ရေဂင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း)
ရန်ကုန်တွင် ဒုတိယအကြိမ် COVID – 19 ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက် မြို့ပတ်ရထား အသုံးပြုသူ အရေအတွက် ရုတ်တရက်ထိုးကျသွားသည်ဟု ရန်ကုန်ဘူတာကြီးက ရုံပိုင်မှူး ဦးသောင်းထိုက်က ပြောသည်။
ယခင်ကဆိုလျှင် ရန်ကုန်မြို့ပတ်ရထားစီးခရီးသည် သည် နေ့စဉ် တစ်သောင်းကျော်အထိ ရှိခဲ့ သည်ဟု သူက ပြောသည်။ ယင်းနောက် COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ဧပြီမှ ဩဂုတ်လကုန်အထိ နေ့စဉ် ပျမ်းမျှ ခရီးသည် နှစ်ထောင်ခန့်သာ စီးနင်းတော့သည်ဟု ဦးသောင်းထိုက်က ရှင်းပြသည်။
“ စက်တင်ဘာ တစ်ရက်နေ့က စပြီးတော့ပေါ့။ ရထားစီးတဲ့ခရီးသည်က ထက်ဝက်လောက်ကို လျော့ကျသွားတာ။ မနေ့ကဆိုရင် ရထားစီးတဲ့သူ (၁၂၀၁) ယောက်ပဲရှိတော့တယ်”ဟု ဦးသောင်းထိုက်က ပြောသည်။
လက်ရှိတွင် မြို့ပတ်ရထားပြေးဆွဲမှုမှာ နေ့စဉ်အခေါက်ရေ (၅၂) ကြောင်း မြို့ပတ် ပြေးဆွဲနေပြီး ရောဂါကာလမ မတိုင်မီက အခေါက်ရေ (၂၂၀) အထိ နေစဉ် ပြေးဆွဲခဲ့သည်။
မြန်မာ့မီးရထားလုပ်ငန်း၏ COVID-19 ကာလအတွင်း အရှုံးအမြတ်အခြေအနေများကိုမူ ဦးသောင်းထိုက်က စာရင်းအင်းဆိုင်ရာ ကိစ္စဖြစ်သည့်အတွက် မသိရှိကြောင်း ပြောသည်။
ဓါတ်ပုံ – ရေဂင်
စက်တင်ဘာ သုံးရက် ယနေ့တွင် ရန်ကုန်ဘူတာကြီး၌ တွေ့ရှိရသည့် မြို့ပတ်ရထားတစ်စီး။
#Dailynews

