ပုံစာ – လှိုင်လျှပ်စစ်ဌာနရုံး။
ဓါတ်ပုံ – မော်ကွန်းမဂ္ဂဇင်း
ရန်ကုန် – ၂၀၂၁ ဇူလိုင် ၈ ( မော်ကွန်း)
မနေ့ညဦးပိုင်းက လှိုင်မြို့နယ် လျှပ်စစ်မီတာရုံး ဗုံးပေါက်မှုဖြစ်ပွါးခဲ့သော်လည်း ယနေ့မနက်မှာတော့ မီတာခဆောင်သူနဲ့ လုံခြုံရေးတွေအများအပြားရှိနေတယ်လို့ လှိုင်မြို့နယ်နေ မျက်မြင်တွေ့သူတချို့က မော်ကွန်း မဂ္ဂဇင်းကိုပြောပါတယ်။
“ မနေ့က ရက်ကွက်တော်တော်များများကို မီးလိုက်ဖြတ်တယ်လေ။ အဲ့တာကြောင့် အခု မီတာဆောင်သူတွေများနေတာပေါ့ဗျာ။ ကျွန်တော်တို့အိမ်လည်းမီးဖြတ်ခံလိုက်ရတယ် “လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
မနေ့က လှိုင်မြင့်မိုရ်အိမ်ယာကို မီးလိုက်ဖြတ်တဲ့အချိန်မှာ စစ်တပ်နဲ့ ရဲများက လုံခြုံရေးယူထားတယ်လို့လည်းဆိုပါတယ်။
မနေ့က တာမွေမြို့နယ် လျှပ်စစ်ရုံးမှာလည်း ဗုံးပေါက်ခဲ့ပြီး မြို့နယ်တိုင်းရှိ မီတာရုံးများကို လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားတာတွေ ရှိနေပါတယ်။
#Dailynews

