သတင်းများ

ပန်းတနော်မြို့က CB ဘဏ်ဓားပြတိုက်သူကို ဖမ်းမမိသေး

August 14, 2020

ရန်ကုန်- ၂၀၂၀၂ ဩဂုတ် ၁၄ ( မော်ကွန်း) စည်သူ ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က သမဝါယမဘဏ် (CB)ကနေ ငွေကျပ်သိန်း ၁၂၀ ဓါးပြတိုက်သွားတဲ့သူကို မမိသေးဘူးလို့ ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စံက ပြောပါတယ်။ သြဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်ပြ ခြိမ်းခြောက် ဓါးပြတိုက်တဲ့ ဒီအမှုကို စုံစမ်းစစ်ဆေး နေဆဲလို့ ရဲမှူးက ပြောပါတယ်။ ဘဏ်ရဲ့ CCTV မှတ်တမ်းတွေအရ အခင်းဖြစ်တဲ့နေ့ မနက်ပိုင်းမှာ မိုးကာ အကျီအဖြူ ခေါင်းစွပ်လျက် လက်အိတ်အမည်းနဲ့ mask တပ်ထားတဲ့ အမျိုးသားတစ်ဦးက ဘဏ်အတွင်းကို ဝင်ရောက်လာပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ငွေတွေကို လုခဲ့တာပါ။ ဓါးပြတိုက်ခဲ့သူကို မှတ်တမ်းဗီဒီယိုတွေမှာ နောက်ဆုံးတွေ့ခဲ့ရတာက ဝါးခယ်မမြို့နယ်ဘက်ကို သွားတဲ့ လမ်းဆုံမှာ ဖြစ်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်ခံရ

August 13, 2020

အောင်ပိုင် ရန်ကုန် – သြဂုတ် ၁၃၊ ၂၀၂၀ (မော်ကွန်း) ရွေးကောက်ပွဲဆိုင်ရာဖြစ်စဉ်နှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာစောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲစောင့်ကြည့်ခွင့်အား ပိတ်ပင်လိုက်သည်။ ပိတ်ပင်ရသည့် အကြောင်းအရင်းမှာ အသင်းအဖွဲ့မှတ်ပုံတင်မရှိမှုနှင့် ပြည်ပ ရန်ပုံငွေအထောက်အပံ့ ရယူထားခြင်းကြောင့်ဆိုကာ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၏ သတင်းစာရှင်းလင်းပွဲတွင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောသည်။ “အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့တွေက လက်ချိုးရေလို့ ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆို အသင်းအဖွဲ့တွေက လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိတယ်။ မိမိသဘောအရ မှတ်ပုံတင်လိုက တင်နိုင်တယ်။ အရပ်ဘက်အဖွဲ့အစည်းတိုင်းဟာ လေ့လာစောင့်ကြည့်ခွင့်ရှိဖို့လိုတယ်။ မှတ်ပုံတင်ထားတာ ရှိ၊ မရှိပေါ်မူတည်ပြီး ဆုံးဖြတ်တာက မဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။ […]

အပြည့်အစုံဖတ်ရန်

ကိုယ်ဝန်ဆောင်မိခင်များကို ငွေကျပ်သုံးသောင်းထောက်ပံ့မည့်အစီစဥ်၌ MCCT ထောက်ပံ့မှုရှိသည့် တိုင်းနှင့် ပြည်နယ် ခုနှစ်ခု မပါဝင်

August 12, 2020

ဂေထော ရန်ကုန် – ၂၀၂၀ ဩဂုတ် ၁၂ (မော်ကွန်း) COVID-19 ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်တစ်ရပ်အနေနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကျပ်သုံးသောင်းထောက်ပံ့မည့်အစီစဥ်၌ MCCT ထောက်ပံ့မှုရှိသည့် တိုင်းနှင့်ပြည်နယ် ခုနှစ်ခု မပါဝင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးကပြောသည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့မှုအစီစဥ် ( Maternal and Child Cash Transfer – MCCT) တွင် ပါ၀◌င်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင်၊ ရှမ်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်သည်။ “ချင်း၊ရခိုင်၊ကရင်၊ကယားနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ MCCT အကျိုးခံစားခွင့်ရှိသူတွေက ပုံမှန်ထောက်ပံ့ကြေးရတဲ့အပြင် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေဆိုပြီး သုံးသောင်း […]

အပြည့်အစုံဖတ်ရန်

အားကစားပြိုင်ပွဲကျင်းပခွင့် တင်သွင်းလာပါက စိစစ်ခွင့်ပြုသွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ပြော

August 12, 2020

ရေဂင် ရန်ကုန် – ၂၀၂၀ သြဂုတ် ၁၂ (မော်ကွန်း) ကိုဗစ်ကာလအတွင်း ယာယီရပ်ဆိုင်းထားရသောပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အဆိုတင်သွင်းလာပါက စနစ်တကျစိစစ်၍ ခွင့်ပြုချက်များ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့၏ အွန်လိုင်းဆွေးနွေးပွဲတွင်ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “နေရှင်နယ်လိဂ် ပွဲစဉ်ကို ပြန်လည်ကျင်းပဖို့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ လူ (၃၀၀) ကျော်မှာ တစ်ယောက်မှ ရောဂါလက္ခဏာမတွေ့ခဲ့ပါဘူး။ ဒီနေရှင်နယ်လိဂ်ရဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး နောက်ထပ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပမယ့် အခြားပွဲစဉ်တွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆေးပြီး ခွင့်ပြုပေးသွားဖို့ ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝင် ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ […]

အပြည့်အစုံဖတ်ရန်

နှစ်၇၀ပြည့်ကရင်အာဇာနည်နေ့အခမ်းအနားဦးဆောင်သူနှစ်ဦးကိုကျောက်တံတားရဲစခန်းကဖမ်းဆီး

August 12, 2020

သဇင်လတ်၊ စည်သူ ရန်ကုန် – ဩဂုတ် ၁၂ မော်ကွန်း ဒီနေ့ကျင်းပတဲ့ နှစ်၇၀ ပြည့်ကရင်အာဇာနည်နေ့အခမ်းအနားကိုဦးဆောင်ကျင်းပတဲ့ စောဆာကွာလာနဲ့ စသိန်းဇော်မင်းတို့ကိုငြိမ်းစုစီဥပဒေနဲ့ဖမ်းဆီးတာဖြစ်တယ်လို့ သူတို့ကိုဖမ်းခေါ်လာတဲ့ရဲတစ်ဦးကဆိုပါတယ်။ သူတို့နှစ်ဦးကိုဘယ်ပုဒ်မနဲ့စွဲတယ်ဆိုတာကိုတော့‌ကျောက်တံတားရဲစခန်းကတိတိကျကျပြောဆိုခြင်းမရှိသေးပါဘူး။ ဒီနေ့ကျင်းပတဲ့အခမ်းအနားကိုဦးဆောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ကိုစောကျော်လင်းကတော့ သူတို့အာဇာနည်နေ့အခမ်းအနားကျင်းပနေစဉ်မှာ ရဲတွေရောက်လာပြီး စခန်းကိုခဏလောက်လိုက်ခဲ့ရန်သာခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ရဲစခန်းရှေ့ရောက်မှ ငြိမ်းစုစီနဲ့တရားစွဲဆိုတာကိုသိရတယ်လို့ဆိုပါတယ်။ ဒီနှစ်မှာကရင်အာဇာနည်နေ့ကျင်းပနိုင်ဖို့ဦးဆောင်သူတွေကရဲစခန်းနဲ့ညှိနှိုင်းခဲ့စဉ်က ကိုဗစ်၁၉ ကာကွယ်ရေးအတွက် လူ၁၅ ဦးထက်ပိုမစုဖို့အကြောင်းတွေသာပြောဆိုခဲ့ပြီး ငြိမ်းစုစီနဲ့ပက်သက်လို့ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဦးဆောင်သူတွေကဆိုပါတယ်။ ဒီနေ့ကျင်းပတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို မနက် ၈ နာရီကနေ ညနေနီနှစ်နာရီအထိကျင်းပဖို့လုပ်ထားပေမယ့်ဦးဆောင်သူ‌တွေကိုဖမ်းပြီးနောက်မှာ ရဲတွေကအခမ်းအနားကိုဖျက်ဖို့ ညွှန်ကြားလာပါတယ်။ ဦးဆောင်သူတွေကတော့ ပွဲကိုအစီအစဉ်အတိုင်းဆက်လက်ကျင်းပမယ်လို့ဆိုပါတယ်။ မနှစ်ကလည်း ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနဲ့ စသိန်းဇော်မင်းတို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေဖောက်ဖျက်မှုနဲ့ တရားစွဲဆိုဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

သုံးနှစ်ဆက်တိုက် အောင်ချက်သုည ချင်းပြည်နယ်အထက်တန်းကျောင်းမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတစ်ဦးအား ဒေသခံများဂုဏ်ပြုမည်

August 11, 2020

အောင်ပိုင် ရန်ကုန် – သြဂုတ် ၁၁၊ ၂၀၂၀ (မော်ကွန်း) သုံးနှစ်ဆက်တိုက် တက္ကသိုလ်ဝင်တန်း အောက်ချက်သုညဖြစ်နေခဲ့သော ချင်းပြည်နယ်၊ ဝေဘူလမြို့နယ် အထက်တန်းကျောင်းတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသားတစ်ဦးအား ဂုဏ်ပြုပွဲအခမ်းနားလုပ်ပေးမည်ဟု ထိုကျောင်းမှကျောင်းအုပ်ဆရာက ပြောသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းကို စုစုပေါင်းကိုးယောက် ဝင်ရောက်ဖြေဆိုခဲ့ရာ ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ခဲ့သူ တစ်ဦးပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ကျောင်းအုပ်ဆရာ ဦးကျော်လင်းအောင်က “ကျွန်တော်တို့ ကျောင်းသားတွေက တခြားမြို့က ကျောင်းတွေကို ပြောင်းသွားပြီး အောင်သွားကြတယ်။ ဒီမှာက အောင်ဖို့အလားအလာနည်းတဲ့ ကျောင်းသားတွေပဲ ကျန်ခဲ့တာများတယ်။ ဒီနှစ်တော့ နှစ်ယောက်မှန်းတာ တစ်ယောက်အောင်သွားတယ်။ ဒီကဆရာ၊ ဆရာမတွေ ညဘက်စာဖတ်ဝိုင်းလုပ်ပြီး စာပြပေးခဲ့ကြရတယ်။ ခုတအားဝမ်းသာနေကြတယ်” ဟု ပြောသည်။ ယင်းကျောင်းသားအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဒေသခံများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မနက်ဖြန်တွင် ကျင်းပမှာဖြစ်ပြီး ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေငါးသောင်းကျပ် […]

အပြည့်အစုံဖတ်ရန်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၁၆ ဦးတွင် အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါ၀င်မည်

August 11, 2020

သဇင်လတ် ရန်ကုန် – သြဂုတ် ၁၁(မော်ကွန်း) လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)မှ ကိုယ်စားလှယ်လောင်း ၁၆ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းပါဝင်သည်ဟု ပါတီဌာချုပ်မှ ထုတ်ပြန်သည်။ သတ်မှတ်ထားသည့် ကိုယ်စားလှယ်လောင်းအရည်အချင်းတူနေလျင် လူငယ်၊ အမျိုးသမီး ၊ တိုင်းရင်းသား၊ တက်ကြွလှုပ်ရှားသူများနှင့် လူနည်းစု/လူမျိုးစုကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်ခြင်းဖြစ်သဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ငါးဆယ်ရာခိုင်နှုန်းဖြစ်ရခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ကပြောသည်။ “ပါတီ၀င်ဖြစ်ရမယ်၊ ပါတီရဲ့မူ၀ါဒတွေလုပ်ငန်းစဉ်တွေ မဟာမိတ်ဆက်ဆံတဲ့လူတွေကိုအာမခံနိုင်ရမယ်၊ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ရမယ်၊ ဒေသဆိုင်ရာပြည်သူလူထုရဲ့တစ်စုံတရာယုံကြည်ကိုးစားခြင်းခံရတဲ့ သူတွေဖြစ်ရမယ်၊ နိုင်ငံ‌ရေးစီးပွားလူမှုရေးနယ်ပယ်တွေမှာကျွမ်းကျင်နှံ့စံ့တဲ့တစ်စုံတရာရှိရမယ် ဆိုပြီးတော့ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ထားတယ်”ဟု ၎င်းကရှင်းပြသည်။ ကိုယ်စားလှယ်လောင်းအဖြစ်၀င်ရောက်ယှဉ်ပြိုင်ရန်လျှောက်ထားသူ ၅၀ ဦးခန့်ရှိခဲ့ပြီး ပါတီကသတ်မှတ်ထားသည့်အရည်အချင်းနှင့်ပြည့်စုံသူ ၁၆ ဦးသာရွေးချယ်ခဲ့ပြီး အမျိုးသမီးကိုယ်စားလှယ် လောင်းရှစ်ဦး၊ လူငယ်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် လူနည်းစု/လူမျိုးစုကိုယ်စားလှယ်လောင်းငါးဦး ပါ၀င်သည်။ […]

အပြည့်အစုံဖတ်ရန်

COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ၂၅ ရက် ဆက်တိုက်ကင်းစင်

August 11, 2020

စည်သူ ရန်ကုန် -၂၀၂၀ ဩဂုတ် ၁၁ (မော်ကွန်း) မြန်မာနိုင်ငံမှာ COVID -19 ရောဂါပိုးကို ပြည်ပက ပြန်လာသူများထံမှာပဲတွေ့ရှိနေပြီး ပြည်တွင်းကူးစက်မှု မရှိတာ ၂၅ ရက်ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အသွားအလာကန့်သတ်ထားရာကနေ ဇူလိုင် ၁၆ ရက်မှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၃၃၉ ဟာ ပြည်တွင်းကူးစက်မှု နောက်ဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဆနေလို့မရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ “နိုင်ငံတကာပြန်ကြည့်မယ်ဆိုရင် အရမ်းကြောက်စရာကောင်းတယ်။ ကျွန်တော်တို့နိုင်ငံကလည်း ပေါ့လို့မရသေးဘူး၊ အချိန်မရွေး ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပြောလို့မရသေးဘူး၊ လူစုမယ်ဆိုရင် အင်မတန်အန္တရာယ်များတယ်။ ဒီမှာတွေ့နေတဲ့ ပိုးတွေ့လူတွေကလည်း ၆၀ရာခိုင်နှုန်းက ရောဂါလက္ခဏမပြဘူး။ အဲ့လိုမျိူး ပိုးရှိတဲ့ လူတွေကလည်း ပိုးတွေကို ဖြန့်ဖြူးတဲ့အနေအထားဖြစ်နိုင်တယ်” […]

အပြည့်အစုံဖတ်ရန်

ကိုယ်ရေးအချက်အလက်လုံခြုံရေးဥပဒေပြဋ္ဌာန်းရန် အရပ်ဘက်အဖွဲ့အစည်းများ အကြံပြု

August 10, 2020

အောင်ပိုင် ရန်ကုန် – သြဂုတ် ၁၀၊၂၀၂၀ (မော်ကွန်း) မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စနစ်ကို တွင်ကျယ်စွာအသုံးပြုလာကြသော်လည်း ကိုယ်ရေးအချက်အလက်လုံခြုံရေးနှင့် သက်ဆိုင်သည့် ဥပဒေမရှိသေးသောကြောင့် ပြဋ္ဌာန်းပေးရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက အကြံပြုသည်။ နည်းပညာအခွင့်အရေးများအကြောင်း မျှဝေပေးနေသော Myanmar ICT for Development Organization (MIDO)၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသော PEN Myanmar၊ အသံအဖွဲ့နှင့် အခြားသော အရပ်ဘက်အဖွဲ့အစည်း ဆယ်ဖွဲ့ကျော်က ပြုစုပြီး သြဂုတ် ၆ ရက်က ဖြန့်ဝေလိုက်သည့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေအား အကဲဖြတ်ချက် စာတမ်းတွင် အကြံပြုထားခြင်းဖြစ်သည်။ MIDO ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်က “အစိုးရက Digital ID တွေ၊ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေသိမ်းဖို့ Database တွေ လုပ်နေတာရှိတယ်။ အဲ့လို […]

အပြည့်အစုံဖတ်ရန်

တက္ကသိုလ်ဝင်တန်းအောင်ချက် ပြီးခဲ့သည့်နှစ်ကထက် ၁ ရာခိုင်နှုန်းပိုများ

August 9, 2020

အောင်ပိုင် ရန်ကုန် – သြဂုတ် ၉၊၂၀၂၀ (မော်ကွန်း) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်သည် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ၁ ရာခိုင်နှုန်းပိုများသည်။ အောင်ချက်အများဆုံးဒေသမှာ ၃၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည့် မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး အနည်းဆုံးဒေသမှာ အောင်ချက်၂၀ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖြစ်သည်။ အောင်ချက်ဒုတိယအနည်းဆုံးဒေသမှာ ချင်းပြည်နယ်ဖြစ်ပြီး ၂၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် အောင်ချက်၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိပြီး အစိုးရဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်တွင် အောင်ချက် ၃၂ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည်။ ကိုဗစ် – ၁၉ လူနာအများဆုံးတွေ့ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် […]

အပြည့်အစုံဖတ်ရန်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ရွေးကောက်ပွဲမဝင်တော့

August 8, 2020

စည်သူ ရန်ကုန် -၂၀၂၀ ဩဂုတ် ၈(မော်ကွန်း) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းဟာ ခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်မယှဉ်ပြိုင်တော့ဘူးလို့ ဒီကနေ့ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ဖြူးမြို့နယ်ဟာ ဇာတိမြေဖြစ်တယ်။ ၂၀၁၅တုန်းကလည်း မိမိရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်မည်ဆိုရင်တောင် နံပတ် ၁ဦးစားပေးကာ ကိုယ်ရှုံးခဲ့တဲ့ မဲဆန္ဒနယ်မှာ ဝင်ပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ဒီမဲဆန္ဒနယ်မှာ ဒီကနေ့ UBPကိုယ်စားလှယ် လျာထားတဲ့သူတွေဟာ အောင်နိုင်ခြေများတဲ့ အတွက် ဝင်မပြိုင်တာဖြစ်တယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။ UBP ပါတီဟာ တစ်နိုင်ငံလုံးက မဲဆန္ဒနယ်တွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားလှယ်လောင်း ၉၂၇ ဦးနဲ့ တိုင်းနဲ့ပြည်နယ် အားလုံးရဲ့ ၂၆၁ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ […]

အပြည့်အစုံဖတ်ရန်

၂၀၁၅ ရ္ဂေးကောက်ပွဲထက် လာမည့်ရ္ဂေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၂၀ ဝန်းကျင် လျော့

August 7, 2020

ဂေထော ရန်ကုန် – ၂၀၂၀ ဩဂုတ် ၇ (မော်ကွန်း) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ယခုလာမည့် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၃၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ယင်းပါတီမှ တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က မော်ကွန်းသို့ ပြောသည်။ “ တစ်ချို့နေရာတွေမှာ ကျွန်တော်တို့ မပြိုင်ဖြစ်တာလည်းပါတာပေါ့ဗျာ။ ဟိုတုန်းကဆို ကယားထဲမှာလည်း နေရာတော်တော်များများ ဝင်တာရှိတယ်။တစ်ချို့နေရာတွေပေါ့။ ဒီတစ်ခေါက်ကျတော့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ဝင်မပြိုင်ခိုင်းဘူး။ တစ်ချို့နေရာတွေကျတော့ ကျွန်တော်တို့စိတ်ကြိုက် ကိုယ်စားလှယ်လောင်းတွေမရတဲ့အတွက် ဝင်မပြိုင်ခိုင်းဘူး။ ဒါကြောင့် အရေအတွက်တော့ နည်းနည်းလျှော့သွားတာပေါ့ဗျာ” ဟု သူကပြောသည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၄၅ ခုတွင် တိုင်းရင်းသားမဲဆန္ဒနယ် သုံးနေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် […]

အပြည့်အစုံဖတ်ရန်
1 … 256 257 258 259 260 261 262 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."