ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း ဘုတလင်နယ်ကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒီလကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က ၄၀ ဦး ခန့် သေဆုံးသွားတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဒီနေ့ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေပြုတဲ့ မုံရွာမြို့ကနေ ဘုတလင်နယ်ထဲကို မုံရွာ-ဘုတလင်လမ်းပိုင်းအတိုင်း နယ်မြေရှင်းလင်းဖို့အတွက် အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာပါ။ ၎င်းစစ်ကြောင်းကို ပြီးခဲ့တဲ့လ ၃၁ ရက်က ဘုတင်လင်မြို့နယ် ကံသာရွာအနီးမှာ တော်လှန်ရေးမဟာမိတ်တပ်တွေက ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ၎င်းညနေပိုင်းမှာပဲ ကုန်းသာရွာအနီးမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ခန့်မှန်း ၄၀ ဦး […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၅ (မော်ကွန်း) တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်လာနေပြီး နောင်ချို-ကျောက်မဲလမ်းပိုင်းကကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကျောက်မဲဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဂုတ်ထိပ်လမ်းပိုင်းကို ပြီးခဲ့တဲ့လပိုင်းမှာ ထိန်းချုပ်လိုက်ပြီး နောင်ချို-နောင်ပိန်-ကျောက်မဲ ကားလမ်းအတိုင်း ကျောက်မဲမြို့ဘက်ကို အင်အားအလုံးအရင်းနဲ့ ပို့လွှတ်နေတာပါ။ ဒီလမ်းပိုင်းက နားအိုက်ခန့်၊ ပန်ဟိုက်နဲ့ ခိုက်တုန်ဟုန်းရွာတွေမှာ မနေ့စပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ကျောက်မဲစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “ကျောက်မဲမဝင်ခင် အဲဒီလမ်းတစ်လျှောက် TNLA ထိန်းထားတဲ့ ရွာတွေအများကြီးရှိသေးတယ်။ အဲဒီရွာတွေကို အပြင်ကနေ လက်နက်ကြီးတွေ၊ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာတယ်။ ပြီးမှ မြေပြင်စစ်ကြောင်းလည်း ဝင်လာမယ့်ပုံစံရှိတယ်။ TNLA ကလည်း ခံစစ်ပြင်ထားတော့ ကျောက်မဲ […]
ကျောက်တော် – ၂၀၂၅ စက်တင်ဘာ ၁၂ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို ဒီနေ့မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် ၁၈ ဦး ထိ သေဆုံးသွားတယ်လို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် အစောပိုင်း ၁း၀၀ နာရီခန့်က ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းအနီးကို စစ်ကောင်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ၎င်းပတ်ဝန်းကျင်က ကလေးငယ်တချို့အပါအဝင် စုစုပေါင်း (၁၈) ဦး သေဆုံးကာ (၂၀) ကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ထားတဲ့ […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၁ (မော်ကွန်း) ပြည်တွင်းအခေါက်ရွှေရဲ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးတန်းကို ပြန်လည်ရောက်ရှိလာပြီး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ နီးပါးထိ မြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူ တချို့က ပြောပါတယ်။ မနေ့ကစပြီး ရွှေဈေးဟာ တစ်ကျပ်သားကို ၇၉ သိန်းကျော်ကို စတင်ရောက်ရှိခဲ့ပြီး ဒီနေ့မှာလည်း ၇၉ သိန်း ခုနစ်သောင်းဝန်းကျင်ထိကို ဈေးကွက်အတွင်း ဖွင့်လှစ်ထားတာပါ။ ပြီးခဲ့တဲ့ လနောက်ဆုံးပတ်ကစပြီး ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းဝန်းကျင်ကနေ တဖြည်းဖြည်းနဲ့ ပြန်လည်မြင့်တက်ပြီး ဒီလဆန်းပိုင်းမှာလည်း ဆက်လက်ပြီးမြင့်တက်လာတာပါ။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကလည်း စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိနေပြီး ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ အမေရိကန်ဒေါ်လာထက် ပိုပြီးစိတ်ချရတဲ့ ရွှေကို ဝယ်ယူစုဆောင်းသူတွေ […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၁ (မော်ကွန်း) မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ငဖဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်ကြောင်းတွေပျက်တဲ့အထိ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ကသတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်သင်တန်းဆင်း တပ်သားသစ်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတွေစုပေါင်းကာ ဒီလဆန်းပိုင်းမှာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့က ၎င်းတို့ စွန့်လွှတ်ထားခဲ့ရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်လာနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် အမ်း-မင်းဘူး ကားလမ်းအနီးက ငဖဲမြို့နယ် စွန်တက်ရွာအနီးကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ခဲ့ပြီး အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဆိုပါတယ်။ ဒီလ ၇ ရက်နေ့မှာ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးကို […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၉ (မော်ကွန်း) မြိတ်-ထားဝယ် ကားလမ်းပေါ်က စစ်ကော်မရှင်တပ်ရဲ့ အင်အား ၄၀ ကျော်ရှိတဲ့ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ကထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ဒီနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ KNU တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီတပ်စခန်းဟာ အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ ခလရ (၂၈၀) တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း အင်အား ၄၀ နဲ့ တပ်စွဲထားတဲ့ တပ်စခန်းလို့ ဆိုပါတယ်။ […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၉(မော်ကွန်း) မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တပ်တွေ စိုးမိုးထားတဲ့ရွာကို စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးကာ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။ သပိတ်ကျဉ်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ မနေ့က တစ်ရက်တည်းမှာ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး ရွာအတွင်းက စာသင်ကြားနေတဲ့ နေအိမ်ကို ထိမှန်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ငါးဦးအပါအဝင် ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ MDY-PDF တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် အခုလိုကာလမှာပဲ သပိတ်ကျဉ်းမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ဒီရွာက စစ်ကော်မရှင်စခန်းကို မန္တလေး PDF ပူးပေါင်းတပ်တွေ […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၅ (မော်ကွန်း) စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို လုံခြုံရေးအကူအညီပေးသွားမယ်လို့ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလိုထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ “နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြည့် ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေရန် အထူးအလေးထား ကူညီဆောင်ရွက်သွားပါမည်” လို့ BGF တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကရင်ဝါရင့်တော်လှန်ရေးတပ် ကရင်အမျိုးသားအစည်း (KNU) ဗဟိုကတော့ စစ်ကော်မရှင် ကျင်ပးပမယ့်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ပြည်သူတွေလည်း အကြမ်းမဖက်တဲ့နည်းတဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ ထုတ်ပြန်ထားပေမယ့် KNU […]
မြဝတီ – ၂၀၂၅ စက်တင်ဘာ ၅ (မော်ကွန်း) အာရှလမ်း၊ သင်္ကန်းညီနောင်က ကေအဲန်ယူတော်လှန်ရေးတပ်တွေကို အာဏာသိမ်းစစ်တပ်ဘက်က အပြင်းအထန်စစ်ကြောင်းထိုးတိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က အရေးသာနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ လက်ရှိမှာ တော်လှန်ရေးတပ်တွေဘက်က စခန်းတချို့ ဆုတ်ခွာထားရပြီး အာဏာသိမ်းစစ်တပ်ဘက်က အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကလည်း သင်္ကန်းညီနောင်ဂိတ်မှာ တပ်ထိုင်ထားပြီး တော်လှန်ရေးတပ်တွေ ဆုတ်ခွာထားတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ တည်နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကရင်နယ်ခြားစောင့်တပ်နဲ့ သူ့လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNA)တို့ကလည်း အာဏာသိမ်းစစ်တပ်နဲ့ ရပ်တည်ကြောင်းကြေညာထားပါတယ်။ “ရှေ့တန်းစခန်းတွေတင်မကဘဲ အခုတော့ နောက်တန်းစခန်းတွေကိုပါ အဓိကထားပြီး လေကြောင်းပစ်ကူပေးနေတယ်”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ အခုလ ၂ ရက်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နို့ဖိုး၊ ထီးမူထရွာတွေကို အာဏာသိမ်းစစ်တပ်က ရုတ်တရက် ဝင်ရောက်လာပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ကြပါတယ်။ […]
ရန်ကုန်- ၂၀၂၅ စက်တင်ဘာ ၄ (မော်ကွန်း) စစ်ကော်မရှင်က နယ်စပ်သွင်းကုန်တွေပိတ်ထားပြီးနောက် ဒီရက်ပိုင်း ရန်ကုန်မြို့က ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်နေပြီး တချို့ဆေးဝါးတွေကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးတာတွေ ရှိလာတယ်လို့ ဆေးလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတချို့က ပြောပါတယ်။ ရန်ကုန်မြို့က ရွှေအိုးဆေးဆိုင်တို့လိုမျိုး ဆေးဝါးဖြန့်ချိရောင်းချနေတဲ့ ဆေးဆိုင်ကြီးတချို့မှာဆိုရင် ပျှမ်းမျှအကန့်အသတ်တွေနဲ့ ရောင်းချနေပြီး လိုသလောက် ဝယ်ယူလို့မရတော့တာတွေ ရှိလာတာပါ။ “ဆေးတစ်မျိုးကို တစ်ယောက်ကို အများဆုံးနှစ်ကတ်ပဲ ရောင်းပေးတယ်။ အဓိကတော့ ပစ္စည်းမရှိတော့တာ ရွှေအိုးတို့ဆိုရင် ကုမ္ပဏီကနေ ဆိုင်ကိုဝင်တဲ့ခွဲတမ်းအတိုင်းပဲ အကန့်အသတ်နဲ့ပဲရတာဆိုတော့ သူတို့လည်း အကန့်အသတ်နဲ့ပဲရောင်းပေးတော့တယ်” လို့ ဆေးဝါးဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့လယ် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုလည်း ဒီရက်ပိုင်းမှာ ဆေးဝါးဖြန့်ချိရတဲ့ ခွဲတမ်းပမာဏ သုံးဆနီးပါးကျဆင်းသွားပြီး ဆေးကုမ္ပဏီကြီးတွေက ဈေးကွက်မှာ အကန့်အသတ်နဲ့ပဲ ဖြန့်ချိနေတယ်လို့ […]
ရန်ကုန်၊ ၂၀၂၅ စက်တင်ဘာ ၄ (မော်ကွန်း) မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဒေသတွင်းတော်လှန်ရေးမဟာမိတ်တွေ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတပ်တွေကို ဒီရက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မကွေးတိုင်း၊ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ နတ်မောက်မြို့ ရဲ့အနောက်ခြမ်း တက်ဝန်ရွာ ပျူစောထီးခေါင်းဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် မိနစ် ၄၀ ထိ ပစ်ခတ်ခဲ့ကာ ၎င်းပျူစောထီးခေါင်းဆောင်အပါအဝင်ငါးဦးကို ချေမှုန်းနိုင်ခဲ့တယ်ဆိုပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့် – ၂၂ လက်လုပ် ပစ္စတိုတစ်လက်၊ M1 ကာဘိုင်ငါးလက်အပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ ဤတိုက်ခိုက်မှုကို ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ခဲ့ပြီး ရေနံချောင်း၊ မင်းဘူးခရိုင် တို့မှာလှုပ်ရှားနေတဲ့ […]
ရန်ကုန်- ၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း) တအာင်းတပ်(TNLA) ထိန်းချုပ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက သတ္ထုတွင်းတွေရှိတဲ့ ဘော်ကြိုရွာကို စစ်ကော်မရှင်လေတပ်က ဒီနေ့လယ်ပိုင်းမှာဗုံးကြဲတဲ့အတွက် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်တစ်ချို့ ပျက်စီးခဲ့တယ်လို့ သီပေါဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ နေ့လယ် တစ်နာရီ ၃၅၊ ၄၀ လောက် ဘော်ကြိုစျေး ရွာအထွက်က TNLA စစ်ဆေးရေးဂိတ်ကို စကစက လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးလာကြဲတာ။ နေအိမ်နှစ်အိမ်ပျက်စီးပြီး ကျားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်။ ဘော်ကြိုဘုရားမှန်တွေလည်း ပျက်စီးခဲ့တယ်” လို့ ၎င်းဒေသခံက မော်ကွန်းကို ပြောပါတယ်။ အဲဒီရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။ ဘော်ကြိုရွာအနီးမှာ မြန်မာနိုင်ငံကို ခါးလယ်ကဖြတ်ပိုင်းထားသလို ဖြစ်နေတဲ့ တရုတ်-မြန်မာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."