သတင်းများ

ရေဘေးသင့် ပင်းတယကရွာ

August 5, 2025

ပင်းတယ-၂၀၂၅ ဩဂုတ် ၂ (မော်ကွန်း) ပြီးခဲ့တဲ့လ ၂၈ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ မိုးသည်းထန်စွာ ရွာပြီး ရုတ်တရက် ရေကြီးကာ တောင်ကျရေတွေကြောင့် လူ‌တွေသေပြီး အိမ်တွေနဲ့ စိုက်ခင်းဧကရာပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။ အောက်ပါ ပုံရိပ်တွေကတော့ ပင်းတယဒေသထဲက ဘေးအသင့်ဆုံးဒေသတစ်ခုဖြစ်တဲ့ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာပဲ ဖြစ်ပါတယ်။ ဒီရွာမှာ ရေဘေးကြောင့် ရှစ်ဦးသေခဲ့သလို ရွာရော စိုက်ပျိုးမြေတွေပါ ပျက်စီးခဲ့ပါတယ်။ ဒီဘေးသင့်ဒေသကိုသွားပြီး မြေပြင်ပုံရိပ်တချို့ကို မော်ကွန်းက ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ သံဃာတစ်ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံး

August 5, 2025

မိုးကုတ် – ၂၀၂၅ ဩဂုတ် ၂ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်နဲ့ အောင်သုခရပ်ကွက်အနီးကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၈း၃၀ မိနစ်အချိန်မှာ ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူတွေကပြောပါတယ်။ မြို့ကို အုပ်ချုပ်နေတဲ့ တအောင်းတပ်ဖွဲ့(TNLA)ကတော့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂ ဦး သေ ဆုံးပြီး ၁၄ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဗုံးကျရောက်ပေါက်ကွဲတာကြောင့် သံဃာတော် တစ်ပါး ၊ ကလေးတစ်ဦး၊ အမျိုးသား ၁၀ ဦးသေဆုံးခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ “ ဗုံးနှစ်လုံးကြဲတာ၊ဗုံးက လမ်းမပေါ်ကျတယ်၊ လမ်းတစ်ဘက်က ဂေါင်းဦးဘာရပ်ကွက်၊ တစ်ဘက်က […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီပစ်ခတ်မှုကြောင့် ရှမ်းမြောက်မှာ တစ်လအတွင်း သေဆုံးသူ ၂၇ ဦးထိရှိ

August 5, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၄ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တစ်လအတွင်း သေဆုံးသူအရေအတွက် ၂၇ ဦးထိ ရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လတစ်လအတွင်း တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရဲ့ ထိခိုက်မှုအခြေအနေမှတ်တမ်းကို ဒီနေ့မှာ ထုတ်ပြန်လာတာပါ။ TNLA တပ်တွေ စိုးမိုးထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တွေကို ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ကလေးငယ်အပါအဝင် ဒေသခံ ၂၇ ဦးသေဆုံးကာ ၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်ပေါင်း […]

အပြည့်အစုံဖတ်ရန်

စဉ့်ကူးက ရွာနှစ်ရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲမှုအတွင်း လူ ၂၀ ကျော် သေခဲ့ရတယ်လို့ MDY-PDF ထုတ်ပြန်

July 30, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ ၂၂ ဦးသေပြီး ရွှေပန်းတောရွာမှာ နှစ်ဦးသေခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) ဒီနေ့လယ်မှာ သတင်းထုတ်ပြန်ပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာရဲစခန်းကို မနေ့ကညနေပိုင်းမှာ ကြဲချတဲ့ စစ်ကောင်စီဗုံးကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားတွေအပါအဝင် စစ်ဆေးဆဲသံသယတရားခံ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီးတစ်ဦးသေပြီး ဒဏ်ရာရသူ ၃၀ ဝန်းကျင် ရှိတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။ ဒါအပြင် ရွှေပန်းတောရွာကို မနေ့တုန်းက ကြဲချတဲ့ဗုံးကြောင့် အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးသေခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလ ၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ MDY-PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ကလေးတစ်ဦးသေပြီး ခုနစ်ဦး […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်ရွှေလိပ်ပြာ ဟိုတယ်ကို စစ်ကောင်စီဗုံးကြဲ

July 30, 2025

မိုးကုတ် – ၂၀၂၅ ဇူလိုင် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က ဒီနေ့ညနေ ၅:၀၀နာရီအချိန်ခန့်က လေကြောင်းကနေ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကနဦးမှာတော့ ဝန်ထမ်းတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ” မိုးကြိုးပစ်သံထင်နေတာ၊ နှစ်လုံးတောင်ကြားလိုက်ရလို့ထွက်ကြည့်တော့ ရွှေလိပ်ပြာဟိုတယ်ဘက်ဖြစ်နေတာ၊ အဆောက်အဦးတွေပျက်စီးတာရှိတယ်”လို့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်က ရွှေလိပ်ပြာဟိုတယ်ကို လေကြောင်းကနေ ဗုံး နှစ်လုံးကြဲချခဲ့ပေမယ့် တစ်လုံးက အနီးနား တောထဲကိုကျသွားတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲလို့ သေဆုံးသွားသူက ဟိုတယ်ဝန်ထမ်းဖြစ်ပြီး Dinning Room အဆောက်အဦးလည်းပျက်စီးသွားတယ်လို့ ပြောပါတယ်။ တအောင်းတပ်ဖွဲ့ (TNLA) ဘက်ကတော့ လတ်တလောမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ မိုးကုတ်အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို အခုလ ၈ရက်မှာလေကြောင်းဗုံးကြဲတာကြောင့် ​ဗုံးစထိမှန်ပြီး ပြည်သူ သုံးဦး​ […]

အပြည့်အစုံဖတ်ရန်

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်

July 30, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၅ (မော်ကွန်း) ထိုင်းနိုင်ငံနဲ့ အဓိကကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်တဲ့ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ကာ ဖွင့်လှစ်လိုက်ပြီလို့ ဒီနေ့မှာ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာကနေတဆင့် ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်ဟာ KNU ၊ KNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေ ပိတ်ဆို့ထားတဲ့ ဒီလမ်းကို ပြန်ဖွင့်နိုင်ဖို့အတွက် ဒီနှစ် ဧပြီမှာ စတင်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကာလ သုံးလကျော်အကြာမှာ ပြန်ဖွင့်လှစ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒီထိုးစစ်ကာလအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲကြီး ခုနစ်ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ထိဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တော်လှန်ရေး တပ်တွေဘက်ကလည်း စစ်ကောင်စီတပ်ဟာ DKBA တပ်တွေနဲ့ ပူးပေါင်းကာ ဖျက်အားပြင်း ဒုံးလက်နက်တွေ၊ […]

အပြည့်အစုံဖတ်ရန်

မန္တလေး-PDF လက်ချက်နဲ့ စစ်ကောင်စီဒုဗျူဟာမှူးတစ်ဦးသေဆုံး

July 30, 2025

ရန်ကုန်- ၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း) မန္တလေး-မိုးကုတ် ကားလမ်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်းတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) ကို စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် သူတို့ ထိန်းချုပ်ထားနိုင်ဆဲပဲလို့ ဒီညနေပိုင်းမှာ MDY-PDF က ထုတ်ပြန်ပါတယ်။ ဒီလ ၂၀ ရက်နေ့က မြန်မာပြည်ရဲ့ဒုတိယအကြီးဆုံးမြို့တော် မန္တလေးနဲ့ကပ်လျက်က မြို့နယ်တွေဖြစ်တဲ့က မတ္တရာမြို့နယ် ထန်းပင်ကုန်း၊ ပုသိမ်ကြီးမြို့နယ်က သရက်ကိုင်းနဲ့ မြကန်သာရွာတွေမှာအခြေစိုက်တဲ့ စစ်ကောင်စီစခန်းတွေကို MDY-PDF နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ပြီးထိန်းချုပ်ခဲ့တာပါ။ အဲဒီကတည်းကစပြီး အဲဒီစခန်းတွေကို စစ်ကောင်စီဘက်ကဒီနေ့အထိ လေကြောင်းပစ်ကူတွေ လှိုင်လှိုင်သုံးပြီး တုန့်ပြန်ခဲ့ပေမယ့် MDY-PDF အနေနဲ့ ကြံ့ကြံ့ခံ ထိန်းထားနိုင်ဆဲဖြစ်ပြီး စစ်ကောင်စီ ဒု-ဗျူဟာမှူးတစ်ဦးရဲ့ အလောင်းကိုပါ သိမ်းဆည်းထားနိုင်တယ်လို့ MDY-PDF က […]

အပြည့်အစုံဖတ်ရန်

ဗိုလ်တထောင်မှာ လေပြင်းတိုက်လို့ ကူးတို့လှေမှောက်ပြီး ပျောက်နေသူသုံးဦး ညနေပိုင်းထိ ရှာမတွေ့သေး

July 30, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း) ရန်ကုန်မြစ်ထဲမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဒီမနက်ပိုင်းက နစ်မြုပ်ခဲ့တဲ့ ရန်ကုန်-ဒလ ကူးတို့စက်လှေက ပျောက်ဆုံးနေသူသုံးဦးကို ညနေပိုင်းအထိ ပြန်မတွေ့သေးဘူးလို့ အဲဒီလှေဆိပ်က စက်လှေမောင်းသူတချို့က ပြောပါတယ်။ မနက် ခုနှစ်နာရီခွဲလောက်မှာ ရုတ်တရက်ကြုံလိုက်ရတဲ့ လေပြင်းတိုက်ခတ်မှုကြောင့်ဗိုလ်တထောင်-သမတကမ်းခြေကူးတဲ့ ကူးတို့စက်လှေပေါ်ပါသူ ၁၁ ဦးအနက် စက်လှေမောင်းသူနဲ့ ခရီးသည်နှစ်ဦး နစ်မြုပ်ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ “လှေက ဒီဘက်ကမ်း(ရန်ကုန်ဘက်)ကို ရောက်နေပြီ။ အဲဒီမှာ လေကြောင်းထဲကို တည့်တည့်သွားတိုးသလို ဖြစ်သွားတာ။ ရှင်လာသူတွေ ပြောပြတာက ရုတ်တရက် လှေကိုဆွဲမြှောက်၊ သုံးပတ်လောက်လည်သွားပြီးမှ မှောက်သွားတာလို့ ပြောတယ်။ လေက အတော်ကြမ်းတယ်။ သွပ်တွေ၊ အတိုအစတွေလဲ အဲဒီ လေလုံးကြီးထဲမှာ ပါလာတာကို တွေ့ရတယ်” လို့ ဗိုလ်တထောင် ဆိပ်ကမ်းဘက်က စက်လှေမောင်းသူတစ်ဦးက ပြောတယ်။ လှေဟာ […]

အပြည့်အစုံဖတ်ရန်

မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်လေးပေခန့်ကျော်လွန်နေ

July 30, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း) ပဲခူးတိုင်း မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် လေးပေခန့်မြင့်တက်လာတာကြောင့် ညောင်လေးပင် – မဒေါက် – ရွှေကျင်ကားလမ်းကို ပိတ်ထားရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ မဒေါက်မြို့ရဲ့အထွက် မဒေါက်-ညောင်လေးပင် ကားလမ်းအနီးမှာလည်း စစ်တောင်းမြစ်ရေက ကားလမ်းပေါ်ထိ ရေကျော်နေတာကြောင့်သွားလာလို့ မရတော့ဘူးလို့ မဒေါက်ဒေသခံတချို့က ပြောပါတယ်။ “ဒီမနက်က ကားလမ်းပေါ်ကို ဒူးကျော်တဲ့အထိ ရေတက်လာတယ်။ ရေစီးကလည်းကြမ်းတယ်။ မဒေါက်အထွက်မှာ ဘယ်ကားမှသွားမရလို့ ကားတွေပုံပြီး ရေစောင့်နေကြတယ်။ အခုထိတော့ မကျသေးဘူး၊ ညောင်လေးပင်ဘက်တော့ သွားလို့မရတော့ဘူး၊ ရွှေကျင်ဘက်ဆိုရင်တော့ ဆိုင်ကယ်နဲ့ စက်လှေကူးပြီးသွားလို့ရတယ်။ Pro Box ထက်မြင့်တဲ့ကားတွေ သွားလို့ရသေးတယ်” လို့ မဒေါက်ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေကို တားထားတဲ့ တာတမံတစ်ခု […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်က မြို့ရှစ်မြို့မှာ လူဦးရေးတစ်သောင်းနှစ်ထောင်ကျော် ရေဘေးသင့်နေတယ်လို့ AA ထုတ်ပြန်

July 24, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၃ (မော်ကွန်း) ရခိုင်ပြည်နယ်က မြို့ပေါင်းရှစ်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံသောင်းနဲ့ချီပြီး ရေဘေးသင့်နေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့လကုန်ပိုင်းထဲက ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမှာ ရေကြီးရေလျှံနေတယ်လို့ မနေ့က ရက်စွဲနဲ့ AA က ထုတ်ပြန်ခဲ့တာပါ။ ၎င်းရေဘေးကြောင့် နေအိမ်တွေ၊ စပါးခင်းတွေနဲ့ လမ်းတံတားတွေပျက်စီးတာတွေအပြင် လူသေဆုံးမှုတွေလည်းရှိနေပြီး ကျေးရွာပေါင်း ၉၀ ခန့်က လူဦးရေ တစ်သောင်းနှစ်ထောင်ကျော်ဟာ အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားတာပါ။ လက်ရှိ ရေလွှမ်းမိုးခံနေရတဲ့ နေရာအများစုက အကူအညီတွေလက်လှမ်းမီဖို့ခက်ခဲနေပြီး […]

အပြည့်အစုံဖတ်ရန်

ရခိုင်မှာ AA စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ Fortify Rights စွပ်စွဲ

July 24, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၂၃ (မော်ကွန်း) အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) က စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်း Fortify Rights က ဒီနေ့ ထုတ်ပြန်တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်အနောက်မြောက်ဒေသက ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ပြည်နယ်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ AA က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကိုမှတ်တမ်းတင်ထားတယ်လို့လည်း Fortify Rights က ဆိုပါတယ်။ ” ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာတွေကို နေရာအနှံ့မှာပြန်ပေးဆွဲတာတွေ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ သတ်ဖြတ်တာတွေအတွက် တာဝန်ရှိပါတယ်။ တချို့ဆို ခေါင်းဖြတ်သတ်ဖြတ်ခံရတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေက စစ်ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပဲဖြစ်ပါတယ်” လို့ အဲဒီအဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး […]

အပြည့်အစုံဖတ်ရန်

သပိတ်ကျဉ်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်

July 24, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၃ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့ပေါ်က အဓိကနေရာတွေကို မနေ့ကညပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ထိန်းချုပ်လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာ ဖော်ပြပါတယ်။ သပိတ်ကျဉ်းမြို့နယ်ထွေအုပ်ရုံး၊ မြို့နယ်ခန်းမ၊ ပြည်သူ့ဆေးရုံအပါအဝင် မြို့ပေါ်ကဘဏ်တွေနဲ့ အဆောက်အအုံတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဓါတ်ပုံတွေကိုလည်း စစ်တပ်ထောက်ခံသူတွေကဖြန့်ဝေနေပြီး သပိတ်ကျဉ်းမြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဖော်ပြလာတာပါ။ မန္တလေးမြို့နဲ့ မိုင် ၈၀ ကျော်ကွာဝေးပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကသိမ်းယူခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ အခုလို ပြန်လက်လွှတ်လိုက်ရတာပါ။ စစ်ကောင်စီတပ်ဟာ သပိတ်ကျဉ်းနယ်ကို ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ မြို့ပေါ်ကို ထိုးဖောက်လာနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေ သပိတ်ကျဉ်းမြို့ပေါ်ကို ထိန်းချုပ်ထားပေမယ့် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တာမဟုတ်ဘဲ […]

အပြည့်အစုံဖတ်ရန်
1 … 4 5 6 7 8 9 10 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."