သတင်းများ

နောင်ချိုမြို့နားအထိတိုက်ပွဲတွေဖြစ်လာတာကြောင့် မြို့လုံးကျွတ်နီးပါးစစ်ဘေးရှောင်နေရ

July 5, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၄ (မော်ကွန်း) စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နောင်ချိုမြို့အစပ်နားထိ တိုက်ပွဲတွေ ရောက်ရှိလာနေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီလို့ ဒေသခံတချို့က‌ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က TNLA ဆီကို လက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်အဝင်က နောင်ချိုမြို့ကို ပြန်ရဖို့အတွက် ဒီနှစ်လယ်ပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာပါ။ လက်ရှိမှာ နောင်ချိုမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံတွေ ထောင်နဲ့ချီပြီးတော့ တိုက်ပွဲလွတ်ရာရွာတွေဆီကို စစ်ဘေးရှောင်နေကြရတာပါ။ ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ နောင်ချိုဒေသခံစစ်ဘေးရှောင် ၁,၈၀၀ နီးပါး ရောက်ရှိနေပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတချို့ကလည်း ပြောပါတယ်။ နောင်ချိုမြို့ကို စစ်ကောင်စီအနေနဲ့ ပြင်ဦးလွင်-နောင်ချိုလမ်းကြောင်းနဲ့ တောင်ခမ်း-နောင်ချို လမ်းကြောင်းဆိုပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မှာ တိုက်ပွဲတွေပြင်းထန်နေ

July 5, 2025

ရန်ကုန်-၂၀၂၅ ဩဂုတ် ၄ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဖားကန့်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွာတချို့ကို KIA တပ်က ဒီလဆန်းတစ်ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဒီနေ့ထိ ဆက်လက်ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတစ်နီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတချို့လည်း သေဆုံးတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ရှရော်ခ၊ ဆန်းကြွယ်နဲ့ မျောက်ဖြူရွာတွေကို လက်နက်ကြီးကျည်တွေကျရောက်ခဲ့ပြီး နှစ်ရက်အတွင်းမှာ ဒေသခံ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းတချို့ကဆိုပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာဟာ ဖားကန့်ရဲ့ ကျောက်စိမ်းမှော်တွေအနီးမှာဖြစ်ပြီး ဒီမှော်တွင်းတွေမှာလုပ်ကိုင်နေတဲ့ ဒေသခံအများအပြားရှိနေတာပါ။ လက်ရှိမှာ‌တော့ ၎င်းကျေးရွာက […]

အပြည့်အစုံဖတ်ရန်

မိုးဗြဲကို စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်တာကြောင့် စစ်ရှောင်နဲ့တော်လှန်ရေးအဖွဲ့တွေ ထောက်ပို့အခက်အခဲဖြစ်နိုင်

July 4, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၃ (မော်ကွန်း) ရှမ်းတောင်နဲ့ ကရင်နီအစပ်က မိုးဗြဲမြို့နဲ့ မိုးဗြဲ-ဖယ်ခုံလမ်းပိုင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့ကပြောပါတယ်။ ပြီးခဲ့တဲ့လ လဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် အင်အားထောင်နဲ့ချီပြီး မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတာပါ။ ဒီနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် မိုးဗြဲမြို့ပေါ်နဲ့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားလိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အခုလို စစ်ကောင်စီတပ်က ဒီလမ်းပိုင်းကို ထိန်းချုပ်လိုက်တာကြောင့် ဖယ်ခုံအင်းရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ဒေသတွင်းစစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးတပ်တွေအတွက် ထောက်ပို့လမ်းကြောင်း အခက်အခဲဖြစ်လာနိုင်တယ်လို့ ၎င်းဒေသခံက ပြောပါတယ်။ “မိုးဗြဲရသွားပြီဆိုတော့ ဒီဘက်ဖယ်ခုံကိုလည်း သူတို့ပြန်ဝင်နေပြီ။ သူတို့က မြေပြင်မှာလည်း အင်အားအလုံးအရင်းသုံးတယ်။ လက်နက်ကြီးပစ်အား၊ လေယာဉ်၊ ဒရုန်းတွေနဲ့ တောက်လျှောက်တိုးပြီး ဝင်လာတာ။ မိုးဗြဲကို […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ နိုင်ကျဉ်းတစ်ဦးကို ရဲအစောင့်အကြပ်တွေကြားက ပစ်ခတ်ကယ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်လည်အဖမ်းခံခဲ့ကြရ

July 3, 2025

ရန်ကုန်- ၂၀၂၅ ဇူလိုင် ၂ (မော်ကွန်း) လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာဖမ်းထားတဲ့ မဇွန်ပွင့်လှိုင်ကို ဆေးကုပေးဖို့ လှိုင်သာယာမြို့နယ်ဆေးရုံကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေခေါ်ထုတ်လာစဉ် မြို့ပြယူဂျီတစ်ချို့က မနေ့ကညပိုင်းမှာ ကြားဖြတ် ပစ်ခတ်ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ဖမ်းမိထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။ မနေ့က ည ၇နာရီခွဲခန့်မှာ စက်မှုဇုန်(၂)၊ မင်းကြီးမဟာမင်းခေါင်လမ်းအရောက်မှာ မဇွန်ပွင့်လှိုင်ကိုခေါ်လာတဲ့ကားကို ယူဂျီတွေက စောင့်ကြိုပစ်ခတ်ကယ်ထုတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဒုရဲအုပ်အမျိုးသားတစ်ဦးသေခဲ့သလို အမျိုးသမီးဒုရဲအုပ်တစ်ဦးလည်း ပုခုံးကျည်သင့်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီဟာ မနေ့ကညပိုင်းမှာ ရန်ကုန်တစ်မြို့လုံးကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ အဝင်အထွက်ဂိတ်တွေအပါအဝင် ရန်ကုန်မြစ်ကြောင်းမှာ သွားလာနေတဲ့ လူစီးကူတို့လှေတွေကိုပါပိတ်ပြီး ရှာဖွေတာတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ ကယ်ထုတ်ခံရတဲ့ မဇွန်ပွင့်လှိုင်နဲ့ အမျိုးသားငါးဦးကို လက်နက်တွေနဲ့အတူ ဒီနေ့ မနက်ပိုင်းမှာ သန်လျင်မြို့နယ်၊ ဘောသပြေကန်ရွာအနီးမှာ […]

အပြည့်အစုံဖတ်ရန်

ဒလ-ရန်ကုန် ကူးတို့ဆိပ်ပိတ်လို့ ဒလမြို့သားတွေအခက်တွေ့ကြ

July 2, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၁ (မော်ကွန်း) ဒလ-ရန်ကုန် ကူးတို့ဆိပ်တွေကို စစ်ကောင်စီက ဒီနေ့ညမှာ ယာယီပိတ်လိုက်တဲ့အတွက် တဖက်ကမ်း ဒလမြို့ကို ပြန်မယ့် ရာနဲ့ချီတဲ့လူတွေ ပိတ်မိခဲ့ပါတယ်။ ” ရှစ်နာရီခွဲလောက်ကတည်းက သမ္ဗာန်ကမရှိတော့တာ။ ဘာဖြစ်လဲမသိပါဘူး”လို့ ဒလမြို့ ဘက်ကိုကူးမယ့် ကမာကဆစ်လှေဆိပ်မှာ စောင့်နေသူတစ်ဦးက ဒီနေ့ညပိုင်းမှာပြောပါတယ်။ လှေဆိပ်တွေကို ပိတ်လိုက်တာကြောင့် ရာနဲ့ချီတဲ့ လူတွေဟာ သမ္မတကမ်းကမ်းခြေ၊ ပန်းဆိုးတန်း၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်နဲ့ မှော်စက်လို ဒလဘက်ကူးတဲ့ စက်လှေဂိတ်တွေမှာ ပိတ်မိခဲ့ကြပါတယ်။ ဒလမြို့ဘက်မှာတော့ လှေဆိပ်တွေကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစောင့်ပြီး လှေစီးကမ်းကူးလာသူတွေကို ရှာဖွေစစ်ဆေးရေးလုပ်တာကို တွေ့ရပါတယ်။ ” လှိုင်သာယာဘက်မှာ ပစ်ခံရလို့ ကြိုတင်ကာတဲ့အနေနဲ့ပိတ်တာလို့ သိရတယ်။ အသေးစိပ်တော့ မသိဘူး”လို့ ဒလ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ဒီနေ့ ကြုံရတဲ့အခြေအနေကို ပြောပါတယ်။ ဒလမြို့မှာ […]

အပြည့်အစုံဖတ်ရန်

မိုးဗြဲကို စစ်ကောင်စီအလုံးအရင်းနဲ့ထိုးစစ်ဆင်၊ တော်လှန်ရေးတပ်တွေရဲ့စခန်းတချို့ ဆုတ်ခွာပေးရ

July 2, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ရှမ်းတောင်နဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ပေါ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးတပ်တွေရဲ့ မြို့ပေါ်ကကင်းစခန်းတချို့ ဆုတ်ခွာပေးလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ မိုးဗြဲမြို့မဈေး၊ ရပ်ကွက် (၃) ကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေရဲ့ ဘန်ကာတချို့ကိုရှင်းလင်းထားတဲ့ ဓါတ်ပုံတွေကိုလည်း စစ်ကောင်စီရဲ့ လော်ဘီ တယ်လီဂရမ်ချယ်နယ်တချို့က ဒီမနက်ပိုင်းကဖြန့်ဝေနေကြပါတယ်။ အခုလို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် မိုးဗြဲမြို့ရဲ့ အဓိက လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုဖို့နဲ့ စစ်ရေးသတိနဲ့သွားလာကြဖို့ ရှမ်းတောင်၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတွေကလည်း မနေ့ကညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ မိုးဗြဲမြို့မှာ တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “အရင်ကလည်း မိုးဗြဲမှာ နေ့တိုင်းတိုက်ပွဲရှိတယ်။ အခုတော့ […]

အပြည့်အစုံဖတ်ရန်

နောင်ချိုနဲ့ကျောက်မဲကိုပြန်ရဖို့ မြေပြင်ရော ဝေဟင်ကပါ စစ်ကောင်စီအပြင်းအထန်တိုက်ခိုက်နေ

July 1, 2025

ရန်ကုန် – ၂၀၂၅ ဇွန် ၃၀ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့ ပြောပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့ကို မနေ့ကနေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ မနေ့က ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ရပ်ကွက် ၁ အတွင်း ကျရောက်ပေါက်ကွဲကာ ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားတဲ့အပြင် နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နောင်ချိုမြို့ကိုလည်း ဒီနေ့မနက်ပိုင်းနဲ့ မနေ့က ညပိုင်းတွေမှာ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်မှုတွေ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီငြိမ်းချမ်းရေးပွဲတက်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း PNLO ပြော

June 30, 2025

ပအိုဝ်း – ၂၀၂၅ ဇွန် ၃၀ (မော်ကွန်း) စစ်ကောင်စီ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်နေတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ PNLO/PNLA က မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ကို နေပြည်တော်မှာ ဇွန် ၂၅ ကနေ ၂၇ ရက်ထိ သုံးရက်ကြာပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အာဏာမသိမ်းမီက NCA လက်မှတ်ရေးထိုးထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးပွဲစားတွေ၊ နိုင်ငံရေးသမားတချို့တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က ကောင်စီဝင်၊ စစ်တပ်အရာရှိတွေ၊ အကြံပေးတွေနဲ့ နိုင်ငံတချို့က သံတမန်၊ ပညာရှင်ဆိုသူတွေ တက်လာတာတွေ့ရပါတယ်။ အဲဒီအထဲမှာ တက်ရောက်လာတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ မီဒီယာတချို့မှာတော့ PNLO/PNLA ကိုယ်စားပြုလာတဲ့သဘောနဲ့ ဖော်ပြကြတာကိုတွေ့ရပေမယ့် “ကျွန်တော်တို့ […]

အပြည့်အစုံဖတ်ရန်

ငလျင်ဒဏ်သင့် အင်းလေးဒေသရဲ့ သုံးလပြည့်မြင်ကွင်း

June 29, 2025

ညောင်ရွှေ-၂၀၂၅ ဇွန် ၂၈ (မော်ကွန်း) ရာစုနှစ်အတွင်း နိုင်ငံမှာ ဖျက်အားအပြင်းဆုံး ဖြစ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်လှုပ်ခဲ့တာ ဒီနေ့သုံးလပြည့်ပါပြီ။ ဒီငလျင်ကြောင့် နိုင်ငံတဝန်း လူလေးထောင်နီးပါးသေပြီး ငါးထောင်ကျော်ဒဏ်ရာရခဲ့ပါတယ်။ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုးအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မြေပြင်မှာ ပြန်လည်ထူထောင်ရေး အခြေအနေဟာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံပြီး မနိုင်မနင်း ဖြစ်နေဆဲလို့ ကူညီနေသူတွေက ပြောပါတယ်။ လူရာချီသေဆုံးပြီး နေအိမ်အများအပြား ပျက်ဆီးခဲ့ရသလို သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံတွေပါ ပျက်ဆီးခဲ့ရတဲ့ အင်းလေးဒေသရဲ့ ငလျင်ဘေးသင့် သုံးလပြည့် ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းငလျင်ဘေး သုံးလပြည့်လာပေမယ့် မြေပြင်ပြန်လည်ထူထောင်ရေး အလုပ်မဖြစ်သေး

June 29, 2025

ရန်ကုန်- ၂၀၂၅ ဇွန် ၂၇ (မော်ကွန်း) သုံးလတိုင်ပြီဖြစ်ပေမယ့် စစ်ကိုင်းငလျင်ဘေးကြောင့် ထိခိုက်ခဲ့သူတွေဟာ ပုံမှန်အခြေအနေပြန်ရဖို့ ရုန်းကန်နေကြရဆဲပဲလို့ မြေပြင်ကူညီနေသူတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောဆို ထုတ်ပြန်ကြပါတယ်။ ဒီနှစ် မတ်လ ၂၈ ရက်မှာ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး နဲ့ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာ အဓိက ထိခိုက်ခဲ့ရပြီး ဒီငလျင်ကြောင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုးလောက် ထိခိုက်ရတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ လူ လေးထောင်နီးပါးသေပြီး ငါးထောင်ကျော် ဒဏ်ရာရခဲ့သလို အခြေခံအဆောက်အအုံတွေ၊ လူနေအိမ်တွေ သောင်းနဲ့ချီပြီး ပျက်စီးခဲ့ရတာပါ။ “ မန္တလေးမှာတော့ စဖြစ်တုန်းကနဲ့ သိပ်ထူးထူးခြားခြား ပြောင်းလဲလာသေးတာ မရှိပါဘူး။ ဘေးဒုက္ခကြုံရသူတွေက အလှူရှင် တွေ လှူတာကို […]

အပြည့်အစုံဖတ်ရန်

နောင်ချိုမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်

June 29, 2025

ရန်ကုန်- ၂၀၂၅ ဇွန် ၂၇ (မော်ကွန်း) စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ နောင်ချိုမြို့နယ်အဝင်မှာရှိတဲ့ ကျေးရွာတွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်ဟာ TNLA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နောင်ချိုကို ပြန်လည်ရရှိရေးအတွက် ဒီလဆန်းပိုင်းကစပြီး ဝေဟင်ကရော၊ မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာ နောင်ချိုမြို့နယ်က နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေ အသုံးပြုပြီး ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။ အခုတိုက်ပွဲဖြစ်နေတယ်လို့ ထုတ်ပြန်ထားတဲ့ ရွာတွေဟာ နောင်ချိုမြို့အဝင် နောင်ချို-တောင်ခမ်း လမ်းပိုင်းအနီးမှာရှိတဲ့ […]

အပြည့်အစုံဖတ်ရန်

ကော်သူးလေဒေသက သစ်သီးပွဲတော်

June 29, 2025

ကော်သူးလေ – ၂၀၂၅ ဇွန် ၂၇ (မော်ကွန်း) ကော်သူးလေဒေသ၊ ကော့ကရိတ်မြို့နယ်၊ ရွာတစ်ရွာမှာ ဒီနေ့ပြုလုပ်တဲ့ သစ်သီးပွဲတော်ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုကာလရောက်ရင် ပြုလုပ်နေကျ ဒေသဓလေ့ပွဲဖြစ်တစ်ခုဖြစ်သလို ပွဲမှာ ဒေသခံတွေရဲ့ ခြံတွေက ထွက်တဲ့ ရာသီစာ ဒူးရင်းသီး၊ နာနတ်သီး၊ မင်းဂွတ်သီး၊ ရေငန်းသီးစတဲ့ သီးနှံတွေကို လာရောက်ကြတဲ့ ဧည့်သည်တွေကို ကျွေးမွေးကြပါတယ်။ လာရောက်ကြသူတွေအနေနဲ့ ကျွေးမွေးတဲ့သီးနှံတွေကို အဖိုးအခပေးစရာမလိုဘဲ အဝအလင်စားသုံးလို့ရတဲ့အပြင် ပိုတဲ့သီးနှံတွေကို ပြန်လည်ယူဆောင်သွားလို့လည်းရပါသေးတယ်။ ဒီပွဲကို နှစ်စဉ် အနီးအနားက ရွာခြောက်ရွာဝန်းကျင်လောက်က စုပေါင်းကာ ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ ဓါတ်ပုံ – Mawkun Magazine

အပြည့်အစုံဖတ်ရန်
1 … 7 8 9 10 11 12 13 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."