ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၁၃ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AAက ဒီနေ့မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပြည်မကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ အဓိကကုန်းလမ်းကြောင်းသုံးခုစလုံးကို စစ်ကောင်စီက ဒီမနက်ပိုင်းကစပြီး ပိတ်လိုက်တယ်လို့ ဒေသခံတွေ၊ ခရီးသည်ကားဂိတ်တွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ချို့က ပြောပါတယ်။ “ မနက် ၈ နာရီလောက်ကတည်းက (ဂွမြို့အဝင်) ဒေါင်းချောင်းတံတားကနေ စပိတ်လိုက်တာကွ။ ဦးလေးကားတောင် ကံကောင်းလို့လွတ်ပြီးမြို့ထဲကိုဝင်ခဲ့နိုင်တာ” လို့ ဂွမြို့မှာနေထိုင်တဲ့ ယာဉ်မောင်းတစ်ဦးက ဒီမနက် ၁၁ နာရီ ဝန်းကျင်မှာ မော်ကွန်းကို ပြောပါတယ်။ ဒီလို ပိတ်လိုက်တာကြောင့် ငါးသိုင်းချောင်း-ဂွ လမ်းပိုင်း၊ ရခိုင်ရိုးမ တောင်ပေါ်လမ်းတစ်လျှောက်မှာ ခရီးသည်ကားတွေ၊ ကုန်ကားတွေ၊ ဝက်ကား၊ ငါးကားတွေ ပိတ်မိနေတယ်လို့ ၎င်းက ရှင်းပြပါတယ်။ […]
ရခိုင်-၂၀၂၃ နိုဝင်ဘာ ၁၃ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေထဲက နယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AAက ဒီနေ့မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ရသေ့တောင်ဒေသခံတွေက ပြောပါတယ်။ AA နဲ့ စစ်ကောင်စီအကြား ၂၀၂၂ နိုဝင်ဘာ ၂၆ ရက်မှာ တိုက်ပွဲတွေရပ်စဲခဲ့ပြီး တစ်နှစ်နီးပါးအကြာ ဒီနေ့မှာတစ်ကြော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။ အခုလက်ရှိအချိန်မှာတော တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်စခန်းတွေရှိတဲ့ ကျေးရွာနှစ်ရွာက ဒေသခံတွေဟာ မေယုတောင်တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုံးပိုက်ကျေးရွာအနီးက ဆင်ပိုက်ကျေးရွာဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “တိုက်ပွဲဖြစ်တဲ့ အသံတွေတော့ကြားရတယ်။ (ဆင်ပိုက်)ရွာမှာတော့ တိမ်းရှောင်နေရတာမရှိဘူး။ ဒုံးပိုက်မှာတော့ ရွာခံတွေ ရွာလုံးကျွတ်တိမ်းရှောင်နေကြတယ်” လို့ ၎င်းကပြောပါတယ်။ ဒေသတွင်းသတင်းတွေမှာတော့ ရက္ခိုင့်တပ်တော် AAက စခန်းတချို့ကို သိမ်းပိုက်ရရှိထားပြီလို့ ဖော်ပြထားပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ နှစ်ဖက်တိုက်ပွဲတွေနဲ့ […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၃ (မော်ကွန်း) ရှမ်းမြောက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ဆက်လက်မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံနယ်စပ်မှာ နောက်ထပ်စစ်ဘေးရှောင်စခန်းတစ်ခု ထပ်မံဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့က ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးမှာ စစ်ရှောင်စခန်းအသစ်တစ်ခုကို ရက်ပိုင်းအတွင်းကပဲ ထပ်မံဖွင့်လှစ်ခဲ့တာပါ။ အသစ်ဖွင့်လိုက်တဲ့ စစ်ရှောင်စခန်းအပါအဝင် တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ စစ်ရှောင်စခန်းနှစ်ခုရှိလာပြီဖြစ်ပြီး ယခင်ဖွင့်လှစ်ထားတဲ့ BP-၁၂၅ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် တစ်သောင်းခွဲကျော်ကို လက်ခံထားတာပါ။ အသစ်ဖွင့်လှစ်ထားတဲ့ ရန်လုံကျိုင်းစစ်ရှောင်စခန်းမှာတော့ လက်ရှိအချိန်ထိ စစ်ဘေးရှောင် ၁,၄၀၀ ကျော်ကို လက်ခံထားတယ်လို့ ကိုးကန့်ဒေသအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေက စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ကို စတင်လာတာ သီတင်းပတ်နှစ်ပတ်ကျော်လာပြီဖြစ်ပါတယ်။ အဆိုပါ ကာလအတွင်း […]
လောက်ကိုင် – ၂၀၂၃ နိုဝင်ဘာ ၁၁ (မော်ကွန်း) စစ်ရေးအခြေအနေ တင်းမာနေလို့ နေရပ်ပြန်ဖို့ ဆိုင်ကယ်တွေနဲ့ ထွက်လာကြသူတွေ လောက်ကိုင်မြို့နဲ့ ပါစင်ကျော်ကျေးရွာကြားမှာ ပိတ်မိနေပြီး မနေ့က အာဏာသိမ်းစစ်တပ် ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ကာသေဆုံးသူများတယ်လို့ ပြန်လာကြသူတွေကပြောပါတယ်။ လောက်ကိုင်မြို့နဲ့ ပါစင်ကျော်ကြားမှာ ပိတ်မိနေသူတွေရဲ့အနီးမှာ လောက်ကိုင်မြို့ထဲကနေ လှမ်းပစ်တဲ့လက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိမှန်ဒဏ်ရာရသူတွေများတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။ “ပိတ်မိနေတဲ့သူတွေရဲ့ပတ်ပတ်လည်မှာကျတာ၊ထွက်ပြေးတာမြန်မှ၊နှေးတဲ့သူတွေဆိုရင် ဗုံးထိပြီးတော့ ဒဏ်ရာရသူရတယ်၊ သေတဲ့သူသေတယ်၊ အဲ့နားမှာ ပိုးလို့ပတ်လက်ပဲ”လို့ လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။ လောက်ကိုင်မြို့ထဲက အာဏာသိမ်းစစ်တပ်ဟာ အဲဒီပိတ်မိနေတဲ့နေရာတွေဘက်ကို မြို့ထဲဘက်ကနေ လက်နက်ကြီးတွေ တစ်နေကုန်လှမ်းပစ်နေခဲ့တာလို့ လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။ “မြို့ထဲကနေအဲ့ဒီဘက်ကိုပစ်နေတာ၊မြို့ထဲကနေကိုအမြှောက်ကြီးတွေနဲ့ထုနေတာ၊ဆက်တိုက်ထုတဲ့ဟာတွေနဲ့ထုတာ၊မနေ့ကဆို မနက်ကတည်းကထုတာ ညအထိပဲ “လို့ လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။ လောက်ကိုင်မြို့ပြင်မှာ ပိတ်မိနေသူနေသူတွေဟာ လောက်ကိုင်မြို့ထဲကိုပြန်ရောက်လာကြတာကြောင့် အခုလိုသတင်းတွေသိရတာဖြစ်ပြီး ထိခိုက်သေဆုံးဒဏ်ရာရသူ စာရင်းကိုမသိရသေးဘူးလို့ဒေသခံကပြောပါတယ်။ “သေတဲ့သူစာရင်းကိုအတိအကျမသိရသေးဘူး၊ ဘယ်လိုသိရလဲဆိုရင် လွတ်လာတဲ့သူတွေက သူကတော့ သုံးဦးသေတာမြင်တယ်၊ […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၀ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ သီတင်းပတ်နှစ်ပတ်ခန့်ကြာမြင့်လာပြီးနောက် စစ်ဘေးရှောင်ဦးရေဟာ နေ့စဉ်တိုးလာနေကာ ငါးသောင်းကျော်ထိရှိလာပြီး လူဦးရေကိုးသောင်းနီးပါးဟာလည်း အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က မနေ့က ထုတ်ပြန်ပါတယ်။ စစ်ပွဲနယ်မြေဟာ မူဆယ်၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို စတဲ့ မြို့နယ်တွေအထိ ကျယ်ပြန့်လာကာ ၎င်းမြို့နယ်အသီးသီးမှာ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားရတာပါ။ အဲ့ဒီလို တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ လမ်းပမ်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေဆဲဖြစ်တာကြောင့် စစ်ဘေးရှောင်တွေကို ရိက္ခာနဲ့ ကူညီထောက်ပံ့မှုတွေ ပို့ဆောင်ဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေ ကူညီနေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က မော်ကွန်းကိုပြောပါတယ်။ “တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တစ်ဖက်စီဖြစ်နေတဲ့ […]
ကန့်ဘလူ-၂၀၂၃ နိုဝင်ဘာ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့လက်အောက်ခံအဖွဲ့တွေက အခုလ ၉ ရက်ကစပြီး ဒေသခံတွေကို မြို့ပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ကန့်ဘလူနဲ့ ကျွန်းလှမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာစိုးတာကြောင့် ဒေသခံတွေကို ဓားစာခံလုပ်ဖို့ စစ်ကောင်စီတပ်တွေက မြို့ပြင်မထွက်ခိုင်းတာလို့ သူကဆိုပါတယ်။ “ကောလင်းသိမ်းပြီးတဲ့အချိန်မှာ ကျွန်းလှနဲ့ ကန့်ဘလူမြို့ကို သိမ်းမယ်အသံတွေကြားလာတော့ လူထုကလန့်ပြီးတော့ မြို့ထဲကနေ မြို့ပြင်ထွက်ဖို့လုပ်ကြတဲ့အခါမှာ အကြမ်းဖက်စစ်ကောင်စီက အထွက်မခံတာ။ အကြမ်းဖက်စစ်ကောင်စီက သူတို့ပြောနေတဲ့ပုံစံကတော့ လူထုကိုကာကွယ်ချင်လို့ လို့ပြောနေတာရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့(ဒေသခံတွေ)ကို လူသားတံတိုင်းအဖြစ်သုံးပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာ” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဒေသခံတွေ မြို့ပြင်မထွက်ကြဖို့ လိုက်လံဆော်ဩတာမျိုးမဟုတ်ဘဲ မြို့အဝင်အထွက်ဂိတ်တွေမှာ ဒေသခံတွေကို အထွက်မခံတာလို့ သူကပြောပါတယ်။ “မြို့ထဲအဝင်တော့ရတယ်၊ […]
လားရှိုး-၂၀၂၃ နိုဝင်ဘာ ၉ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးမှာရှိတဲ့ မိုင်းတိမ်ရွာက စစ်ရှောင်စခန်းတစ်ခု ဒီနေ့မနက်ပိုင်းက လားရှိုးမြို့ပေါ်ကနေ စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စစ်ရှောင်နှစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်အဖွဲ့က ယိင်းလျန်းဟန်က မော်ကွန်းကိုပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ စစ်ရှောင်စခန်းရှိတဲ့ မိုင်းတိမ်ရွာဟာ လားရှိုးမြို့နဲ့ ၁၀ မိုင်ဝန်းကျင်သာဝေးပြီး လားရှိုး-မိုင်းယော်သွား ကားလမ်းအနီးမှာရှိတဲ့ ရွာဖြစ်တယ်လို့ သူကပြောပါတယ်။ “စစ်ရှောင်နေတဲ့ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးက တန်းကျတယ်။ အသက် ၆၀ ကျော်ဝန်းကျင်အမျိုးသမီးတစ်ဦးသေဆုံးတယ်။ ပြီးတော့ ၁၀ နှစ်ဝန်းကျင် ကလေး (မိန်းကလေး) တစ်ဦးသေဆုံးတယ်။ နောက်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်။ သူကချက်ချင်းတန်းပြီး ပေါင်ပြတ်သွားတယ်” လို့ ၎င်းက ပြောပါတယ်။ အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုင်းတိမ်ကျေးရွာအုပ်စုက ဒေသခံငါးရာဝန်းကျင်ရှိတဲ့ စစ်ရှောင်စခန်းထဲကို […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၉ (မော်ကွန်း) ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မူဆယ်လမ်းကြောင်း ပိတ်နေတဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-ကျိုင်းတုံ-မန္တလေး လမ်းပိုင်းကနေတစ်ဆင့် တရုတ်ကုန်စည်တွေကိုတင်သွင်းနေကြရပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ ပုံမှန်ထပ် ငါးဆခန့်မြင့်တက်သွားတယ်လို့ တရုတ်ကုန်စည်တွေ တင်သွင်းရောင်းချနေသူတွေက ပြောပါတယ်။ ၎င်းလမ်းကြောင်းကနေသယ်ယူပါက တရုတ်နိုင်ငံ ရွှေလီမြို့ကနေ မန္တလေးမြို့ထိအရောက်ကို သုံးပတ်ခန့်အနည်းဆုံး ကြာမြင့်တယ်လို့ တရုတ်နိုင်ငံက လူသုံးကုန်ပစ္စည်းတွေ မှာယူတင်သွင်း ရောင်းချနေသူတစ်ဦးက ပြောပါတယ်။ ၎င်းလမ်းကြောင်းဟာ မူဆယ်ကုန်သွယ်ရေးဂိတ်ကို ရောက်ပြီးသား ပစ္စည်းတွေကိုတော့ တင်သွင်းလို့ရမှာမဟုတ်ဘဲ ရွှေလီကနေ တိုက်ရိုက်ဝယ်ယူတဲ့ လမ်းကြောင်းဖြစ်တယ်လို့ အဆိုပါကုန်သည်က ရှင်းပြပါတယ်။ “မူဆယ်ရောက်ပြီးသားပစ္စည်းတွေကတော့ ဘယ်လိုမှ ပြန်ပို့လို့ မရတော့ဘူး။ လမ်းကြောင်းဖွင့်တဲ့အထိ စောင့်ရတော့မှာ။ ကျန်တဲ့ အသစ်မှာတွေကို ရွှေလီဘက်ကနေ ရှမ်းအရှေ့လမ်းတိုက်ရိုက်ပေါ့ အခုထိတော့ ဆင်းလို့ရသေးပေမယ့် စိတ်ချရတဲ့ လမ်းကြောင်းတော့ […]
ရန်ကုန်-၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ထိုးစစ်ဆက်လက်အရှိန်မြင့်နေဆဲဖြစ်သလို မနေ့က ကောလင်းမြို့ကိုသိမ်းထားနိုင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တပ်ဖွဲ့တွေဟာ ဒီနေ့မှာတော့ အိန္ဒိယနယ်စပ်သွား လမ်းကြောင်းပေါ်က အဓိကမြို့တစ်ခုဖြစ်တဲ့ ခမ်းပတ်ကို သိမ်းလိုက်နိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီညနေမှာ ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေး-တမူး-မိုးရေး(အိန္ဒိယ) သွားကားလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ဟာ စစ်ရေးအရအရေးပါပြီး ဘေးကပ်လျက် ချင်းတောင်တန်းတွေပေါ်က ချင်းတော်လှန်ရေးတပ်တွေနဲ့ မြေပြန်အင်အားစုတွေ ပေါင်းစုဖို့ ဗျူဟာကျတယ်လို့ လေ့သာသူတချို့က ပြောပါတယ်။ အောက်တိုဘာလနှောင်းပိုင်းကစတင်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ဟာ ဒီနေ့မနက်ပိုင်းမှာ မြန်မာ-တရုတ်နယ်စပ်က မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သလို ၁၁ ရက်လောက်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ပေါင်း ရာနဲ့ချီသိမ်းထားပါတယ်။ ဒါအပြင် ရှမ်းမြောက်ရဲ့ မဟာဗျူဟာလမ်းမကြီးတွေကို လွှမ်းမိုးထားဆဲဖြစ်သလို တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ […]
ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း) စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ရာနဲ့ချီတဲ့လူတွေ အစုအပြုံလိုက်သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာသားတွေ အပါအဝင် စစ်ကောင်စီဘေးကနေ လွတ်အောင်ပြေးနေကြရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင် သုံးသောင်းကျော်ဟာ အခုအခါ ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ရိက္ခာတွေ လိုအပ်နေပြီလို့ သူတို့အရေး ကူညီပေးနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ စစ်ကြောင်းရန်ကို တိမ်းရှောင်နေရတာ တစ်နှစ်ခွဲကျော်ကြာနေပြီဖြစ်တဲ့ ဒီဒုက္ခသည်သုံးသောင်းကျော်ဟာ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီး၊ ရီဒွေးရွာတွေအပြင် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်တွေထဲက ဒေသခံတွေဖြစ်တယ်လို့ သူကပြောပါတယ်။ “ စစ်ရှောင်ရတာလည်း တစ်နှစ်ခွဲကျော်လာပြီဆိုတော့ သူတို့စားရေးသောက်ရေးကိစ္စတွေ ခက်ခဲလာတာရှိတယ်။ ကျန်းမာရေး ကိစ္စတွေ၊ ဆောင်းတွင်းဝင်တော့မှာဆိုတော့ အနွေးထည်တွေ၊ စောင်တွေလိုအပ်တာတွေရှိတာပေါ့။ အခုကတော့ အကူအညီမရှိသလောက်ကို ဖြစ်နေတာ။ နီးစပ်ရာရွာတွေကနေအလှူခံပြီး […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း) ရှမ်းမြောက်ဒေသ တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးမှာရှိတဲ့ နမ့်ခမ်းမြို့ပေါ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကိုရှင်းလင်းလိုက်ပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့မနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ နမ့်ခမ်းမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိကာ တရုတ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ TNLA တပ်တွေဟာ ယခုရက်ပိုင်းအတွင်းမှာ နမ့်ခမ်းကို မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီပြီး နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် အကူအညီပေးရေး အဖွဲ့တွေဆီက သိရပါတယ်။ နမ့်ခမ်းမြို့ပေါ်က ဒေသခံတွေဟာ နမ့်ခမ်း – မူဆယ်လမ်းပိုင်းပေါ်ကနေ မူဆယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသလို နီးစပ်ရာ တရုတ်နယ်စပ်အနီးက ကျေးရွာတွေကိုလည်း ထွက်ပြေးကြတယ်လို့ ပြောပါတယ်။ မြောက်ပိုင်းညီနောင်အဖွဲ့သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ ၁၀၂၇ […]
ကနီ -၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့သင်္ဘောနှစ်စီးကို မနေ့ကညပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျောက်လုံးကြီးတပ်မဟာ KLG က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။ “မနေ့က ည၁၀ နာရီဝန်းကျင်က ကျွန်တော်တို့အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ခဲ့တယ်။ ကျန်တဲ့အသုံးအဆောင်ပစ္စည်းတွေက သူတို့ကျန်တဲ့စက်လှေနဲ့လာပြီးသယ်ထုတ်သွားတဲ့အတွက် သင်္ဘောနှစ်စီးပဲသိမ်းပိုက်ရရှိခဲ့တယ်” လို့ သူကပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တဲ့ သင်္ဘောနှစ်စီးဟာ အခုလ ၄ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်လက်နက်ပစ္စည်း၊ ရိက္ခာနဲ့ ကျောက်စိမ်းတင်လာတဲ့ သင်္ဘောခုနစ်စီးအုပ်စုထဲက သင်္ဘောတွေဖြစ်တယ်လို့ KLG က တာဝန်ရှိသူကပြောပါတယ်။ အဲဒီသင်္ဘောခုနစ်စီးထဲက လေးစီးဟာ မြစ်ကြောင်းတနေရာမှာ သောင်တင်နေတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေက ယခုလ ၄ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."