မိုးကုတ် – ၂၀၂၁ ဇွန် ၂၈(မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ နောက်ဆုံးရရှိတဲ့သတင်းအချက်အလက်အရ COVID – 19 အတည်ပြုလူနာ ၅၉ဦးထိရှိလာပြီး သုံးဦးသေဆုံးထားတယ်လို့လူမှုကူညီရေးအသင်းတစ်ခုက သိရပါတယ်။
ဇွန်လ ၂၅ရက်နေ့မှာ မိုးကုတ်မြို့အရှေ့ပိုင်း အောင်သာယာရပ်ကွက်က အသက် ၆၁နှစ်အရွယ် အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းရဲ့ အသင်းသားက ဆိုပါတယ်။
ဇွန်လ ၂၆ရက်နေ့မှာ မိုးကုတ်မြို့အနောက်ပိုင်းက လူနာတစ်ဦးအသက်ရှူကြပ်သေဆုံးတာကြောင့် RDTနဲ့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့မှာတော့ ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
“မိုးကုတ် အဝင်အထွက် တွေမှာ ကိုဗစ်စစ်ဆေးရေးဂိတ်တွေပြန်ဖွင့်ထားတယ် ၊ စံတော်ဝင်ကွာရတင်းစင်တာကို လဲ ပြန်ဖွင့်ထားတယ် ၊လူနာတွေကိုတော့ မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ ပို့ထားတယ်လို့ အဲဒီအသင်းသားက ဆိုပါတယ်။
လက်ရှိမိုးကုတ်မှာ ပိုးတွေ့လူနာ ၅၉ဦးရှိပြီး သုံးဦး သေဆုံးကာ ဆယ်ဦး ဆေးရုံဆင်းခွင့်ရရှိထားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က အောင်သာယာရပ်ကွက်မှာ ပိုးတွေ့လူနာ ၃၀ ကျော် တွေ့ခဲ့တာကြောင့် Semi lock down ချထားပါတယ်။
#Dailynews

