ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၉ (မော်ကွန်း)
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်မဲဆန္ဒနယ်များရှိ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ပြည်နယ်လွှတ်တော် အမှတ် ၁နှင့် အမှတ် ၂ တို့ တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိသည်ဟု ယင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်က မော်ကွန်းသို့ပြောသည်။
“လေးနေရာအောင်သွားတယ်လေ။အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊ပြီးတော့ ပြည်နယ် ၁ ရယ်၊ပြည်နယ် ၂ ရယ်ပေါ့၊အကုန်လုံးအောင်သွားပါတယ်”ဟုသူက ဆိုသည်။
မဲအရေအတွက်စာရင်းကို မော်ကွန်းမှ မာန်အောင်မြို့နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ထပ်မံမေးမြန်းရာတွင် မဲရလဒ်အရေအတွက်ကို မမှတ်မိကြောင်းဆိုသည်။
ယင်းမြို့နယ်တွင် အနိုင်ရရှိသည့် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သန်းထံ ဆက်သွယ်ရာတွင် ပြည်သူ့လွှတ်တော်တွင် ၁၅,၀၆၇ မဲ၊အမျိုးသားလွှတ်တော်တွင် ၁၃,၆၅၀ မဲ၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ၇၈၉၃ မဲနှင့် အမှတ် ၂ တွင် ၅၇၄၁ မဲတို့ဖြစ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းမြို့နယ်တွင် မဲရုံပေါင်း ၃၁ ရုံရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၅၅,၆၀၀ ကျော်ရှိသည်။
မာန်အောင်မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ်လုံးနှင့်ကျန်ရှိသည့် လေးမြို့နယ်မှ ရပ်ကွက်၊ကျေးရွာအုပ်စု ၁၄၅ ခုတို့ကို ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
ပုံစာ – ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးဆောင်သော ရွေးကောက်ပွဲအောင်နိုင်ရေးအင်အားဖြည့်တပ်ဖွဲ့ မာန်အောင်မြို့သို့ရောက်ရှိကာ ထောက်ခံသူများ အားပေးကြိုဆိုနေမှုကို အောက်တိုဘာ ၃၀ ရက်တွင် တွေ့စဉ်။
ဓာတ်ပုံ – ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ
#Dailynews

