ရန်ကုန်- ၂၀၂၄ ဩဂုတ် ၂၉ (မော်ကွန်း)
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) ရဲ့ အခြေခံပြဌာန်းချက်တွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီကို ILO ပုဒ်မ-၃၃ နဲ့ အရေးယူပေးဖို့ ပြည်တွင်းပြည်ပရှိ အထည်ချုပ်အလုပ်သမားများက တောင်းဆိုတယ်လို့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု(MLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီဟာ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားအချက်အလက်ကောက်ယူတာတွေလုပ်နေသလို လုပ်ငန်းခွင်အတွင်းမှာလည်း ဖိနှိပ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ အချက်အလက်ကို အတင်းကောက်ယူနေတဲ့အတွက် အဓမ္မစစ်မှုထမ်းခိုင်းမှာကို အလုပ်သမားတွေက စိုးရိမ်နေကြတာလို့ ဖော်ပြပါတယ်။
ILO ပုဒ်မ ၃၃ ဆိုတာကတော့ အဖွဲ့ဝင်နိုင်ငံတွေက အခြေခံပြဌာန်းချက်တွေကို ချိုးဖောက်ရင် အရေးယူတဲ့ပုဒ်မဖြစ်ပြီး အရေး ယူခံရရင် စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ထိရောက်စွာ ဖြတ်တောက်ပိတ်ဆို့တာတွေ ဖြစ်ပေါ်လာမယ်လို့ လေ့လာသူတစ်ချို့က ပြောထားပါတယ်။
လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မခိုင်းစေမှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဖြစ်ရပ်တွေကို ILO စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ ၂၀၂၃၊ စက်တင်ဘာမှာ အတည်ပြုခဲ့ပြီးပြီလို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု(MLA)က မဖောင်ရိုးက ပြောထားပါတယ်။
လာမယ့်နိုဝင်ဘာမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့က ILO ရုံးချုပ်မှာကျင်းပမယ့် ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ စစ်ကောင်စီကို ပုဒ်မ- ၃၃ အရ အရေးယူဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့လက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ ILO မှာ ၁၉၄၈ ကတည်းက အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက ပါဝင်ထားပြီး နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ပုံစာ- စစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတစ်ချို့။
ဓါတ်ပုံ- MLA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

