး ပ.အ.ဖအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ အဲဒီ အဖမ်းခံထားရတဲ့ရွာသားတွေဟာ တိမ်းရှောင်နေရာကနေ အာဏာသိမ်းစစ်တပ် ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲကို […]

အပြည့်အစုံဖတ်ရန်

ဒလမှာ WFP က ဆန်ထောက်ပံ့

October 14, 2023

ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၁၄(မော်ကွန်း) နိုင်ငံရေးအာဏာကို စစ်တပ်က မောင်ပိုင်စီးထားပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ လူဦးရေရဲ့ထက်ဝက်လောက်က ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်မဆိုင်ရအောင် ကဏ္ဍစုံမှာ အလှူရှင်အဖွဲ့အစည်းတွေက ဝင်ရောက်ကူညီပေးနေရာမှာ ဆန်‌ထောက်ပံ့တဲ့အစီအစဉ်လည်း ပါဝင်ပါတယ်။ ထောက်ပံ့မှု့ကို စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေသာမက မြို့ပေါ်တွေအထိပါ အလှူရှင်တွေက ပံ့ပိုးနေရတာပါ။ ဒီနေ့မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က သူတို့ရဲ့ ပုံမှန်ထောက်ပံ့မှုအစီအစဉ်တစ်ခုကို ရန်ကုန်ရဲ့ ဆင်ခြေဖုံးမြို့နယ်တစ်ခု ဖြစ်တဲ့ ဒလမြို့နယ်မှာ ပေးဝေတာကို ဒေသခံတွေလက်ခံရယူကြပါတယ်။ ဒီနေ့ WFP ပေးဝေတဲ့ ဆန်ကို ရယူခဲ့ကြတဲ့ ဒလဒေသခံတစ်ချို့ရဲ့ ပုံရိပ်တချို့ကို မော်ကွန်းက ဖော်ပြလိုက်ပါတယ်။ ဒီရိက္ခာကို လက်ခံရယူသူ အများစုဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အလုပ်အကိုင်ရှားပြီး ပုံမှန်ဝင်ငွေမရှိတဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြစ် ထူးကဲဒီရေတက်မည်

October 13, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) ရန်ကုန်မြစ်ရေဟာ လာမယ့်ရက်ပိုင်းအတွင်း ထူးကဲဒီရေတက်လာနိုင်တဲ့အတွက် မြစ်ကမ်းဘေးမှာ နေထိုင်သူတွေ သတိပြုဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ယခုလ ၁၅ ရက်ကနေ ၁၈ ရက်အတွင်း ရန်ကုန်မြစ်ရေဟာ ဒီရေအတက်အကျကို တွက်ချက်တဲ့ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ကျော်ထိ မြင့်တက်နိုင်ဖွယ်ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားတာပါ။ အဲ့ဒီအတွက်ကြောင့် မြစ်ကမ်းနားအနီးမှာ နေထိုင်သူတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ ဒလမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ပုံမှန်ရေလျှံတာတွေရှိပေမယ့် ရေကြီးမှုတော့ မရှိသေးဘူးလို့ ပြောပါတယ်။ “အတွင်းပိုင်းဘက်တွေကတော့ ဘာမှတော့ရေမတက်ဘူး။ မြစ်ကမ်းဘေးမှာနေတဲ့သူတွေ သမ္ဗန်ဆိပ်တို့ မြစ်ထဲ ငါးဖမ်းတာတို့ဘာတို့လုပ်တဲ့သူတွေတော့ သတိထားရမယ်။ ဒီရေတက်ရင်တော့ ​လှေနစ်မြုပ်တာတွေတော့ ရှိဖူးတယ်” […]

အပြည့်အစုံဖတ်ရန်

ရေဘေးကြောင့် ပဲခူးတိုင်းမှာ ရိတ်သိမ်းခါနီးစပါးခင်းဧက သောင်းနဲ့ချီရေမြုပ်ခဲ့တယ်လို့ဆို

October 13, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း) ပြီးခဲ့တဲ့ရက်တွေအတွင်း သည်းထန်ခဲ့တဲ့မိုးကြောင့် ပဲခူးတိုင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ရာ ဒီလကုန်ပိုင်းမှာ ရိတ်သိမ်းရဖို့ ရှိနေတဲ့ စပါးခင်းတွေ ဧကသောင်းချီ ရေမြုပ်ခဲ့တယ်လို့ တောင်သူတချို့နဲ့ ကုန်သည်တွေက ပြောပါတယ်။ လက်တလောမှာ ရေလွှမ်းဆဲဖြစ်တာကြောင့် စာရင်းအတိအကျ မရသေးပေမယ့် ခန့်မှန်းခြေ ဧက ငါးသောင်းဝန်းကျင် အထိ ရေမြုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပဲခူးတိုင်းဥက္ကဌက သတင်းမီဒီယာတချို့ကို ပြောပါတယ်။ ဒါ့အပြင် ဒီရေလွှမ်းမိုးမှုကြောင့် ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ သနပ်ပင် နဲ့ ဝေါမြို့နယ်တွေမှာ ရေလွှမ်းဧရိယာက ဧက ၁၇၀,၀၀၀ ကျော်လောက် ရှိခဲ့တယ်လို့ ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားတဲ့ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ်ကလည်း ကောင်းကင်ဓါတ်ပုံတွေနဲ့ ခန့်မှန်းထားပါတယ်။ ဒီရေလွှမ်းမိုးမှုတွေကြောင့် အထက်ပါ မြို့နယ်တွေမှာ နေထိုင်သူပေါင်း […]

အပြည့်အစုံဖတ်ရန်

လာမယ့် ၂၄ နာရီအတွင်း တောင်ငူမှာ စစ်တောင်းမြစ်ရေကြီးနိုင်

October 13, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ မိုးကြီးခဲ့တာကြောင့် လာမယ့် ၂၄ နာရီအတွင်း စစ်တောင်းမြစ်ဟာ တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “နေပြည်တော်မှာမိုးကြီးတာရယ်၊ ပေါင်းလောင်းမြစ်က ရေတွေဝင်လို့ စစ်တောင်းမြစ်ရေဟာ လာမယ့် ၂၄ နာရီမှာ စိုးရိမ်ရေအမှတ်ကိုရောက်မှာပါ။ မြစ်ကမ်းနားနီးတဲ့သူတွေသတိပြုရပါမယ်။” လို့ သူကပြောပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်အောက် တစ်ပေခန့်မှာ ရှိနေပြီး မြေနိမ့်ပိုင်းတွေမှာ ရေတွေစဝင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။ မိုးဇလက အခုလို မြစ်ရေစိုးရိမ်ရေအမှတ် သတိပေးချက်ထုတ်ပြန်တာနဲ့တစ်ပြိုင်နက် မြစ်ကမ်းအနီးနေထိုင်သူတွေဟာ ရေဘေးလွတ်ရာကိုတိမ်းရှောင်ရမှာဖြစ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ စစ်တောင်းမြစ်ဟာ ရှမ်းရိုးမကနေ မြစ်ဖျားခံစီးဆင်းပြီး ရေဘေးသင့်နေတဲ့ ပဲခူးတိုင်းဒေသကြီးကိုဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အတွင်းကိုစီးဝင်တာပါ။ ရေဘေးသင့်နေတဲ့ပဲခူးမြို့မှာတော့ လာမယ့်အောက်တိုဘာ ၂၀ ရက် အတွင်း […]

အပြည့်အစုံဖတ်ရန်

စစ်ကြောင်းထိုးခံနေရတဲ့ ရေလယ်ကျွန်းဒေသ စစ်ရှောင် ၅၀၀၀ကျော် စားနပ်ရိက္ခာလိုအပ်နေ

October 13, 2023

ရေစကြို – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) မကွေးတ်ိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်း​​ဒေသကို အာဏာသိမ်းစစ်တ​ပ်က မနေ့ကစလို့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၅ရွာက ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရပြီးစားနပ်ရိက္ခာအရေးပေါ်လိုအပ်​နေရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အရှေ့ဘက်မြင်းခြံဘက်ကကူးလာတဲ့စစ်ကြောင်းနဲ့ အနောက်ဘက်ကမ်းရေစကြိုမြို့ပေါ်က ကူးလာတဲ့စစ်ကြောင်းနှစ်ကြောင်းခွဲထိုးနေတယ်လို့ ရေစကြိုမြို့နယ်ပ.က.ဖအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ “မိဖုရား၊ မဲကုန်း၊ ကျောက်ဖူး၊ ကျွဲကုန်း၊ ဖြုံဘူးကျေးရွာတွေမှာ အကုန်ဖြန့်ထားပါတယ်။ အဲ့လို့ဖြန်နေတာက ဒါပထမဆုံးပါဗျ၊ နေရာကတော့ဗျာ သူတို့နဲ့လွတ်ရာကျွတ်ရာအကုန်ရှောင်ကြရတာပေါ့”လို့ရေစကြို ပ.က.ဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုထန်ပြောင်ကပြောပါတယ်။ ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသ ကျေးရွာ ၁၅ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့ခင်းပိုင်းမှာ လှေခုတ်ကျေးရွာကိုမီးရှို့နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “ခုနေထိုင်ဖို့နေရာတော့ရှိပါတယ်၊ခိုလှုံရတဲ့ရွာတွေက ကျွေးနေပေမယ့် စားနပ်ရိက္ခာလိုအပ်နေပါတယ်၊စားနပ်ရိက္ခာအတွက် […]

အပြည့်အစုံဖတ်ရန်
1 … 92 93 94 95 96 97 98 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."