ဓါတ်ပုံ-myingyan gtc students’ union – abfsu
မြင်းခြံ – ၂၀၂၁ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့်အထိမ်းအမှတ်” အဖြစ် ဒီကနေ့ နံနက်ပိုင်းကစစ်အာဏာရှင်ကျဆုံးရေးအတွက် ကျောင်းသားလူငယ်တွေဦးဆောင်ကာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် စံပြစျေးအတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်”ဆိုတဲ့ နဖူးစည်းကိုကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။
၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများ ချက်ချင်းလွှတ်၊ဖိရင်ကြွမယ် ထိရင်ချမယ်
ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် စတဲ့ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒီကနေ့ဟာ “ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့်အထိမ်းအမှတ်” နေ့ဖြစ်တာကြောင့် ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို စိတ်ဓါတ်မျိုး အဓွန့်ရှည်ပါစေကြောင်း သူတို့ဟာ ဆုတောင်းခဲ့ကြပါတယ်။
#Dailynews

