ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၁၄(မော်ကွန်း)
နိုင်ငံရေးအာဏာကို စစ်တပ်က မောင်ပိုင်စီးထားပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ လူဦးရေရဲ့ထက်ဝက်လောက်က ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။
ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်မဆိုင်ရအောင် ကဏ္ဍစုံမှာ အလှူရှင်အဖွဲ့အစည်းတွေက ဝင်ရောက်ကူညီပေးနေရာမှာ ဆန်ထောက်ပံ့တဲ့အစီအစဉ်လည်း ပါဝင်ပါတယ်။
ထောက်ပံ့မှု့ကို စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေသာမက မြို့ပေါ်တွေအထိပါ အလှူရှင်တွေက ပံ့ပိုးနေရတာပါ။ ဒီနေ့မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က သူတို့ရဲ့ ပုံမှန်ထောက်ပံ့မှုအစီအစဉ်တစ်ခုကို ရန်ကုန်ရဲ့ ဆင်ခြေဖုံးမြို့နယ်တစ်ခု ဖြစ်တဲ့ ဒလမြို့နယ်မှာ ပေးဝေတာကို ဒေသခံတွေလက်ခံရယူကြပါတယ်။
ဒီနေ့ WFP ပေးဝေတဲ့ ဆန်ကို ရယူခဲ့ကြတဲ့ ဒလဒေသခံတစ်ချို့ရဲ့ ပုံရိပ်တချို့ကို မော်ကွန်းက ဖော်ပြလိုက်ပါတယ်။ ဒီရိက္ခာကို လက်ခံရယူသူ အများစုဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အလုပ်အကိုင်ရှားပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေအနေအောက်မှာ နေကြရသူတွေပါ။
Photo – Mawkun

