ဂေထော ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း) ရခိုင်ပြည်နယ်မှရန်ကုန်တိုင်းသို့ ဩဂုတ် ၁၀ ရက်နောက်ပိုင်း လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသူများကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မပူးပေါင်းပါက သဘာဝဘေးစီမံမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ယင်းဌာန၏ COVID-19 ရောဂါ သတင်းပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ က မော်ကွန်းသို့ ပြောသည်။ ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်အထိ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅,၄၀၉ ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖုန်းဖြင့်ခေါ်ဆိုမှုပေါင်း အကြိမ်ရေခြောက်ထောင် ကျော်ရှိခဲ့သော်လည်း ၂,၅၄၇ ဦးသည် ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်းများ တွေ့ရကြောင်း အစိုးရက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ရဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ပြောကြားထားပြီးပြီ။မဖြစ်မနေဆိုရင်တော့ ကျွန်တော်တို့က အရေးယူရမှာပေါ့နော်။တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ပေးပါလို့ ပန်ကြားလိုပါတယ်”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ ရခိုင်ပြည်နယ်မှရန်ကုန်တိုင်းဒေသကြီးသို့ […]
စည်သူ ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း) ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော် သမ္မတက ရာထူးမှ ရပ်စဲလိုက် ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသဲရယ်က မော်ကွန်းကို အတည်ပြုပြောကြားသည်။ “လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံတဲ့သူများတဲ့နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ တမြန်နေ့ (စက်တင်ဘာတစ်ရက်) တုန်းက မဲခွဲဆုံးဖြတ်ပြီး အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးကို ပေးပို့ခဲ့တယ်။ ဒီနေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြန်ကျလာပါတယ် ” ဟု ဦးသဲရယ်က ပြောသည်။ လတ်တလော ကယားပြည်နယ် ယာယီဝန်ကြီးချုပ်အဖြစ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုက တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဦးသဲရယ်က ပြောသည်။ ဝန်ကြီးချုပ်သည် ကယားပြည်နယ်နေ့ကျင်းပရာ အများပြည်သူပိုင်းကွင်းနှင့် ဆက်စပ်ဧရိယာမြေများအား ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့သည့် ကိစ္စ၊ […]
ရေဂင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း) ရန်ကုန်တွင် ဒုတိယအကြိမ် COVID – 19 ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက် မြို့ပတ်ရထား အသုံးပြုသူ အရေအတွက် ရုတ်တရက်ထိုးကျသွားသည်ဟု ရန်ကုန်ဘူတာကြီးက ရုံပိုင်မှူး ဦးသောင်းထိုက်က ပြောသည်။ ယခင်ကဆိုလျှင် ရန်ကုန်မြို့ပတ်ရထားစီးခရီးသည် သည် နေ့စဉ် တစ်သောင်းကျော်အထိ ရှိခဲ့ သည်ဟု သူက ပြောသည်။ ယင်းနောက် COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ဧပြီမှ ဩဂုတ်လကုန်အထိ နေ့စဉ် ပျမ်းမျှ ခရီးသည် နှစ်ထောင်ခန့်သာ စီးနင်းတော့သည်ဟု ဦးသောင်းထိုက်က ရှင်းပြသည်။ “ စက်တင်ဘာ တစ်ရက်နေ့က စပြီးတော့ပေါ့။ ရထားစီးတဲ့ခရီးသည်က ထက်ဝက်လောက်ကို လျော့ကျသွားတာ။ မနေ့ကဆိုရင် ရထားစီးတဲ့သူ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း) တောင်ကြီးမြို့ကုတင် (၅၀၀)ဆံ့ စဝ်စံထွန်းဆေးရုံ၌ COVID-19 ရောဂါပိုးဓာတ်ခွဲစစ်ဆေးမှုများကို စက်တင်ဘာ ဒုတိယပတ်အတွင်း စတင်စစ်ဆေးနိုင်ရန် လျာထားကြောင်း ရှမ်းပြည်နယ်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က မော်ကွန်းသို့ ပြောသည်။ COVID-19 ရောဂါကို ဓာတ်ခွဲစစ်ဆေးပေးနိုင်မည့်PCR (Polymerase chain reaction) စက်ကို စဝ်စံထွန်းဆေးရုံရှိ ကုတင်(၅ဝဝ)ဆံ့ အဆောက်အဦး၏ဓာတ်ခွဲဌာနတွင်တပ်ဆင်ထားရှိမည်ဖြစ်သည်။ “စက်တော့ရှိပြီ။ဒါမယ့် တစ်ချို့ Accessory (ဆက်စပ်ပစ္စည်း)တွေ လိုနေတာရှိတာပေါ့။ အဲ့ဒါတွေကို ပြန်တပ်ဖို့ တပ်မယ့်ကုမ္ပဏီတွေကလည်း ဒီအပတ်ထဲမလာနိုင်သေးဘူးဆိုတော့ ရှေ့အပတ်လောက်မှ တပ်ဖြစ်မယ်ထင်တယ်”ဟု ဒေါက်တာသူဇာချစ်တင်က ပြောသည်။ ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးသွားပါက တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ၂၀၀ ဝန်းကျင်အထိ စစ်ဆေးနိုင်မည်ဖြစ်ကာ အခြားသော နီးစပ်ရာ ပြည်နယ်များကလည်း […]
ရန်ကုန်တိုင်းအတွင်း မြို့နယ်ခုနစ်ခုတွင် Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်တွင် ညွှန်ကြားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်အတွင်း ၄၉ လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းတို့အား အသွားအလာ ကန့်သတ်မှုများကို စတင်ပြုလုပ်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ထုတ်ပြန်သည့်စာရင်းတွင် ပုဇွန်တောင်မြို့နယ်၌ Covid-19 ပိုး တွေ့ရှိအတည်ပြုလူနာ ခြောက်ဦး ရှိသည်။ #Dailynews
စည်သူ ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း) ရန်ကုန်တိုင်း မှာ ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သူ တစ်ညအတြင်း ၆၄၇ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က စက်တင်ဘာ ၃ရက်က ထုတ်ပြန်ထားပါတယ်။ COVID-19 ဖြစ်ပွားနေတဲ့ ကာလမှာ ရောဂါထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပိုမိုလုပ်ဆောင် နိုင်ဖို့ ဆိုပြီး COVID-19 ကာကွယ်၊ထိန်းချူပ်၊ကုသရေး ဗဟိုကော်မတီက မေလ ၁၅ရက်နေ့ စပြီး ည၁၂နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပါတယ်။ “ကျွန်တော်တို့ အဖွဲ့ ည၁၂နာရီ နောက်ပိုင်း နယ်မြေ အနေနဲ့ […]
အောင်ထူးနိုင် ၂၀၂၀- ရန်ကုန် စက်တင်ဘာ ၂ (မော်ကွန်း) လာမယ့်နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက်ဟာ ယှဉ်ပြိုင်သူစုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းအထိ ပါဝင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ အတွက် ဝင်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦးအထိ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တယ်။ နိုင်ငံရေးပါတီတွေက ပြည်သူလွှတ်တော်အတွက် ၁,၈၆၃ ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်က ၇၁ဦး ဝင်ပြိုင်မယ်လို့ ကော်မရှင်က ပြောပါတယ်။ နိုင်ငံရေးပါတီတွေက အမျိုးသားလွှတ်တော်အတွက် ၉၄၇ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၂၉ ဦး ဝင်ပြိုင်မယ်လို့လည်း ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာတွေအတွက် နိုင်ငံရေးပါတီတွေက ၃,၇၀၀ ဦး၊ တသီးပုဂ္ဂလ […]
စည်သူ ရန်ကုန်-စက်တင်ဘာ ၁ (မော်ကွန်း) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးဌေးအောင်အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးမှာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး က တရားခွင်မှာပြောပါတယ်။ ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေမှူး ဦးချမ်းငြိမ်းအောင် က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၈ရက်က နိုင်ငံရေးပါတီများကိုဖိတ်ကြားပြီး Orchid Hotelမှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲနဲ့ လှုမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုမှာ ဦးဌေးအောင်က အဏာရပါတီဟာ အခြေခံဥပဒေကို ကျော်လွန်ပြီး နိုင်ငံခြားက အထောက်အပံ့ယူခဲ့တယ်ဆိုတာတွေနဲ့ တစ်ခြားအကြောင်းအရာတွေကို ဦးတည်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းကို နိုင်ငံရေးပါတီအသီးသီးက မိုက်ကယ်ကျော်မြင့်၊ ဦးမျိုးညွန့် နဲ့ ဦးကျော်သူအောင်တို့ အပါအဝင် ၁၀ဦးလောက်က ဦးဌေးအောင်ကို လာရောက်ဝန်းရံခဲ့ပါတယ်။ “NLDပါတီနဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က ပြည်ပငွေတွေကို လက်ခံရယူထားတာ ဟုတ် မဟုတ်ဆိုတဲ့ […]
ဂေထော ရန်ကုန်၊၂၀၂၀ စက်တင်ဘာ ၁ (မော်ကွန်း) လာမည့် ၂၀၂၀ ရ္ဂေးကောက်ပွဲအတွက် တရားဝင်နိုင်ငံရေးပါတီများသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ထိန်းချုပ်နယ်မြေများတွင် နယ်မြေခံ အုပ်ချုပ်ရေးတာဝန်ရှိသူများကို ကြိုတင်အကြောင်းကြားပြီး မဲဆွယ်စည်းရုံးနိုင်ကြောင်း ယင်းအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက မော်ကွန်းသို့ပြောသည်။ “သက်ဆိုင်ရာမြို့နယ်ပေါ်မှာရှိတဲ့ RCSS ဆက်ဆံရေးရုံး သို့မဟုတ် မြို့ပြင်ထွက်တာနဲ့ RCSS ရဲ့ တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာမှာ ဆက်သွယ်ပြီး အကြောင်းကြားမှုတွေ၊ နားလည်မှုတွေ၊သဘောတူညီမှုတွေရယ် ညှိညှိနှိုင်းနှိုင်းနဲ့ အဲလိုမျိုးပေါ့”ဟု သူက ဆိုသည်။ RCSS၏ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံ၊မိုင်းကိုင်၊မိုင်းပွန်၊လင်းခေး၊မိုးနဲ၊နမ့်ဆမ်မြို့နယ်များအပါဝင်၊ မြောက်ပိုင်းတွင် ကျောက်မဲ၊သီပေါနှင့်မိုင်းရယ်မြို့နယ်တို့အပါဝင်၊ အရှေ့ပိုင်းတွင် ကျိုင်းတုံ၊တာချီလိတ်၊မိုင်းရှပ်မြို့နယ်တို့အပါဝင် လေးဆယ်ဝန်းကျင်ရှိသည်ဟု ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။ တရားဝင်နိုင်ငံရေးပါတီများသည် RCSS အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း လာရောက်မဲဆွယ်ရာတွင် ရှမ်းပြည်နယ်အရေး၊ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ၊ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၈ (မော်ကွန်း) ရခိုင်ပြည်နယ်ရှိ မြေပုံနှင့် ဘူးသီးတောင်မြို့နယ်မှ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် COVID-19 ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ဆပ်ပြာနှင့် လက်သန့်စင်ဆေးရည်များ လုံလောက်မှုမရှိဟု ယင်းစခန်းတာဝန်ခံများက မော်ကွန်းသို့ပြောသည်။ “စားနပ်ရိက္ခာကတော့ ပြတ်လပ်တော့မယ့်အနေထားဖြစ်နေပြီ။ Mask ဆိုမလုံလောက်ဘူး။ လက်သန့်ဆေးတို့ဘာတို့မရှိဘူး။ဆပ်ပြာဆိုလည်း ဒီအတိုင်းပဲ သိပ်ပြီးတော့ လုံလောက်တဲ့အနေအထားမရှိဘူး ”ဟု မြေပုံမြို့နယ်ရှိ ရက်ချောင်းစစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။ ရခိုင်ပြည်နယ်တွင် ဩဂုတ် ၁၆ ရက်မှစပြီး COVID-19 ရောဂါကူးစက်မှုမြင့်မားနေသည့်အတွက် မြို့နယ်အားလုံးကို Stay at Home အစီစဉ်တွင် အကျုံးဝင်ကြောင်း ဩဂုတ် ၂၆ ရက်က အစိုးရကထုတ်ပြန်ထားသည်။ စစ်ရှောင်ဦးရေ ၃၇၀ ကျော်ရှိသည့် ဘူးသီးတောင်မြို့နယ်၊မြောင်းနားစစ်ရှောင်စခန်းသည်လည်း အဝင်အထွက်အသွားလာကန့်သတ်ထားပြီး “စားနပ်ရိက္ခာကတော့တစ်ပတ်စာလောက်ရှိသေးတယ်။ အခုလောဆယ်တော့ နှာခေါင်းစည်းတို့၊လက်သန့်စင်ဆေးတို့ […]
ရေဂင် ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၈ (မော်ကွန်း) YBS စီးရေနှစ်ထောင်ခန့် နေ့စဉ်ရပ်နားထားရပြီး လစဉ်ကျပ်သိန်း ၂,၄၀၀ လောက် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ CAFT အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက Grand palace Hotel မှာမနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးအာဏာပိုင် (YRTA) လက်အောက်မှာ YBS ကုမ္ပဏီပေါင်း ၁၉ ခု ယာဉ်လိုင်းပေါင်း ၁၃၅ လိုင်း ယာဉ်စီးရေ (၆,၆၀၀) ကျော်ရှိနေပြီး တကယ့်မြေပြင်မှာ ပြေးဆွဲနေတဲ့ ယဉ်စီးရေပေါင်း ၄,၆၀၀ ဝန်းကျင်သာရှိနေတယ်လို့ Citizen Action for Transparency (CAFT) အဖွဲ့ရဲ့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ “ဘာကြောင့် ဒီအစီးနှစ်ထောင်က မထွက်တာလဲ။ စာရင်းပဲရှိပြီး အပြင်မှာတကယ်မရှိတာလား။ […]
စည်သူ ရန်ကုန်-ဩဂုတ် ၂၆ (မော်ကွန်း) COVID-19 အတည်ပြုလူနာအမှတ် ၅၀၆ နေထိုင်တဲ့ရန်ကုန်တိုင်ဒေသကြီး၊ တောင်ဥက္ကလာပ၊ ၁၂ရပ်ကွက်၊ မာဃ(၆) လမ်းက အဆောက်အအုံမှာ နေထိုင်သူတွေကို ရွှေပြည်သာမြို့နယ်၊ကွန်ပျူတာတက္ကသိုလ်မှာ Quarantine ထားဖို့ ဒီနေ့ညနေမှာ ကျန်းမာရေးဝန်ထမ်းတွေက လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။ ရောဂါပိုးတွေ့သူနေထိုင်ရာ မာဃ(၆) လမ်း၊ တိုက်အမှတ် (၆၇၃) မှာ နေထိုင်သူ ၁၁ ဦး၊ လူနာအမှတ် ၅၀၆ နဲ့ထိတွေ့ခဲ့တဲ့ လေးဦး စုစုပေါင်း ၁၅ ဦး ကို လာရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ COVID -19 အတည်ပြုလူနာဟာ သင်္ဘောသားတစ်ဦးဖြစ်ပြီး ယနေ့မနက် ၁:၀၀ နာရီကတည်းက သူ့ကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီကတည်းက မာဃ(၆) လမ်းကို Lock down လုပ်ထားတာဖြစ်တယ်လို့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."