သတင်းဓာတ်ပုံ – ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း)





နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာ၊အလယ်တန်းကျောင်း မဲရုံ ၁ နှင့် မဲရုံ ၂ တို့တွင် ဆန္ဒမဲပေးနေကြသည်။
မဲရုံ ၁ တွင် မဲပေးခွင့်ရှိသူ ၈၇၀ ကျော်ရှိပြီး မဲရုံ ၂ တွင် မဲပေးခွင့်ရှိသူ ၃၅၀ကျော်ရှိသည်။မဲလာပေးမည့် သူများကို မဲရုံပရဝုဏ်အပြင်၌ Social Distancing သုံးပေအခြား စောင့်ဆိုင်းစေခဲ့သည်။
မဲရုံအဝင်ဝတွင် ဟန်းဂျယ်များဖျန်းပေးခြင်း၊နှာခေါင်းစည်းများနှင့်Face Shield များ ဝေပေးခြင်းတို့အပြင် မဲရုံအတွင်းသို့ မဝင်ခင် အပူချိန်တိုင်းတာသည်။
ဝါးသိင်္ခကျေးရွာအုပ်စု၌ မဲရုံ သုံးရုံရှိပြီး မဲပေးခွင့်ရှိသူ ၁,၉၀၀ ကျော်ရှိကြောင်း ယင်းကျေးရွာ၏ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဌ ဦးအောင်ဇာဇာဟိန်းက မော်ကွန်းသို့ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်၊မဲဆန္ဒနယ်၌ ကိုယ်စားပြုပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပါ ဝါးသိင်္ခကျေးရွာ၌ တစ်ညတာနေထိုင်ခဲ့သည်။
ယင်းကျေးရွာရှိ မိသားစုဝင်တစ်စု၏အိမ်ထောင်စုစာရင်းဝင်ရန် ကြိုးစားခဲ့ပြီး အကြောင်းကြောင်းကြောင့် မိသားစုဝင်မဖြစ်ခဲ့ရပေ။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှပင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
#Dailynews

