သတင်းများ

COVID အရှိန်မြင့်လာသော်လည်း ပုံမှန်အတိုင်းလည်ပတ်နေတဲ့ရန်ကုန်

August 27, 2020

ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၆ (မော်ကွန်း) ၂၄ နာရီအတွင်း COVID-19 ရောဂါပိုးရှိသူ ၁၀၀ အထိ စံချိန်တင်ထွက်ပေါ်လာခဲ့ပြီးနောက် ဒုတိယ COVID-19 ရောဂါလှိုင်း မြန်မာပြည်တွင် စတင်ပြီဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။ ရောဂါပိုးတွေ့ရှိသူအများစုသည် ရခိုင်ပြည်နယ်တွင် ဖြစ်သည်။ ယခုတဖန် ခေါင်းထောင်ထလာသည့် ဗိုင်းရပ်စ်ကူးစက်မှုသည် ပြည်တွင်းကူးစက်ခံရမှုအများဆုံးဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနကလည်း မနက်ဖြန်မှ စတင်ကာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းများကို ပြန်ပိတ်မည် ဖြစ်သည်။ ဒုတိယအကြိမ် တစ်ရှိန်ထိုးမြင့်တတ်လာသည့် COVID-19 ရောဂါပိုးကူးစက်မှုကာလ ရန်ကုန်မြို၏ ယနေ့ မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။ ဓါတ်ပုံ – ဖြိုးထက်အောင် #Dailynews

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်ကို Stay at Home သတ်မှတ်မည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော

August 26, 2020

ဂေထော ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၆ (မော်ကွန်း) ၁၀ ရက်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၇၀ ကျော်တွေ့ရှိပြီးနောက် ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home (နေအိမ်တွင်းနေထိုင်မှု) သတ်မှတ်မည်ဟု ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက မော်ကွန်းကို ပြောသည်။ “Stay Homeပေါ့။ အဲဒါအကုန်လုံး Stay Homeပဲ။ မထွက်ရ။ ကိုယ့်အိမ်ကိုယ်နေ။ တစ်ပြည်နယ်လုံး Stay Home ခိုင်းမှာ” ဟု သူက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် ၁၀ မြို့နယ်တွင် ဩဂုတ် ၁၆ ရက်မှ စတင်ခဲ့သော COVID-19 ရောဂါပိုး တွေ့ရှိသူ လူနာစာရင်းသည် ယနေ့နံနက်ပိုင်းအထိ ၁၇၆ […]

အပြည့်အစုံဖတ်ရန်

ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအားလုံး ပြန်ပိတ်မည်

August 26, 2020

သဇင်လတ် ရန်ကုန် – ဩဂုတ် ၂၆ (မော်ကွန်း) COVID – 19 ကူးစက်မှုများ စံချိန်တင်ပြန်လည်မြင့်တက်လာပြီးနောက် မနက်ဖြန်မှစတင်ကာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအားလုံး ယာယီ ပိတ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက မော်ကွန်းသို့ပြောသည်။ “ရန်ကုန်တိုင်းတစ်တိုင်းတည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံး မနက်ဖြန် နံနက်ကစပြီး ယာယီ ပိတ်သိမ်းဖို့အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီကနေပြီး လမ်းညွှန်ထားတာဖြစ်ပါတယ်”ဟု သူက ပြောသည်။ လတ်တလော တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်း ၆, ၅၂၆ ရှိပြီး အကုန်လုံး ပိတ်မည်ဖြစ်ကာ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကိုမူ မသိရသေးပါ။ ရန်ကုန်တိုင်းဒေသကြီး COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၎င်း၏ Facebook စာမျက်နှာတွင် […]

အပြည့်အစုံဖတ်ရန်

တရားသူကြီးရောက်မလာသဖြင့် Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တရားစွဲဆိုခံရသည့်အမှု ပြန်လည်ရက်ရွှေ့

August 25, 2020

ရေဂင် ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၅ (မော်ကွန်း) အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၆ (ဃ)/ ၄၇ ဖြင့်တရားစွဲဆိုခံထားရသည့် Gust Myanmar အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ၏ ယနေ့ ရှစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားသူကြီး မရောက်လာသဖြင့် လာမည့် စက်တင်ဘာ ၁၅ ရက်သို့ ရုံးချိန်း ထက်မံရွေ့ဆိုင်းလိုက်သည်။ “ဒီနေ့ ရုံးချိန်းကတော့ တရားသူကြီးရောက်မလာတဲ့အတွက် ရုံးချိန်ရောက်လာတဲ့သူ၊ ပျက်ကွက်တဲ့သူ စာရင်းကောက်ပြီး နောက်လ ၁၅ ရက်နေ့ကို ရက်ချိန်းပေးပြီး ပြန်လွှတ်လိုက်တာပဲ” ဟု အလုပ်သမား သမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။ အဆိုပါ Gust Myanmar မှ အလုပ်သမား ၉၇ […]

အပြည့်အစုံဖတ်ရန်

စစ်ရှောင်စခန်းကို လာရောက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိထားသော်လည်း ဒုက္ခသည်များကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးမှု မရှိသေး

August 25, 2020

ဂေထော ရန်ကုန်- ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း) စစ်ရှောင်စခန်းကို လာရောက်ကူညီခဲ့သည့် ကျန်းမာရေးဝန်ထမ်းသုံးဦးတွင် COVID-19 ရောဂါ ပိုး တွေ့ရှိထားသော်လည်း ဒုက္ခသည်များကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးမှု မရှိသေးသည့်အတွက် စိုးရိမ်ပူပန်နေရကြောင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်ရှိ ပီပင်ရင်းစစ်ရှောင်စခန်းက ဦးအောင်စိန်ဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Relief International အဖွဲ့မှ ဝန်ထမ်းသုံးဦးသည် COVID-19 လူနာအမှတ် ၄၀၈၊ ၄၄၀ နှင့် ၄၄၁ အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားသူများဖြစ်သည်။ Relief International အဖွဲ့မှလည်း ထိုဝန်ထမ်းများသည် လွန်ခဲ့သောနှစ်ပတ်အတွင်း၌ မြောက်ဦးမြို့နယ်ရှိ ရခိုင်စစ်ဘေးရှောင်စခန်းငါးခု ကိုသွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မူအကူအညီပေးခဲ့သူများဖြစ်ကြောင်း သြဂုတ် ၂၃ ရက်တွင် […]

အပြည့်အစုံဖတ်ရန်

သံလွင်မြစ်ရေကြီးမှုကြောင့်ကရင်ပြည်နယ်တွင်ရေဘေးဒုက္ခသည်လေးထောင်နီးပါးရှိလာ

August 25, 2020

စည်သူ ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း) သံလွင်မြစ်ရေကြီးတာကြောင့် ကရင်ပြည်နယ်ထဲက မြို့နယ်လေးခုမှာ လူလေးထောင်နီးပါး(၃,၉၂၀) ရေဘေးသင့်နေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မော်ကွန်းကိုပြောပါတယ်။ လှိုင်းဘွဲ့ မြို့နယ်မှာ လူဦးရေ ၂,၄၀၀ကျော်၊ ဘားအံမြို့မှာ ၁,၂၀၀ကျော်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၈၀ ကျော်နဲ့ ကောကရိတ်မြို့နယ်မှာ ၃၀ ကျော် ရေဘေးသင့်နေတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ သြဂုတ် ၂၃ ရက်က စပြီး သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ခဲ့တာကြောင့် မြို့ပေါ်က အိမ်ထောင်စု ၂၆၆ စုကို ကယ်ဆယ်ရေးစခန်းငါးခုဖွင့်ပြီး ရွှေ့ပြောင်းထားရတယ်လို့ ဘားအံမဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က မော်ကွန်းကိုပြောပါတယ်။ “အကုန်လုံး […]

အပြည့်အစုံဖတ်ရန်

တာမွေမြို့နယ်၊ သာယာရွှေပြည်လမ်း၊ ပျဉ်ထောင်လေးထပ်တိုက်တစ်လုံးမီးလောင်

August 25, 2020

ဂေထော ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း).. ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေလေးကုန်းဆင်း၊ သာယာရွှေပြည်လမ်းထိပ်ရှိ ပျဉ်ထောင် လေးထပ်တိုက် ယနေ့မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဒုတိယထပ်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။ မီးလောင်ကျွမ်းမှု level 2 ဖြင့် ၃နာရီ ၄၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လေးထပ်တိုက်တစ်တိုက်လုံး မီးလောင်ဆုံးရှုံးခဲ့ကာ အနီးရှိ တိုက်များသို့ မီးကူးစက်မှုရှိခဲ့သည်။ ယခုမီးလောင်မှုတွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိသေးကြောင်း မီးလောင်မှုသို့လာရောက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မေးမြန်းချက်မှ သိရသည်။ ဓါတ်ပုံ – ဂေထော #Dailynews

အပြည့်အစုံဖတ်ရန်

သတ္တမတန်းသင်ရိုးသစ်မြန်မာစာတွင် အင်းလေးဒေသနှင့်ပတ်သက်သည့် ဖော်ပြချက်အမှားများကို ပြန်လည်ပြင်ဆင်ပေးမည်

August 25, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း) သတ္တမတန်းသင်ရိုးသစ် မြန်မာစာဖော်ပြချက်တွင် အင်လေးဒေသနှင့်ပတ်သက်သည့် အချက်အလက်အမှားများကို ပြန်လည်ပြင်ဆင်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။ သတ္တမတန်းသင်ရိုးသစ် မြန်မာစာ၏ စာမျက်နှာ ၅ နှင့် ၆ တွင် ဖော်ပြထားသည့် ‘နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်တယ်’ ခရီးသွားဆောင်းပါး၏ သရုပ်ဖော်ပုံသည် အင်းသားတိုင်းရင်းသား ရိုးရာဝတ်စုံကွဲလွဲခြင်း၊ အင်းလေးကန်ကို ဝန်းရံလျက်ရှိသော ရွာကြီးလေးရွာဖြစ်သည့် နန်းပန်ရွာ၊ နောင်တောရွာ၊ ဟဲယာရွာမနှင့် ရွာကြီးဘန့်ပုံအမည်များ မှားယွင်းခြင်းများ ဖြစ်ပေါ် နေသည်။ ဒါအပြင် အင်းလေးကန်ပတ်ဝန်းကျင်၌ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုးတိုင်းရင်းသားများကိုသာဖော်ပြပြီး အင်းသားတိုင်းရင်းသားကို ဖော်ပြမှုမရှိခြင်း၊ ထိုနေရာတွင်လည်း ပအိုဝ်းကို ပအို့ဝ်ဟု လွဲမှားစွာဖော်ပြခြင်း၊ […]

အပြည့်အစုံဖတ်ရန်

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းအတွင်း ရေကြီးသဖြင့် ရေလွတ်ရာသို့ ပြောင်းရွေ့

August 24, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၄ (မော်ကွန်း) ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း သံလွင်မြစ်ရေ တက်လာသဖြင့် စစ်ဘေးရှောင်များအား ယင်းစခန်းအတွင်းရှိ ဓမ္မာရုံသို့ ပြောင်းရွေ့ပေးနေကြောင်း အကူအညီပေးနေသူ သူနာပြုဆရာမ နော်နန်းသဇင်က ပြောသည်။ အိမ်ခြေ ၁၅၆ လုံးနှင့် လူဦးရေ ၉၅၈ ဦးရှိ ၎င်းစစ်ရှောင်စခန်းမှ ရေဘေးသင့်သူများကို စက်လှေသုံးစီးဖြင့် ဓမ္မာရုံသို့ ပြောင်းရွေ့ပေးလျက်ရှိပြီး Covid – 19 ရောဂါ မဖြစ်ပွားစေရန်လည်း ကျန်းမာရေးဌာနက တတ်နိုင်သလောက် ကူညီပေးနေသည်ဟု ၎င်းက ပြောသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲ နှစ်နာရီ ထုတ်ပြန်ချက်အရ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကြာအင်းဆိပ်ကြီးမြို့တွင် ၄ ဒသမ ၉၀ လက်မနှင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်။ […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ခုနစ်ထောင်ကျော် တင်သွင်း၊ တစ်သီးပုဂ္ဂလ နှစ်ရာကျော်ပါဝင်

August 24, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၄ (မော်ကွန်း) လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း ခုနစ်ထောင်ကျော် တင်သွင်းထားသည်ဟု အစိုးရမီဒီယာဖြစ်သည့် MRTV က ဩဂုတ် ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၄)ခုတွင် ရှမ်းပြည်နယ်က ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ၁,၀၃၇ ဦးဖြင့် ပထမ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ၉၅၆ ဦးဖြင့် ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက ၆၈၄ ဦးဖြင့် တတိယအများဆုံးဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ ယင်းစာရင်းများကို အတည်ပြုပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်၏ ရုံးဖုန်းနှင့်လက်ကိုင်ဖုန်းများကို မော်ကွန်းက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။ ကိုယ်စားလှယ်လောင်း […]

အပြည့်အစုံဖတ်ရန်

မင်္ဂလာဈေး တည်ဆောက်မှု ၅၄ရာခိုင်နှုန်း ပြီးစီး

August 23, 2020

စည်သူ ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၃ (မော်ကွန်း) ပြီးခဲ့တဲ့ လေးနှစ်ကျော်က မီး‌ဘေးသင့်ခဲ့တဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိတဲ့ မင်္ဂလာဈေး ပြန်လည် တည်ဆောက်မှု ၅၄ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်တယ်လို့ ကုမ္ပဏီဘက်ကတာဝန်ရှိသူက ပြောပါတယ်။ ” ကိုဗစ်က ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး၊ ဒါကြောင့် ပြီးမယ့်အချိန်က ၂၀၂၁ ဇူလိုင်လ လယ်လောက်ကို ရွှေ့သွားပြီ။ နောက်ဆက်လုပ်ရမဲ့ အလုပ်တွေမှာလည်း ကျွန်တော်မျှော်မှန်းသလောက် အင်းနဲ့အားနဲ့ လုပ်လို့မရသေးဘူး၊ ကိုဗစ်သက်တမ်းက ရှည်လေ ဆောက်လုပ်တဲ့ အချိန်ကလဲ နောက်ဆုတ်သွားနိုင်တယ်”လို့ ဆန်းမြတ်ထွန်း ကုမ္ပဏီ ဥက္ကဌ ဒေါက်တာနေလင်းထွန်းက ပြောပါတယ်။ အဆိုပါဈေးကို ဆန်းမြတ်ထွန်းကုမ္ပဏီ က ပုဂ္ဂလိကနှင့် အကျိူးတူ ပူးပေါင်းဆောက်ရွက်ချင်း (PPP)စနစ်နဲ့ ၁၅ထပ်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ “ဒီဈေးကြီးကို ဆောက်လုပ်တဲ့ […]

အပြည့်အစုံဖတ်ရန်

ဆန်တင်ပို့မှုလျာထားချက်ပြည့်မယ်လို့ဆို၊ အရန်ဆန်ကိုဈေးနှုန်းသက်သာစွာ အစိုးရရောင်းချပေးနေ

August 21, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀၊ သြဂုတ် ၂၁ (မော်ကွန်း) ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေပေမယ့် ဒီနှစ်အကုန်မှာ မျှော်မှန်းထားတဲ့ ဆန်တင်ပို့မှုကို ပြည့်မီအောင်ဆောင်ရွက်နိုင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဠ ဦးရဲမင်းအောင်က ပြောပါတယ်။ လက်ရှိအချိန်အထိ ဆန်တန်ချိန် ၂ ဒဿမ ၃ သန်းကျော်တင်ပို့ထားနိုင်ပြီး စက်တင်ဘာမှာကုန်မယ့် ဒီဘဏ္ဍာနှစ်အဆုံးမှာ မျှော်မှန်းထားတဲ့ ဆန်တန်ချိန် ၂ ဒဿမ ၄ သန်းကို ပြည့်မှီသွားဖို့ရှိတယ်လို့ ဒီနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ သူက ပြောပါတယ်။ “ ဝင်ငွေအားဖြင့်လည်း ဒီနှစ်ကျနော်တို့ ဆန်တင်ပို့မှုကနေ (မနှစ်ကထက်) ဒေါ်လာသန်း ၁၀၀ ကျော် ပိုရထားပါတယ်။ အခုအချိန်အထိ ဒေါ်လာ သန်း ၇၀၀ ကျော် ရထားပြီး စက်တင်ဘာလကုန်လောက်ကျရင် သန်း ၈၀၀ ကျော်အထိ […]

အပြည့်အစုံဖတ်ရန်
1 … 254 255 256 257 258 259 260 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."