ဝင်းရေး – ၂၀၂၄ အောက်တိုဘာ ၂၆ (မော်ကွန်း)
ကေအဲန်ယူအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်မှာ မနေ့က အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သားနေထိုင်ရာကျေးရွာထဲကို ကျရောက်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
မနေ့က မွန်းလွဲ ၁၂း၄၅ မိနစ်အချိန်လောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ သံပုရာချောင်းဖျားရွာထဲကို ကြဲချခဲ့တာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒေသခံအမျိုးသားတစ်ဦးကတော့ ထိမှန်တဲ့နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ နောက်ထပ် အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရခဲ့ပါတယ်။
သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေအပြင် နေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်။
ဝင်းရေးမြို့နယ်မှာရှိတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ-မော်လမြိုင်)ရဲ့ ဗျူဟာစခန်းဖြစ်တဲ့ အနန်းကွင်းစစ်ကောင်စီစခန်းကို ကေအဲန်ယူဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ချလာသူတချို့လည်းရှိနေပါတယ်။
စစ်ကောင်စီဘက်ကတော့ အနန်းကွင်းစခန်းမကျရေးကို အဓိကထားလုပ်ဆောင်နေပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့စစ်ကူတွေကို လေကြောင်းကနေ ပို့ပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
အခုလ ၂၅ ရက် နေ့လယ် ၁၂း၄၅ အချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အနန်းကွင်းကျေးရွာအနီးက သံပုရာချောင်းဖျားရွာထဲကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတာကြောင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးကာ နောက်ထပ် အသက်သုံးဆယ်ကျော် အမျိုးသားနဲ့ အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဝင်းရေးမြို့နယ်ထဲမှာ လွတ်ရှမ်းနဲ့ အနန်းကွင်းစစ်စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီးထွက်ပြေးတိမ်းရှောင်နေရဆဲပါ။
ပုံစာ – ဗုံးမှန်ပြီးသေဆုံးသွားသူနဲ့ ပျက်စီးသွားတဲ့နေအိမ်
ဓါတ်ပုံ – ပေးပို့
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

