သတင်းများ

စစ်မှုထမ်းဖို့စုဆောင်းခံရတဲ့ မိုးကုတ်မြို့က ဂေါ်ရခါးလူမျိုးတွေကို TNLA ပြန်လွှတ်

August 16, 2025

မိုးကုတ်- ၂၀၂၅ ဩဂုတ် ၁၅ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်မှုထမ်းဖို့ ခေါ်ယူစုဆောင်းခံထားရတဲ့ ဂေါ်ရခါး လူမျိုး ၈၀ ကျော်ကို မနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နေဂေါ်ရခါးလူမျိုးတချို့က ပြောပါတယ်။ ” အခုက အထက်ကအမိန့်ကြောင့် အကုန်ပြန်လွှတ်ပေးတာလို့ပြောတယ်၊ အပေါ်က လူတွေက ခိုင်းလို့ မဟုတ်ဘဲ အောက်ခြေက လူတွေလုပ်တာလို့ သိရတယ်၊ ဒါကြောင့် သူတို့အစည်းဝေးပြန်လုပ်ပြီး လွှတ်ပေးတာ ” လို့ မြို့ခံဂေါ်ရခါးလူငယ်တစ်ဦးက ဒီနေ့ ပြောပါတယ်။ TNLA က မိုးကုတ်မြို့နေ ဂေါ်ရခါးလူမျိုးတွေကို ဇူလိုင်ကထဲကနေ စပြီး ပိတ်ဆို့ ဖမ်းဆီး ခေါ်ဆောင်နေတာဖြစ်ပြီး ဂေါ်ရခါး ခေါင်းဆောင်တွေနဲ့ TNLA အဆင့်မြင့်လူကြီးတွေကြား ညှိနှိုင်းပြီးနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်လိုက်တာလို့ ဆိုပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ ကျော်အထိ တိုးလာ

August 16, 2025

မိုးကုတ်-၂၀၂၅ ဩဂုတ် ၁၅ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတဲ့အတွက် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်နေသူတချို့နဲ့ ရပ်ကွက်နေထိုင်သူတချို့က ပြောပါတယ်။ မနေ့ည ၈း၃၀ နာရီလောက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရပ်ကွက်က ငါးပတ်တောင်နဲ့ လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် အရပ်သား ၂၀ ဦးရဲ့ ရုပ်အလောင်းတွေကို အတည်ပြုထားနိုင်ပြီလို့ မြေပြင်ကယ်ဆယ်ရှာဖွေနေသူတချို့က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ စစ်ကောင်စီလေတပ်က ငါးပတ်တောင်နဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းတစ်ဝိုက်က လူနေရပ်ကွက်တွေပေါ်ကို ပေါင် ၂၅၀ ဗုံး နှစ်လုံးချခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့က တစ်နေကုန် မြို့ပေါ်မှာ လေယာဉ်ပျံဝဲပြီးနောက် ညဘက်မှာ အဲဒီ နေရာတွေကို […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလေကြောင်း ဗုံးကြဲတာကြောင့် မိုးကုတ်မှာ ကလေးသူငယ်သုံးဦးအပါအဝင် အရပ်သား ရှစ်ဦးထက်မနည်းသေဆုံး

August 15, 2025

မိုးကုတ်-၂၀၂၅ ဩဂုတ် ၁၄ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က ဒီနေ့ည ၈း၀၀ နာရီ‌ကျော်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားရှစ်ဦးထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒီအရေအတွက်ဟာ လတ်တလောရထားတဲ့အရေအတွက်ဖြစ်ပြီး ပြန့်ကျဲနေတဲ့အသားစတွေနဲ့အလောင်းတွေရှိနိုင်သေးတယ်လို့ ဒေသခံဆီကသိရပါတယ်။ ” ငါးပတ် တောင်နဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းနားလို့ပြောတယ်။ လေယာဥ်က တစ်ချိန်လုံးဝဲနေတာ၊ ပြီးမှ ချသွားတယ်။ သေဆုံးသူများတယ်။ ထိခိုက်ဒဏ်ရာရသူလည်းများတယ် ” လို့ အရှေ့ပိုင်းမှာ နေထိုင်သူ မြို့ခံတစ်ဦးက ပြောပါတယ်။ မြို့ကိုသိမ်းထားတဲ့ တအာင်းတပ်(TNLA) ကတော့ မိုးကုတ်ဗုံးကြဲခံရတာကို ထုတ်ပြန်ထားပြီး ထိခိုက်၊သေဆုံးစာရင်းကို ထပ်မံအသိပေးမယ်လို့ ဒီညပိုင်းမှာ ထုတ်ပြန်တယ်။ ဗုံးကြဲခံရတဲ့ နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတချို့ အဆိုအရ မီးဖွားဖို့ပြင်ဆင်နေတဲ့ […]

အပြည့်အစုံဖတ်ရန်

လူသားချင်းစာနာမှုအကူအညီလိုသူ သန်း ၂၀ လောက်ရှိပေမယ့် ရန်ပုံငွေအနည်းဆုံးဖြစ်နေ

August 15, 2025

ရန်ကုန်-၂၀၂၅ ဩဂုတ် ၁၄ (မော်ကွန်း) လူ သန်း ၂၀ လောက် လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလုပ်ငန်းများအတွက် ရန်ပုံငွေအနည်းဆုံးရတဲ့ နိုင်ငံတွေထဲကတစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ဒီနေ့ ထုတ်ပြန် သတိပေးပါတယ်။ စစ်ပွဲတွေ၊ ငလျင်ဘေးတွေ၊ ရေဘေးတွေနဲ့ပါ လုံးပန်းနေရတဲ့နိုင်ငံအတွက် ဒီနှစ်ထဲမှာ ကူညီထောက်ပံ့ဖို့ လိုအပ်ငွေရဲ့ ၁၂ ရာခိုင် နှုန်းသာ လက်ခံရရှိထားသေးတယ်လို့ ထုတ်ပြန်ပါတယ်။ ဒီနှစ်အတွက် နိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာမှုအကူအညီပေးဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် လိုအပ်ပေမယ့် အခုအထိ ၁၃၅ သန်းကျော်လောက်သာ ရသေးတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်တွေ၊ ငလျင်ဘေးသင့်သူတွေ၊ ရေဘေးဒုက္ခသည်တွေအပါအဝင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့ အထောက်အပံ့တွေကို ပံ့ပိုးနေပေမယ့် မလုံလောက်သေးဘူးလို့ […]

အပြည့်အစုံဖတ်ရန်

သံတောင်ကြီးမြေပြိုမှုကြောင့် မြို့ရဲ့ဥယျာဉ်ခြံမြေတစ်ဝက်နီးပါးပျက်စီး

August 15, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၃ (မော်ကွန်း) ကရင်ပြည်နယ် သံတောင်ကြီးမြို့ မြေပြိုကျတဲ့ဖြစ်စဉ်မှာ မြို့ရဲ့ ဥယျာဉ်ခြံမြေ ထက်ဝက်နီးပါး ပျက်စီးသွားတယ်လို့ ၎င်းဒေသခံတချို့ကပြောပါတယ်။ တောင်ပေါ် အပန်းဖြေစခန်းတွေရှိတဲ့ သံတောင်ကြီးမြို့နယ်မှာ ဒီလ ၄ ရက်က မိုးသည်းထန်စွာရွာတာကြောင့် တောင်ကျချောင်းရေစီးဆင်းပြီး မြေပြိုကျခဲ့ပြီး ထိခိုက်ပျက်စီးမှုများခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူ ၁၅ ဦးထိ ရှိလာခဲ့ပြီး လမ်းတံတားတွေ ပျက်စီးသွားတာကြောင့် ဒီနေ့ထိ နောက်ထပ်ပျောက်ဆုံးသူတွေ ရှာဖွေဖို့ ခက်ခဲနေသေးတယ်လို့ သံတောင်ကြီးမြို့နယ်က ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။ ဒါ့အပြင် မြို့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ ချဉ်ပေါင်ဖာလာစေ့၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းနဲ့ ကွမ်းသီး စိုက်ပျိုးတဲ့ တောင်ပေါ်ဥယျာဉ်ခြံမြေ စိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့ စိုက်ခင်းပမာဏဟာ တစ်မြို့လုံးရဲ့ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ TNLA ပိုဖမ်းလာတယ်လို့ပြော

August 15, 2025

မိုးကုတ်-၂၀၂၅ ဩဂုတ် ၁၃ (မော်ကွန်း) မိုးကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) က အခုရက်ပိုင်းမှာ မြို့ပေါ်က ဂေါ်ရခါးလူမျိုးတွေကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်းပို့တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ အဲဒီမြို့က ဂေါ်ရခါးတချို့က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်းက အဝင်ထွက်ဂိတ်မှာ ခရီးသွားမယ့် ‌ဂေါ်ရခါးလူမျိုးတချို့ကို TNLA က ဖမ်းဆီးခဲ့သလို ဒီလ ၉ ရက်တုန်းကလည်း နန်းနွဲ့ရွာက ဂေါ်ရခါး အမျိုးသား၊အမျိုးသမီး ခုနှစ်ယောက်ကို ဖမ်းခဲ့သေးတယ်လို့ ပြောပါတယ်။ အဲဒီနောက် ၁၀ ရက်နေ့မှာ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်က ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံ ဂေါ်ရခါးတစ်ဦးက ပြောပါတယ်။ “စစ်မှုထမ်းဖို့ တော်လှန်ရေးအတွက် လူခေါ်တာက ပြသနာမရှိဘူး၊ ဂေါ်ရခါးလူမျိုးတစ်ခုထဲကိုပဲ၊ လူနည်းစုတစ်ခုထဲကို အတင်း ဖိနှိပ်နေတယ်လို့ ခံစားရတယ်၊ လူတစ်ယောက်ကိုဖမ်းပြီး […]

အပြည့်အစုံဖတ်ရန်

မန္တလေး-မတ္တရာကားလမ်းဘေးကရွာတွေကို စစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်နေ

August 15, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၃ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းမှာ မန္တလေး-မတ္တရာ ကားလမ်းဘေးက ရွာတချို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မန္တလေး-မတ္တရာ ကားလမ်းအနီး မတ္တရာမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကျောက်တံတားနဲ့ ငါးလုံးပြွန်ရွာတွေကို မနေ့ကမနက်ပိုင်းအပါအဝင် နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ မန္တလေး-မတ္တရာ ပြည်ထောင်စုလမ်းကိုလည်း ဒီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒီလမ်းပိုင်းက ရွာတချို့ကို ထိန်းချုပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒီမနက်ပိုင်းမှာလည်း မတ္တရာမြို့အရှေ့ခြမ်းက ရွာတွေကို Y-12 ထောက်ပို့လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ မတ္တရာဒေသခံက ပြောပါတယ်။ “မနက် […]

အပြည့်အစုံဖတ်ရန်

မြင်းခြံမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတချို့ လက်လွှတ်ပေးရ

August 12, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၂ (မော်ကွန်း) မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် စိုးမိုးနယ်မြေတချို့ လက်လွှတ်ပေးခဲ့ရတယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်တွေက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသတွင်း ပျူစောထီးခေါင်းဆောင်သီတာယုမွန်ရဲ့ တပ်တွေနဲ့အတူ မြင်းခြံ-နွားထိုးကြီး ကားလမ်းက ဒေသတွင်းကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ရွာတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီစစ်ကောင်စီစစ်ကြောင်းမှာ အင်အားတစ်ထောင်ကျော်ပါဝင်ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပေါင်း ၁၁ ရက်ကြာဖြစ်ပွားပြီးနောက်မှာတော့ နယ်မြေတချို့ကို တော်လှန်ရေးတပ်က လက်လွှတ်ပေးလိုက်ရတာပါ။ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ခဲယမ်းပြတ်တောက်မှုတွေကြောင့် တပ်စခန်းတချို့ကို စွန့်လွှတ်လိုက်ရတာလို့ ဒေသကာကွယ်ရေးတပ် Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းက မြောက်ကုန်း၊ ခင်မကန်၊ […]

အပြည့်အစုံဖတ်ရန်

မြိတ်-ပုလောကားလမ်း ပြန်ပွင့်ပြီ

August 12, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၂ (မော်ကွန်း) တိုက်ပွဲတွေကြောင့် သီတင်းပတ်နှစ်ပတ်ကျော်ကြာပိတ်ထားရတဲ့ မြိတ်-ပုလော ကားလမ်းကို ဒီနေ့မှာ ပြန်ဖွင့်လိုက်ပြီလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီကားလမ်းကို ပြီးခဲ့တဲ့လ ၂၄ ရက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် တော်လှန်ရေးတပ်တွေဘက်က လမ်းအသုံးပြုမှု ယာယီပိတ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်ငြိမ်သက်သွားပြီဖြစ်တာကြောင့် လမ်းကို ပြန်လည်အသုံးပြုနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီလမ်းပိုင်းအသုံးပြုသူတွေအနေနဲ့ ပုလောမြို့နယ်ထဲက ပလမြို့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ရှိနေသေးတာကြောင့် ဒီမြို့ကိုရှောင်ပြီး သွားလာကြဖို့လည်း ထုတ်ပြန်ထားတာပါ။ မော်လမြိုင်ကနေ ရေး၊ ထားဝယ်နဲ့ မြိတ်ထိ သွားလာနိုင်တဲ့ ဒီအမှတ် (၈) ပြည်ထောင်စုလမ်းဟာ တနင်္သာရီတိုင်းအတွက် အဓိကလမ်းမကြီးတစ်ခုဖြစ်ပါတယ်။ ဒီလမ်းပိုင်းက ပုလောမြို့နယ်ထဲမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ […]

အပြည့်အစုံဖတ်ရန်

မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာကြောင့် ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းတွေပြတ်လပ်နေ

August 12, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၁ (မော်ကွန်း) မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ နှစ်ပတ်ကျော်လာတာကြောင့် ရန်ကုန်မြို့ ဈေးကွက်ထဲမှာ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းပြတ်လပ်မှုတွေ ရှိလာတယ်လို့ ၎င်းကုန်စည်တင်သွင်းရောင်းချသူတချို့က ပြောပါတယ်။ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကျတဲ့ မြဝတီနယ်စပ်လမ်းကြောင်းကနေ ဖြတ်ကျော်လာတဲ့ ကုန်တင်ယာဉ်တွေကို ပြီးခဲ့လလယ်ပိုင်းထဲက စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ကုန်တင်ယာဉ်အများစုကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားတာပါ။ ကုန်တင်ယာဉ်တွေကို တရားမဝင်သယ်ဆောင်မှုအဖြစ် ဖမ်းဆီးစစ်ဆေးတာ၊ ကုန်တင်ယာဉ်တချို့ကို ဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းတာတွေအပြင် ကားတွေကို ငွေတောင်းပြီးပြန်လွှတ်တာတွေ လုပ်ဆောင်နေတာကြောင့် ထိုင်းနိုင်ငံကနေတစ်ဆင့်တင်သွင်းပြီး ရောင်းချနေရတဲ့ ကုန်ပစ္စည်းအများအပြားဟာ နယ်စပ်မှာရပ်တန့်နေတယ်လို့ ၎င်းကုန်သည်တချို့က ပြောပါတယ်။ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖြတ်သန်းခွင့်မပေးဘဲ စစ်ဆေးနေတာကြောင့် ရန်ကုန်မြို့က ကွန်ပြူတာအရောင်းဆိုင်တွေနဲ့ ဖြန့်ချိရေးဈေးကွက်ထဲမှာ ကုန်ပစ္စည်းတချို့ဟာ ပြတ်လပ်သွားတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းက ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေး […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့က ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား

August 9, 2025

ရန်ကုန်- ၂၀၂၅ ဩဂုတ် ၈ (မော်ကွန်း) ဒီကနေ့ ကျရောက်တဲ့ ဝါခေါင်လပြည့်နေမှာ ရန်ကုန်မြို့က ကရင်တိုင်းရင်းသားတချို့က ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ စုပေါင်းကျင်းပခဲ့ကြပါတယ်။ အခမ်းအနားမှာ ဆရာတော်တွေနဲ့ သက်ကြီးရွယ်အိုတွေက လူငယ်တွေကို ရိုးရာချည်ဖြူဖွဲ့စည်းနှောင်းပေး ကြတာကိုလည်း တွေ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ဒီအခမ်းအနားကို ဒီနှစ်မှာလည်း ပုံမှန်ကျင်းပခဲ့ပေမယ့် ယခင်နှစ်တွေကလို လူငယ်တွေမများတော့ဘဲ နည်းပါးသွားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသအနှံ့မှာ ပျံ့နှံ့နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေဟာ ဒီမင်္ဂလာအခမ်းအနားကို မကောင်းဆိုးဝါးတွေရန်က ဘေးကင်းဖို့၊ နေအိမ်နဲ့မိသားစုအပေါ် အဖျက်အ‌မှောက်နဲ့ မိစ္ဆာတွေရန်ကကင်းဝေးဖို့ ယုံကြည်ချက်နဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့ကြတာလို့ ရိုးရာပွဲကျင်းပတဲ့ ကရင်လူကြီးတွေက ရှင်းပြပါတယ်။ အောက်ပါ ဓါတ်ပုံတွေကတော့ ဒီနေ့ကျင်းပတဲ့ ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားက ပုံရိပ်တချို့ ဖြစ်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

မန္တလေးတိုင်းအထက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေ

August 8, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၈ (မော်ကွန်း) မန္တလေးတိုင်းထဲက သပိတ်ကျဉ်း၊ စဉ့်ကူး၊ မတ္တရာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ သပိတ်ကျဉ်းမြို့အဝင်အနီးက လေးမိုင်ကံသာ၊ ငါးမိုင်နဲ့ ခြောက်မိုင်ရွာတွေမှာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းဒေသခံတစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ သပိတ်ကျဉ်းမြို့ကို ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် ပြန်လည်သိမ်းယူခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့ပေါ်ကအစိုးရရုံးတွေကို ပြန်လည်ထိန်းချုပ်ထားခဲ့ပါတယ်။ တစ်ဖက်မှာတော်လှန်ရေးတပ်တွေကလည်း သပိတ်ကျဉ်းမြို့နယ်ရဲ့ ကျေးလက်အများစုကို ထိန်းချုပ်ထားပြီး ဝန်းရံပိတ်ဆို့ထားတာပါ။ ဒီလဆန်းပိုင်းမှာ စစ်ကောင်စီတပ်ဟာ သပိတ်ကျဉ်း-စဉ့်ကူး၊ မတ္တရာ-စဉ့်ကူး လမ်းပိုင်းတွေ ပြန်ပွင့်ဖို့ ထိုးစစ်ဆင်လာပြီး လေကြောင်းကရော မြေပြင်ကလက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “မနေ့ကလည်း […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 7 8 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."